သတင်းများ

ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသား ကွယ်လွန်

အသက် ၁၁၂ နှစ်အရွယ်  ကမ္ဘာပေါ်တွင် အသက် အရှည်ဆုံးအမျိုးသားဖြစ်သူ John Tinniswood သည် အင်္ဂလန် southport ရှိ ဘိုးဘွားရိပ်သာတစ်ခု၌ တနင်္လာနေ့က ကွယ်လွန်သွားကြောင်း ဂရန်းနစ် မှတ်တမ်းက ကြေညာလိုက်ပါသည်။ 

၁၉၁၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်တွင် မွေးဖွားခဲ့သူ John Tinniswood သည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး အမျိုးသားတစ်ဦး ဖြစ်ပါသည်။ 

အစ္စရေးတိုက်ခိုက်မှု တစ်ရက်တည်း လူ ၂၀၀ ထက်မနည်း သေဆုံး

ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့်  စနေနေ့ က လူ ၂၀၀ ထက်မနည်း သေဆုံးသွားရကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးဌာန အရာရှိများ၏ ပြောပြချက်များအရ သိရှိရသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် ရိက္ခာထောက်ပံ့နေသည့် ကုန်တင်ကားများသည်လည်း ဖောက်ထွင်းခိုးယူမှုများ ကြုံတွေ့နေရသဖြင့် အထောက်အပံ့ပေးနေမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း  ကုလသမဂ္ဂက ပြောကြားထားပါသည်။ 

အမေရိကန် FBI အကြီးအကဲရာထူးအတွက်  အမည်စာရင်း ထရန့်ကြေညာ

အမေရိကန်၏လက်ရှိ FBI အကြီးအကဲရာထူးဖြစ်သည့် ဒါရိုက်တာဖြစ်သူ  Christopher Wray နေရာတွင် ထရန့်၏ သစ္စာရှိလူယုံတော်  Kashyap ‘Kash’ Patel ကို အစားထိုးခန့်အပ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က  စနေနေ့ ညနေပိုင်းတွင်  ကြေညာလိုက်ပါသည်။ 

အနောက်ပစိဖိတ်သမုဒ္ဒရာပေါ်တွင်  ရုရှား-တရုတ် လေကြောင်း ကင်းလှည့်

ရုရှားလေကြောင်းတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေကြောင်းတပ်ဖွဲ့တို့က အနောက် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ပူးတွဲလေကြောင်း ကင်းလှည့်မှု ပြုလုပ်ခဲ့ကြပါသည်။ 

အဆိုပါ  ကင်းလှည့်မှုသည်  ရုရှား-တရုတ်တို့၏  ၉ ကြိမ်မြောက် ပူးတွဲလေကြောင်းကင်းလှည့်မှု၏ ဒုတိယ အဆင့်ဖြစ်ပြီး အခြားတတိယနိုင်ငံကို ရည်ရွယ်ထားခြင်း မရှိဘဲ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ပြုလုပ်ကြခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြန်ဆန်စွာ တိုးတက်လာမှုကို ဖော်ပြနေကြောင်း သိရှိရသည်။ 

ယူကရိန်းနိုင်ငံသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးနိုင်ရေး အမေရိကန်က မစဉ်းစားထား

ယူကရိန်းနိုင်ငံသို့ နျူကလီးယားလက်နက်များ လွှဲပြောင်းပေးနိုင်ရေး အမေရိကန်ကမစဉ်းစားထားကြောင်း သမ္မတ ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး Sullivan က ABC News သို့ ပြောကြားခဲ့သည်။

ကိုးကား - ABC News

ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော ဥရောပ ကောင်စီ၏အကြီးအကဲအန်တိုနီယိုကော်စတာ၊ ဥရောပ သမဂ္ဂကော်မရှင်နာ မာတာကော့စ်နှင့် ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာကာလက်စ်တို့သည် ကိယက်ဗ်မြို့သို့ ရောက်ရှိ

ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော ဥရောပ ကောင်စီ၏အကြီးအကဲအန်တိုနီယိုကော်စတာ၊ ဥရောပ သမဂ္ဂကော်မရှင်နာ မာတာကော့စ် နှင့် ဥရောပသမဂ္ဂ၏ သံတမန်ရေးဆိုင်ရာ ဥရောပကော်မရှင်နာ ကာယာ ကာလက်စ်တို့သည် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့ကြောင်း IZ သတင်းဌာနကဖော်ပြထားသည်။

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစာရင်းတွင် ချန်လှပ်ထားမှုကို စိတ်ပျက်မိကြောင်း  ရုရှားဘောလုံး အကြီးအကဲ ပြောကြား

“၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ ကစားရမည့်စာရင်းတွင် ရုရှားဘောလုံးအသင်းကို ချန်လှပ်ထားခြင်းကို စိတ်ပျက်မိကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ကတည်းက FIFA  က ရုရှားကို မည်သည့် နိုင်ငံတကာပွဲများတွင်မဆို ပါဝင်ထည့်သွင်းခြင်းမရှိတော့ကြောင်း” ရုရှားဘောလုံးအသင်းဥက္ကဌ Alexander Dyukov က ပြောကြားလိုက်သည်။ 

ကနေဒါအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ထရန့်ခြိမ်းခြောက်မှု အသက်ဝင်လာမလား

အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump က  ကနေဒါမှ တင်သွင်းလာမည့်  ကုန်စည်များအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု ခြိမ်းခြောက်လိုက်သောကြောင့် ကနေဒါနိုင်ငံ၏ ရေနံ အဓိကထွက်သည့်ဒေသတစ်ခုဖြစ်သည့်  Alberta မှ မကျေနပ်သံများ ထွက်ပေါ်လာခဲ့ပါသည်။ 

Novaya Zemlya ကျွန်းစုရှိ ရုရှားနိုင်ငံ၏ စမ်းသပ်မှု များပြုလုပ်သည့်နေရာသည် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေ

Novaya Zemlya ကျွန်းစုရှိ ရုရှားနိုင်ငံ၏ စမ်းသပ်မှုများ ပြုလုပ်သည့်နေရာသည် နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁၂  အဓိက ညွှန်ကြားရေးမှူးရုံး အကြီးအကဲဟောင်း  ဗိုလ်မှူးကြီး ဗလာဒီမာ ဗာခို့ဗ်က TASS သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုးကား - TASS သတင်းဌာန

ရုရှားတပ်မတော်သည် ယူကရိန်းစစ်တပ်၏ စစ်လေယာဉ်ကွင်းများရှိ အဆောက်အအုံများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်

ရှားတပ်မတော်သည် ယူကရိန်းစစ်တပ်၏ စစ်လေယာဉ်ကွင်းများရှိ အဆောက်အအုံများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အထူးစစ်ဆင်ရေး ဆိုင်ရာတိုးတက်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ရုရှားတပ်ဖွဲ့များသည် လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ယူကရိန်းလက်နက်ကိုင် စစ်သွေးကြွ ၁,၅၁၀ ဦး အထိချေမှုန်းခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။