သတင်းများ

ရိုးစင်းသည့် ဓာတ်စာပုံစံ နှစ်မျိုးက စိတ်ရောဂါလက္ခဏာများကို လျှော့ချနိုင်

ကင်ဘာရာ   မေ ၂၂

ရိုးစင်းသည့် ဓာတ်စာပုံစံနှစ်မျိုးသည် စိတ်ကျန်းမာရေးပြဿနာများ၏ ရောဂါလက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း မေ ၂၁ ရက် သတင်းများအရ သိရသည်။

ဩစတြေးလျနိုင်ငံ ကွင်းစတန်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် စိတ်ကျရောဂါနှင့် စိုးရိမ်သောကဝေဒနာလက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း သိရသည်။

အလားတူ အဆီဓာတ်ပါဝင်မှုလျှော့ချထားသည့် ဓာတ်စာပုံစံများသည်လည်း စိတ်ကျန်းမာရေးပြဿနာ လက္ခဏာများကို လျှော့ချပေးနိုင်ကြောင်း ဩစတြေးလျ သုတေသနပညာရှင်များက ပြောကြားသည်။

အဆီဓာတ်ပါဝင်မှု လျှော့ချထားသည့် အစားအစာများ၏ အထက်ပါအကျိုးကျေးဇူးကို အဝလွန်နေသူ၊ အင်ဆူလင်ဟောမုန်းတုံ့ပြန်နိုင်စွမ်း ကျဆင်းနေသူများ၌ ပို၍ ထင်ထင်ရှားရှား တွေ့ရကြောင်း သိရသည်။

ကယ်လိုရီပါဝင်မှု ကန့်သတ်ထားသော အစားအစာများသည် ကယ်လိုရီပါဝင်မှုကို ၁၅၀၀ ခန့်ထိသာ ကန့်သတ်ထားသော အစားအစာများဖြစ်ပြီး အဆီဓာတ်ကန့်သတ်ထားသော ဓာတ်စာများမှာ စွမ်းအင်၏ ၃၀ ရာခိုင်နှုန်းကိုသာ အဆီဓာတ်မှ ရယူနိုင်သော ဓာတ်စာမျိုးဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ
 
Sputnik V ဖန်တီးသူက ကမ္ဘာလုံးဆိုင်ရာ 'cat flu' ကပ်ရောဂါအကြောင်း သတိပေး

Sputnik V ကာကွယ်ဆေး ဖန်တီးသူ Alexander Gintsburg က H5N1 ကြက်ငှက်တုပ်ကွေးရောဂါသည် ကြောင်များအကြားတွင် ပျံ့နှံ့နေပြီး လူသားများဆီသို့ ကူးစက်နိုင်ကာ သေစေနိုင်သော ကပ်ရောဂါ ကြီးကို ဖြစ်ပွားစေနိုင်ကြောင်း သတိပေးခဲ့သည်။ Gintsburg က ဤခြိမ်းခြောက်မှုသည် ကာကွယ်ဆေး အမြန်ထုတ်လုပ်ရန် အရေးတကြီးလိုအပ်သည့် အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကာကွယ်ဆေး၏ ရှေ့ပြေးပုံစံကို Phase I နဲ့ Phase II လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ဖို့လိုပါသည်။ အထူးသဖြင့် တိရစ္ဆာန်များကြားမှာသာမက လူအချင်းချင်း ကူးစက်နိုင်သည့် ဗိုင်းရပ်စ်မျိုးကွဲအတွက်ပါ” ဟု Gintsburg က ဗုဒ္ဓဟူးနေ့ (မေ ၂၁) တွင် Izvestia သတင်းစာနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
Gamaleya Research Institute သည် ကမ္ဘာ့ပထမဆုံး မှတ်ပုံတင်ထားသော COVID-19 ကာကွယ်ဆေး Sputnik V ကို ထုတ်လုပ်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
Gintsburg ၏ အဆိုအရ H5N1 ဗိုင်းရပ်စ်၏ မျိုးဗီဇပြောင်းလဲမှုကြောင့် လေထုမှတစ်ဆင့် လူသားများအကြား ကူးစက်ပျံ့နှံ့နိုင်ပါက ကျောက်ရောဂါထက်ပင် ပိုမိုဆိုးရွားသော အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်သည်။
“သေနှုန်းမှာ ၅၀% မှ ၇၀% အထိရှိနိုင်ပြီး လေထုကနေကူးစက်နိုင်ရင် ဗိုင်းရပ်စ်၏ နောက်မျိုးရိုး ဗီဇပြောင်းမှု တစ်ကြိမ် နှစ်ကြိမ်ခန့်ဖြင့်ပင် ကျောက်ရောဂါသည် ကလေးကစားစရာကဲ့သို့ ဖြစ်သွား နိုင်သည်” ဟု ၎င်းက ဆိုသည်။
Gintsburg က ရုရှားအနေဖြင့် ကာကွယ်ဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပြီးပြည့်စုံသည့် ရှေ့ပြေးပုံစံကို သုံးပတ်မှ လေးပတ်အတွင်း အကြီးစားထုတ်လုပ်နိုင်ရန် ပြင်ဆင်ထားပြီး ပြည်သူလူထုအတွက် အသုံးပြုနိုင်ရမည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော် ယခုအချိန်တွင် ထိုကဲ့သို့သော အစီအစဉ်မရှိသေးကြောင်း ခန့်မှန်းထားသည်။
မေလအစောပိုင်းတွင် မယ်ရီလန်းတက္ကသိုလ် သုတေသီများက အိမ်မွေးကြောင်များတွင် တုပ်ကွေး ရောဂါဖြစ်ပွားမှု မြင့်တက်လာသည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ နှစ် ၂၀ အတွင်း စုဆောင်းထား သော အချက်အလက်များအပေါ် အခြေခံသည့် လေ့လာမှုတွင် နိုင်ငံ ၁၈ နိုင်ငံမှ ကြောင်ပေါင်း ၆၀၀ ကျော်တွင် ကူးစက်ခံရပြီး သေဆုံးနှုန်း ၅၀% ကျော်ရှိကြောင်း တွေ့ရှိခဲ့သည်။
“အိမ်မွေးကြောင်များသည် ငှက်တုပ်ကွေးကို ခံနိုင်ရည်မရှိပါ၊ ၎င်းတို့သည် လူသားများထံသို့ ရောဂါကူးစက်နိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်နိုင်သည်” ဟု သုတေသီများက သတိပေးခဲ့ပြီး ရောဂါ ဖြစ်ပွားနေစဉ်အတွင်း တိရစ္ဆာန်များနှင့် နီးကပ်စွာ ထိတွေ့ဆက်ဆံသူများအတွက် အန္တရာယ်များကို ထည့်သွင်းပြောကြားခဲ့သည်။
ကြောင်များသည် ယေဘုယျအားဖြင့် H5N1 ကို ကူးစက်ခံရသော ငှက်များ၊ ကြက်သားထုတ်ကုန်များကိုအစိမ်းစားခြင်း သို့မဟုတ် ကူးစက်ခံရသော နို့စားနွားများမှ မပြုပြင်ရသေးသောနို့များ စားသုံး ခြင်းဖြင့် ရရှိကြသည်။ လေ့လာမှုတွင် ထိတွေ့မှုမရှိသော အိမ်တွင်းကြောင်များအပါအဝင် အခြားမသိရသေးသော ကူးစက်ပျံ့နှံ့မှုလမ်းကြောင်းများကိုလည်း ရှင်းလင်းဖော်ပြခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ၂၀၀၃ ခုနှစ်မှစ၍ နိုင်ငံ ၂၄ နိုင်ငံတွင် H5N1 ဖြင့် လူပေါင်း ၉၇၄ ဦး ကူးစက်ခံရကြောင်း အစီရင်ခံတင်ပြခဲ့သည်။ အဆိုပါ ဖြစ်စဉ်များတွင် ၄၇၀ ဦး သေဆုံးခဲ့သည်။ ထိုသို့သောအများစုမှာ ကူးစက်ခံရသော ကြက်ငှက်များနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ထိတွေ့မှုနှင့်ဆက်စပ်နေသည်။ ဗိုင်းရပ်စ်သည် လူမှလူသို့ ကူးစက်မှုကို အချိန်ကြာမြင့်စွာ မရှိသေး သော်လည်း ကျန်းမာရေးအာဏာပိုင်များသည် ၎င်း၏ပြင်းထန်သော သေဆုံးနှုန်းနှင့် ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေ အန္တရာယ်ကြောင့် ၎င်း၏ဆင့်ကဲဖြစ်စဉ်ကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိသည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ (CDC) က လူထုအတွက် အန္တရာယ် နည်းပါးသည်ဟု ယူဆထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကိုဗစ်- ၁၉ ကာကွယ်ဆေး NUVAXOVID ကို အသက်အရွယ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးရန် FDA က‌ အတည်ပြု

နယူးယောက်  မေ ၂၁

NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်- ၁၉ ကာကွယ်‌ဆေး NUVAXOVID ကို အသက်အရွယ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးရန် အမေရိကန်အစိုးရ အစားအစာနှင့် ဆေးဝါးလုံခြုံရေးအေဂျင်စီ (FDA) က အတည်ပြုချက်ပေးထားကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။

FDA ၏ ခွင့်ပြုချက်အရ အဆိုပါကာကွယ်ဆေးကို အသက် ၆၅ နှစ်နှင့် အထက် ရှိသူများ၊ ပန်းနာရင်ကျပ်၊ ဆီးချို၊ အဆုတ်ရောဂါကဲ့သို့ ရောဂါအခံရှိထားသူ အသက် ၁၂ နှစ်နှင့်အထက်ရှိသူများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အသက်အရွယ်ကြီးရင့်သူများနှင့် အခြားရောဂါအခံရှိထားသူများအနေဖြင့် NUVAXOVID ကာကွယ်ဆေးကို သုံးစွဲနိုင်ကြောင်း FDA ၏ ကြေညာချက်၌ ဖော်ပြထားသည်။

FDA သည် NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂၀၂၂ ခုနှစ်မှစ၍ အရေးပေါ်သုံးစွဲခွင့်ပြုထားသည်။

NUVAXOVID ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အစဉ်အလာအရ အသုံးများသည့် ပရိုတင်းအခြေခံနည်းပညာကို အသုံးပြုဖန်တီးထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ပထမဆုံး လူသားဆီးအိမ်အစားထိုးကုသမှုကို ကယ်လီဖိုးနီးယားတက္ကသိုလ် (လော့စ်အိန်ဂျလိစ်)မှ ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာပြုလုပ်နိုင်ခဲ့

နယူးယောက်  မေ ၂၁

ကမ္ဘာ့ပထမဆုံး လူသားဆီးအိမ်အစားထိုးကုသမှုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ် (လော့စ်အိန်ဂျလိစ်)မှ ခွဲစိတ်ဆရာဝန်များက အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။

အမေရိကန် ခွဲစိတ်ဆရာဝန်များသည် ကင်ဆာဆဲလ်များဖယ်ရှားစဉ် ဆီးအိမ်တစ်ခုလုံးနီးပါး ဆုံးရှုံးခဲ့ရသည့် အော်စကာလာရိန်ဇာ အမည်ရှိ အမျိုးသားကို ဆီးအိမ်တစ်ခုလုံးအစားထိုးလဲလှယ် ကုသပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန် ခွဲစိတ်ဆရာဝန်များသည် ဆီးအိမ်အစားထိုးကုသရေးအတွက် လေးနှစ်ကြာကြိုစားခဲ့ရပြီးနောက် ပြီးခဲ့သည့် မေ ၄ ရက်က အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုးကုသမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန် ခွဲစိတ်ဆရာဝန်များသည် အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုးကုသရာတွင် ကျောက်ကပ်သစ်ကိုပါ ထည့်သွင်းပေးခဲ့ရခြင်းဖြစ်ရာ သိမ်မွေ့ရှုပ်ထွေးသည့် ခွဲစိတ်ကုသမှုဖြစ်ခဲ့ရသည်။

မိမိတို့၏ ခွဲစိတ်ကုသနည်းလမ်းသည် ဆီးအိမ်အစားထိုးရန် လိုအပ်နေသည့် လူနာများအတွက် အကျိုးကျေးဇူးရှိနိုင်ကြောင်း အမေရိကန်ခွဲစိတ်ဆရာဝန်များက ပြောကြားသည်။

အော်စကာလာရိန်ဇာကို ဆီးအိမ်အစားထိုး ကုသရာတွင် ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ် ကဝစ်ခ်ဆေးကျောင်းမှ ခွဲစိတ်ဆရာဝန်များလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ကိုးကား : ရတနာပုံသတင်းစာ

Photo: Good News Network

ပုံမှန်တုပ်ကွေးထက် ကူးစက်မှုနှုန်း ၇ ဆမြန်သည့် Covid-19 XEC မျိုးကွဲ အသစ် ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်

လက်ရှိ ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် Covid-19 XEC မျိုးကွဲအသစ်၏ ကူးစက်မှုနှုန်းသည် ပုံမှန်တုပ်ကွေးထက် ၇ ဆ ပိုမိုမြန်ဆန်သည်ဟုချူလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာနမှ ဆရာဝန်တစ်ဦးကပြောဆိုထားပြီး ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း အဆိုပါ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ထား ကြောင်း Bangkok Post သတင်းက ဖော်ပြထားပါသည်။ 

အဆိုပါ Covid-19 အမျိုးအစားသစ်သည် ထူးထူးခြားခြား မပြင်းထန်သော်လည်း ကူးစက်မှုနှုန်း အလွန်လျင်မြန်ခြင်းကြောင့် ပြည်သူများအတွက် အန္တရာယ်များမည်ကို စိုးရိမ်ကြောင်း ထိုင်းအခြေစိုက် ကျန်းမာရေး အာဏာပိုင်များက ပြောကြားထားကြောင်း သတင်းကဆိုပါသည်။

အဆိုပါ ကူးစက်မှုနှုန်းမြန်သည့် Covid-19 XEC မျိုးကွဲသစ်ကြောင့် သေဆုံးမှုနှုန်း နည်းပါးသည်ဆိုသော်လည်း ကြိုတင်ကာကွယ်ရေးအစီအမံများ လုပ်ဆောင်ထားရန် အရေးကြီးကြောင်း ကျန်းမာရေး အာဏာပိုင်များက အလေးပေးပြောကြားထားသည်ဟု သိရပါသည်။

ကိုးကား- MHT

သစ်ကြံပိုးစားသုံးမှုလွန်ကဲပါက ဆေးဝါးများအာနိသင်လျော့ပါးသွားနိုင်

လန်ဒန်   မေ ၁၈

သစ်ကြံပိုး စားသုံးမှုလွန်ကဲပါက အသက်ကယ်ဆေးဝါးများ၏ အာနိသင်ထိရောက်မှု လျော့ပါးသွားနိုင်ခြေရှိကြောင်း သုတေသနပညာရှင်များက မေ ၁၇ ရက် သတင်းများအရ သိရသည်။

ဗြိတိန်နိုင်ငံ ကင်းစတန်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ သစ်ကြံပိုး၊ နနွင်း၊ ချင်းတို့ကို စားသုံးမှုလွန်ကဲပါက လူ့ကိုယ်ခန္ဓာ၏ ဆေးဝါးများတုံ့ပြန်ပုံအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။

သစ်ကြံပိုး၊ နနွင်း၊ ချင်းစားသုံးမှု လွန်ကဲခြင်းကြောင့် အာနိသင် လျော့ပါးသွားနိုင်သော ဆေးများထဲတွင် သွေးဖိအားလျှော့ချရေးဆေးများ၊ ဆီးချိုရောဂါဆေးများနှင့် အသုံးများသည့် ကူးစက်ရောဂါဆေးဝါးများပါဝင်ကြောင်း သိရသည်။

သစ်ကြံပိုး၊ နနွင်း၊ ချင်းတို့ကို အစားအစာများတွင် ထည့်သွင်းစားသုံးမှုမှာ ပြဿနာမရှိသော်လည်း ဖြည့်စွက်ဆေးပုံစံမျိုးဖြင့် စားသုံးနေသူများတွင် ဆေးအာနိသင်လျော့ပါးနိုင်မှုပြဿနာရှိလာနိုင်ကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားသည်။

သစ်ကြံပိုး၊ နနွင်း၊ ချင်းတို့သည် သဘာဝအားဖြင့် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး လူ့ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည်။

သို့ရာတွင် မိမိတို့၏ လေ့လာတွေ့ရှိချက်အရ သစ်ကြံပိုး၊ နနွင်း၊ ချင်းတို့ကို အလွန်အကျွံစားသုံးပါက ဆေးဝါးများအာနိသင်လျော့ပါးမှုရှိလာနိုင်ကြောင်း ဗြိတိန်သုတေသနပညာရှင်များက ပြောကြားသည်။

အသက် ၂၀ တွင် ကိုယ်အလေးချိန်မြင့်တက်ခဲ့ပြီး အသက် ၃၀ နောက်ပိုင်း ကလေးယူသူ အမျိုးသမီးများ ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မား

လန်ဒန်   မေ ၁၅

အသက် ၂၀ အရွယ်တွင် ကိုယ်အလေးချိန်မြင့်တက်ခဲ့ပြီး အသက် ၃၀ နောက်ပိုင်းတွင် ကလေးရယူသည့် အမျိုးသမီးများ၌ ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာတတ်ကြောင်း မေ ၁၄ ရက်သတင်းများအရ သိရသည်။

ဗြိတိန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အမျိုးသမီးပေါင်း ၅၀၀၀၀ ခန့်တို့၏ ကျန်းမာရေးအချက်အလက်များကို လေ့လာခဲ့ကြကြောင်း သိရသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ အသက် ၂၀ အရွယ်တွင် ကိုယ်အလေးချိန်မြင့်တက်လာခဲ့ပြီး အသက် ၃၀ နောက်ပိုင်းမှသာ ရင်သွေးရယူသည့် အမျိုးသမီးများသည် ၎င်းပြဿနာများမရှိသူ အမျိုးသမီးများထက် ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေ သုံးဆပိုမြင့်မားသည်ကိုတွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ကိုယ်တွင်း အဆီဓာတ်လွန်ကဲမှုကြောင့် ရင်သားကင်ဆာဆဲလ်များ ကြီးထွားရေးကို လှုံ့ဆော်ပေးသည့် ဟော်မုန်းများပေါ်ထွက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အသက် ငယ်ငယ်ရွယ်ရွယ်တွင် ကလေးရယူသူ၊ ကိုယ်အလေးချိန်ပုံမှန်ရှိသူ အမျိုးသမီးများတွင်မူ ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေ နည်းပါးသည်ဟု ဗြိတိန်သုတေသနပညာရှင်များက ပြောကြားကြောင်းသိရသည်။

အီး-စီးကရက်သောက်သူများ ကုမရနိုင်သည့်အဆုတ်ရောဂါခံစားရနိုင်

အီး-စီးကရက်များကို သုံးနှစ်လောက် သောက်ခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးမှာ ပေါက်ပေါက်ဆုပ်အဆုတ်လို့ခေါ်ကြတဲ့ ကုမရနိုင်သောအဆုတ်ရောဂါဖြစ်ပွားတာကိုတွေ့ရှိရပါတယ်။ ဒါဟာဆယ်ကျော်သက်များအတွက် အီး-စီးကရက်ရဲ့ဆိုး ကျိုးတစ်ခုအဖြစ်ထွက်ပေါ်လာပါတယ်။

ပေါက်ပေါက်ဆုပ်အဆုတ်ရောဂါဆိုတာက ရှားပါးတဲ့အပြင် ပြင်းထန်လှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ထဲမှာရှိတဲ့ လေပြွန်အသေးလေးများကိုထိခိုက်စေတာဖြစ်ပါတယ်။

အထူးသဖြင့် အီး-စီးကရက်အရည်ထဲ မှာပါဝင်တဲ့ ဒိုင်ယာစီတယ်လိုမျိုးဒြပ်ပေါင်းက အဆိပ်သင့်စေတဲ့အဓိကအရာဖြစ်လာတာဖြစ်ပါတယ်။ သူကအဆုတ်ကိုရောင်စေပြီးဒဏ်ရာရစေတာဖြစ်ပါတယ်။

Ref: IEK.H

Source: https://myawady.net.mm/

ဦးနှောက်ကို မြန်ဆန်စွာပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်

သုတေသနပညာရှင်များအနေနဲ့ ၁၆ နှစ်ကြာလုပ်ဆောင်ထားတဲ့ သုတေသနတစ်ခုအရဆိုရင် သွေးတိုးခြင်းအပါအဝင် အခြားသော ကျန်းမာရေးအန္တရာယ်ငါးခုက ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။ အခုသုတေသနကို တရုတ်ပညာရှင်များကလုပ်ထားတာပါ။
ဦးနှောက်ကိုမြန်ဆန်စွာပျက်စီးစေနိုင်တဲ့အန္တရာယ်ငါးသွယ်ထဲမှာပါဝင်တာတွေကသွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခရီတီနိုင်းပမာဏမြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ပညာရည်နိမ့်ပါးခြင်းတို့ဖြစ်ပါတယ်။  

အဲဒီထဲမှာ သွေးတိုးခြင်းက ဦးနှောက်ပျက်စီးခြင်းကို အဖြစ်စေနိုင်ဆုံးသော အကြောင်းရင်းဖြစ်တယ်လို့ ပညာရှင်များကပြောပါတယ်။ ဒီလိုအကြောင်းရင်းငါးချက်မဖြစ်အောင် ရှောင်ရှားမယ်ဆိုရင် ဦးနှောက်ကျန်းမာရေးကိုကောင်းစေနိုင်ကြောင်းပညာရှင်များကပြောထားပါတယ်။    
 
အူလမ်းကြောင်းကိုထိခိုက်စေမယ့် စားနေကျနံနက်စာများ

မြောက်ကာရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှသုတေသနပညာရှင်များလုပ်တဲ့ သုတေသနတစ်ခုမှာ လူအများစုစားနေကျဖြစ်တဲ့နံနက်စာများဟာ မိမိတို့ရဲ့အူလမ်းကြောင်းကိုထိခိုက်စေတယ်လို့ တွေ့ရှိ ထားပါတယ်။

အထူးသဖြင့် နွားနို့၊ ကြက်ဥ၊ ပဲနဲ့ပဲပိစပ်လိုမျိုးအရာတွေကနေရရှိတဲ့ပရိုတိန်းတွေက စမ်းသပ်ခံကြွက်တွေရဲ့ အူလမ်းကြောင်းအပေါ် ကြီးစွာသောသက်ရောက်မှုရှိစေတယ်ဆိုတာကို သုတေသီများက တွေ့ရှိထားတာဖြစ်ပါတယ်။

အူလမ်းကြောင်းထဲမှာရှိတဲ့ ဇီဝပစ္စည်းများက အမျိုးမျိုးသောကျန်းမာရေးအပေါ်သက်ရောက်မှုရှိပါတယ်။ အခုစမ်းသပ်မှုကနေထွက်လာတဲ့ရလဒ်ကကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူသန်းပေါင်းများစွာခံစားနေရသော အူလမ်းကြောင်းဆိုင်ရာရောဂါများကို ကာကွယ်ခြင်းနဲ့ကုသခြင်းတို့အတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။   

Ref: IE K.H