သတင်းများ

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါ်

မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်းထန်သော ရေကြီးမှုများဖြစ်ပေါပြီး လူပေါင်း ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ရကြောင်း Sputnik သတင်းဌာနမှ ဖော်ပြထားသည်။

၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်ဝန်ထမ်း ၈၂,၀၀၀ ကျော်ကို စေလွှတ်ထားကြောင်း ဖော်ပြထား သည်။ 

ရွှေ့ပြောင်းနေထိုင်သူများအတွက် ယာယီခိုလှုံရာ စင်တာ ၃၀၀ ကျော်ရှိကြောင်း ၀န်ကြီးချုပ် အန်ဝါအီ ဘရာဟင်က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

အမေရိကန်သည် အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းမှ ရုရှားကို ရပ်တန့်နိုင်မည်မဟုတ်

အမေရိကန်သည် အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းမှ ရုရှားကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြား ရေးဒုတိယဝန်ကြီး Sergey Ryabkov က ပြောကြား ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ရုရှားကို ထိခိုက်စေရန် အခွင့်အလမ်းအားလုံးကိုအသုံးပြုရန်ကြိုးပမ်းသော်လည်း အထူးစစ်ဆင်ရေး၏ တာဝန်များကိုပြီးမြောက်အောင်ဆောင်ရွက်မည့် ရုရှားနိုင်ငံကို တားဆီးနိုင်မည်မဟုတ်ကြောင်း Sergei Ryabkov က ပြောကြားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှား နိုင်ငံအတွင်းသို့ ထိုးစစ်ဆင်ရန်အတွက် အနောက်နိုင်ငံများ၏ ယူကရိန်းအပေါ် ခွင့်ပြုချက်ကို ရှုတ်ချ

က်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားနိုင်ငံအတွင်းသို့ ထိုးစစ်ဆင်ရန်အတွက် အနောက်နိုင်ငံများ၏ ယူကရိန်းအပေါ်ခွင့်ပြုချက်ကို ရှုတ်ချခဲ့ကြောင်း RIA Novosti သတင်းဌာနကဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည်ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဗျဲလူးဆော့ဗ်နှင့် တွေ့ဆုံစဉ်ရုရှားနယ်မြေအတွင်းသို့ အနောက်နိုင်ငံများက တာဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ပေးထားသော ခွင့်ပြုချက်ကို ရှုတ်ချခဲ့ကြောင်း Korean Central News Agency (KCNA) က ဖော်ပြခဲ့သည်။

ရုရှားတပ်မတော်သည် ဒွန်နက်စ်ခ်ပြည်သူ့သမ္မတနိုင်ငံရှိ Razdolnoye နှင့် Vorovskoye ကျေးရွာများကိုထိန်းချုပ်

ရုရှားတပ်မတော်သည် ဒွန်နက်စ်ခ်ပြည်သူ့သမ္မတနိုင်ငံရှိ Razdolnoye နှင့် Vorovskoye ကျေးရွာများကိုထိန်းချုပ်ထားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကနိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။

ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပပြုလုပ်မည့် နေတိုးမဟာမိတ်အစည်းအဝေးတွင် နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင်ဖိတ်ခေါ်ရန် နေတိုးနိုင်ငံများအား တောင်းဆိုထား

ယူကရိန်းနိုင်ငံသည် လာမည့်သီတင်းပတ်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပပြုလုပ်မည့် နေတိုးမဟာမိတ် အစည်းအဝေးတွင် နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင် ဖိတ်​ကြားရန် နေတိုးနိုင်ငံများအား တောင်းဆိုထား ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြထားပါသည်။

ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင်အဖြစ်တရားဝင်ဖိတ်ကြားခြင်းဖြင့် ရုရှားထိန်းချုပ်မှုအောက်ရှိ နယ်မြေများကို ပြန်လည်သိမ်းယူခြင်းမပြုဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်အသင့်

ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင် အဖြစ်တရားဝင်ဖိတ်ကြားခြင်းဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများကို ပြန်လည် သိမ်းယူ ခြင်းမပြုဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အသင့် ရှိကြောင်း SkyNews သတင်းဌာန၏ သတင်းထောက်ချုပ် Stuart Ramsay နှင့်တွေဆုံမေးမြန်းခန်းတွင် ပြောကြား ခဲ့သည်။

ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ရုရှားထိန်းချုပ်မှု အောက်ရှိ နယ်မြေသစ်များပါ၀င်သည့် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဖော်ပြခဲ့သည်။

ယူကရိန်းတွင် ရုရှားတပ်မတော်၏ နေ့စဥ် ဆုံးရှုံးမှုများသည် ဆိုးရွားသောမှတ်တိုင်သစ်များကို ဖြတ်ကျော်

ယူကရိန်းတွင် ရုရှားတပ်မတော်၏ နေ့စဥ် ဆုံးရှုံးမှုများသည် ဆိုးရွားသောမှတ်တိုင်သစ်များကို ဖြတ်ကျော်နေကြောင်း Newsweek သတင်းဌာနမှ ဖော်ပြထား သည်။

ရုရှားတပ်မတော်၏ ကျဆုံးမှုစာရင်းသည် တစ်ရက်တည်းတွင်ပင် စစ်သည်၂,၀၀၀ ကျော်ရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ နံနက်တွင်ပြောကြားခဲ့ပြီး လွန်ခဲ့သော သီတင်းပတ် အနည်းငယ်ကပင် ရောက်ရှိခဲ့သည့် ဆိုးရွားသော ကျဆုံးမှုစံချိန်တင်မှုကို ချိုးဖျက်ခဲ့သည်ဟု ဖော်ပြထားသည်။

ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနက နေတိုးနိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖြစ် နေတိုးတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ စေလွှတ်မည်ဟုပြောကြား

ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာနက နေတိုးနိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအဖြစ် နေတိုးတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ စေလွှတ်လိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့ကြောင်း Newsweek သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ၏ လက်စားချေရန် ပြင်ဆင်သည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နေတိုးအဖွဲ့သည် ယူကရိန်းတွင် ငြိမ်းချမ်းရေးထိန်းသိမ်းသူများအဖြစ် ၎င်း၏ တပ်ဖွဲ့ ၁၀၀,၀၀၀ ချထားရန် စီစဉ်နေကြောင်း ရုရှားနိုင်ငံခြား ထောက်လှမ်းရေးဌာနက အခိုင်အမာပြောကြားခဲ့သည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၂၉

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်) သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံးဥပဒေကို ဩစတြေးလျပါလီမန် အတည်ပြု

၁၆ နှစ်အောက် အရွယ်မရောက်သေးသူများ Social Media (လူမှုကွန်ရက်)သုံးစွဲခွင့်ကို တားမြစ်ပိတ်ပင်လိုက်သည့် ကမ္ဘာ့ပထမဆုံး ဥပဒေတစ်ရပ်ကို ဩစတြေးလျ ပါလီမန်က အတည်ပြုလိုက်ပြီဖြစ်ပါသည်။ အဆိုပါ ဥပဒေ စတင် ထုတ်ပြန်မည့်ရက်မတိုင်ခင်  နည်းပညာကုမ္ပဏီများအနေဖြင့် တင်းကျပ် သည့်လုံခြုံရေးစနစ်များ  ပြုလုပ်ဆောင်ရွက်ထားကြ ရန် သတိပေးထားပါသည်။