မြောက်ကိုရီးယားသည် တောင်ကိုရီး ယားနိုင်ငံနှင့်နယ်စပ်ရှိ ဝါဒဖြန့်ချိရေးအသံချဲ့စက်များကို ဖြုတ်သိမ်းနေပြီ ဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ဩဂုတ်လ ၉ ရက်တွင်ထုတ်ပြန်သည်။
တောင်ကိုရီးယားစစ်ဘက်ကဝါဒဖြန့်ချိရေးအသံချဲ့စက်များကို ဖြုတ်သိမ်းပြီးနောက်ရက်ပိုင်းအကြာတွင် မြောက်ကိုရီး ယားဘက်ကလည်း အလားတူဖြုတ်သိမ်း လာခြင်းဖြစ်သည်။
လွန်ခဲ့သောလများတွင် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ကြား အသံချဲ့စက်များဖြင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အတွက် တင်းမာမှုများ မြင့်တက်လာခြင်းဖြစ်သည်။