နေပြည်တော် ဩဂုတ် ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတက်ရောက်၍ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိရာမှ ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သောကြောင့် ၎င်း၏ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။