နေပြည်တော် ဩဂုတ် ၈

ရန်ကုန် ဩဂုတ် ၈
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် မေတ္တာအခါတော်နေ့အခမ်း အနားများကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။

နေပြည်တော် ဩဂုတ် ၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂ ကလေး များရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အသစ်အဖြစ် ခန့်အပ်ခံရသူ Mr. Yusumasa Kimura အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် ဩဂုတ် ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

နေပြည်တော် ဩဂုတ် ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ဩဂုတ် ၇ ရက်တွင်ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဩဂုတ် ၈ ရက်မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေသည် အဘဦးကြီးမောင်၊ အမိဒေါ်ကြည်တို့မှ မန္တလေးမြို့၌ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၅)သို့ တက်ရောက်၍ ၁၉၇၃ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ကျောက်ဆည်၊ဩဂုတ်-၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) ၌ ကျောင်းသား/ ကျောင်းသူများ ကျန်းမာသန်စွမ်းပြီးဉာဏ်ရည်ထက်မြတ်၍ ထူးချွန်အားကစားသမားကောင်းများ ပေါ်ထွက်လာရေး ယနေ့နံနက်(၁၀)နာရီခွဲက မိုးရာသီ မေဂျာပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ ခဲ့ပြီး ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်၊ ဩဂုတ်-၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြန့်ပွားရေး၊ ငါးမျိုး ထိန်းသိမ်းရေးနှင့် ငါးစားသုံးသူဖူလုံစေရန် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ မင်းရဲဆည် ဇော်ဂျီမြစ်အတွင်း ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီသည် အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအပေါ် ချမှတ်လိုက်သည့် ကုန်သွယ်ခွန်များနှင့်စပ်လျဉ်း၍အရေးပေါ်အစည်းအဝေးတစ်ရပ်ကို သောကြာနေ့တွင် ခေါ်ယူမည် ဖြစ်ကြောင်း အိန္ဒိယရုပ်မြင်သံကြားက ကြေညာထားပါသည်။
အိန္ဒိယက ရုရှားထံမှ ရေနံဝယ်ယူမှုအတွက် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး တောင်အာရှနိုင်ငံများအပေါ် အများဆုံး အခွန်နှုန်း ၅၀ ရာခိုင်နှုန်းအထိ စည်းကြပ်ခဲ့သည်။ ထိုလုပ်ဆောင်ချက်မှာ မျှတမှု မရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထား ပါသည်။