သတင်းများ

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော

အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ယင်းတို့၏ အကျိုးစီးပွားအပေါ်အခြေခံ၍ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်များကို ရွေးချယ်ခွင့်ရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။

ပူတင်က ဇီလန်စကီးနှင့် တွေ့ဆုံမှုဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မှတ်ချက်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သော်လည်းမော်စကိုနှင့်ကိယက်ဗ်တို့အကြား သံတမန်ရေးအရ ဆွေးနွေးမှု အရှိန်အဟုန် အားကောင်းလာမှသာ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်၏ လက်ခံနိုင်ဖွယ်အဆိုပြုချက် ရရှိထားသည်ဟု ကရင်မလင် အကြံပေးဆို

ယူကရိန်းပဋိပက္ခ ဖြေရှင်းရေးနှင့်ပတ်သက်၍ အမေရိကန်ထံမှ လက်ခံ နိုင်ဖွယ် အဆိုပြုချက်ရရှိထားသည်ဟု ကရင်မလင်အကြံပေး ယူရီ ဦရှာ ကော့ဗ်က အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်၏ မော်စကို ခရီးစဉ်အပြီးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ပူတင်နှင့် ထရမ့်တို့ လာမည့်သီတင်းပတ်တွင် တွေ့ဆုံနိုင်ဟု ကရင်မလင် ကြေညာ

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံနိုင်ကြောင်း ကရင်မလင် အကြံပေး ယူရီ ဦရှာကော့ဗ်က ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။ ထိပ်သီးအစည်းအဝေးကျင်းပရန် နေရာ ကိုလည်း သဘောတူညီပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

Apple က iPhone 17 အား စက်တင်ဘာ ၉ ရက်တွင် မိတ်ဆက်မည်ဟု သတင်းများထွက်ပေါ်

ဂျာမနီနိုင်ငံမှ iPhone Ticker ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ Apple ကုမ္ပဏီသည် iPhone 17 မော်ဒယ်အသစ်နှင့် အထူးပါးလွှာသော "Air" ဗားရှင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် တရားဝင် မိတ်ဆက် သွားမည်ဟု သိရသည်။ ဂျာမနီနိုင်ငံရှိ အချို့သော မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများအား ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် iPhone အသစ်မိတ်ဆက်ပွဲ ပြုလုပ်မည့်အကြောင်း အသိပေးထားပြီး ဖြစ်ကြောင်း ဆိုသည်။

တော်ဝင်ထိုင်းတပ်မတော် (RTA) သည် Ta Kwai ဘုရားကျောင်း နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားနေ

တော်ဝင်ထိုင်းတပ်မတော် (RTA) သည် ကမ္ဘောဒီးယားနယ်စပ်အနီး Surin ခရိုင်ရှိ အငြင်းပွားဖွယ် Ta Kwai ဘုရားကျောင်းနယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ဝန်ခံခဲ့သည်။

ထိုင်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Winthai Suvaree က (Hill 350) တောင်ကုန်းသည် မဟာဗျူဟာအရ အရေးပါသော နေရာ ဖြစ်ပြီး ကမ္ဘောဒီးယားဘက်မှ ချထားသော မြေမြှုပ်မိုင်းများကြောင့် အပြည့်အဝ တပ်စွဲနိုင်ခြင်းမရှိကြောင်း ရှင်းပြခဲ့သည်။

လူနာမှတ်တမ်းဖိုင်များကို မုန့်ထုပ်သည့်အိတ်များအဖြစ် အသုံးပြုမှုကြောင့် ထိုင်းနိုင်ငံ ရှိ ဆေးရုံတစ်ရုံကို ဒဏ်ငွေချမှတ်

ထိုင်းနိုင်ငံရှိ အကြီးစားပုဂ္ဂလိက ဆေးရုံတစ်ခုအား လူနာမှတ်တမ်း စာရွက်စာတမ်းများကို မုန့်ထုပ်သည့်အိတ်အဖြစ် အသုံးပြုမှု တွေ့ရှိရသည့် ဖြစ်စဉ်ကြောင့် ဘတ်ငွေ ၁.၂ သန်း ဒဏ်ငွေချမှတ်ခဲ့ကြောင်း နိုင်ငံ၏ အချက်အလက် စီမံထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် အစိုးရ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးကော်မတီ (PDPC) မှ ထုတ်ပြန်ခဲ့သည့် ဒေတာဥပဒေချိုးဖောက်မှုများအတွက် အရေးယူခံရသော အဖွဲ့အစည်း ၅ ခုအနက် တစ်ခု အပါအဝင်ဖြစ်သည်။

ကမ္ဘောဒီးယားဘက်မှ နယ်စပ်တွင် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု ထိုင်းတပ်မတော် ထုတ်ပြန်

ထိုင်းနိုင်ငံတပ်မတော် စစ်ဒေသ ၂ မှ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယား နိုင်ငံသည် ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများတွင် စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး သံသယ ဖြစ်ဖွယ် ဒရုန်းများဖြင့် နယ်စပ်ရှိ ထိုင်းစစ်တပ်စခန်းများကို ထောက်လှမ်းနေ သည်ဟု သိရှိရသည်။

ရုရှားခရီးသွားများ နှစ်သက်သဘောကျနေသည့် မြောက်ကိုရီးယား၏ Wonsan Kalma Super Resort

မြောက်ကိုရီးယားရှိ Wonsan Kalma Super Resort တွင် တစ်ပတ်ကြာ အားလပ်ရက်ကုန်ဆုံးပြီးနောက် ရုရှားခရီးသွား Anastasiya Samsonova သည် သဲသောင်ဖြူဖြူ ကမ်းခြေနှင့် အသစ်စက်စက် ဟိုတယ်တို့အပေါ် နှစ်သက်ကျေနပ်မှုကို ဖော်ပြခဲ့သည်။

Anastasiya Samsonova သည် ဇွန်လကုန်ပိုင်းတွင် ဖွင့်လှစ်ခဲ့သော မြောက်ကိုရီးယား၏ ကမ်းခြေ အပန်းဖြေနေရာသစ်ဖြစ်သည့် Wonsan Kalma Super Resort သို့ ရောက်ရှိခဲ့သည့် ပထမဆုံး နိုင်ငံခြားခရီးသွားများထဲမှ တစ်ဦးဖြစ်သည်။