သတင်းများ

ဂါနာတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လိုက်ပါလာသူ ဝန်ကြီးများ သေဆုံး

ဂါနာနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၆) က စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်းပျက်ကျခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦးအပါအဝင် လိုက်ပါလာသူ ၈ ဦးစလုံး သေဆုံးခဲ့သည်။ ဂါနာစစ်တပ်၏ ထုတ်ပြန်ချက်အရ ကာကွယ်ရေး ဝန်ကြီး Edward Omane Boamah နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး Ibrahim Murtala Muhammed တို့အပါအဝင် အာဏာရ National Democratic Congress ၏ ဒုတိယဥက္ကဋ္ဌ Samuel Sarpong ၊ အမျိုးသားလုံခြုံရေးအကြံပေး Muniru Mohammed နှင့် ရဟတ်ယာဉ်မှူး ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထရမ့်၏ ကုန်သွယ်ခွန်အသစ်အပေါ် အိန္ဒိယက တုံ့ပြန်ဝေဖန်

အိန္ဒိယက ရုရှားနှင့် ရေနံဆိုင်ရာကုန်သွယ်မှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် ချမှတ်ခဲ့သော အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်အား အလွန်ဆိုးရွားသော လုပ်ဆောင်မှုအဖြစ်ရှုတ်ချကာ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ရှေးရှုလုပ်ဆောင်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က ပူတင်-ဝစ်ကော့ဖ် ဆွေးနွေးပွဲရလဒ်များကို ကျေနပ်နေ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးတို့ ဆုံတွေ့မည့် အစည်းအဝေးတစ်ခု မကြာမီကျင်းပနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်၌ သတင်းထောက်များအား ပြောကြားရာတွင် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နှင့် ပူတင်တို့ ဆွေးနွေးပွဲအပြီး နာရီပိုင်းအတွင်း ထရမ့်က "ဇီလန်စကီးနှင့် ဆုံတွေ့နိုင်ခြေသည် မကြာမီ ဖြစ်ပေါ်လာနိုင်ပြီး မည်သည့်အချိန်နေရာတွင် ဆုံတွေ့မည်ကို မသိရှိရ သေးပါ၊ ယခုအကြိမ် သမ္မတပူတင်နှင့် ဆွေးနွေးခဲ့မှုရလဒ်များသည် ကောင်းမွန် ခဲ့ပါသည်" ဟု ဖွင့်ဟခဲ့သည်။

အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၇ နှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်မည်

နယူးဒေလီ၊ ဩဂုတ်လ ၇ ရက်

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီသည် ၇ နှစ်ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရ သတင်းရင်းမြစ်တစ်ခုက ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၆ ရက်) က ပြောကြား ခဲ့ရာ အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ပေကျင်းနှင့် သံတမန်ဆက်ဆံရေး ပိုမိုနီးစပ်လာသည့် နောက်ထပ်အရိပ်အယောင် တစ်ခု ဖြစ်ပါသည်။

နေရှိတဲ့အရပ်ကို မျက်နှာမူပါ... လယ်ကွင်းထဲမှာဆိုလာတပ်ပါ...

ဆိုလာစွမ်းအင်လို့ခေါ်တဲ့ နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ် အားထုတ်ယူမှုဟာ အခုခေတ် မှာ သိပ်ကို ရေပန်းစားလာပါတယ်။ ဘယ်နေရာကိုပဲ ကြည့်လိုက်ကြည့်လိုက်ဆိုလာ ပြားတွေတန်းစီပြီး ခင်းထားတာကိုမြင် တွေ့ကြမှာပါ။

အိမ်ခြေတစ်သန်းကို တစ်နာရီကြာလျှပ်စစ်ဓာတ်အားပေးနိုင်မယ့် ကမ္ဘာ့စွမ်းအားအမြင့်ဆုံးဘက်ထရီ

ဩစတြေးလျနိုင်ငံမှာရှိတဲ့ Waratah Super Battery အမည်ရှိ လျှပ်စစ်ဓာတ်အားပေး စနစ်ကြီးက စတင်အလုပ်လုပ်နေပြီပဲဖြစ် ပါတယ်။ တရားဝင်အသုံးပြုမှုကိုတော့ ဒီနှစ်အကုန် ပိုင်းမှာလုပ်ဆောင်သွားမှာပါ။ အဲဒီအချိန်ရောက်ရင် ဒီစနစ်ကြီးက ကမ္ဘာပေါ်မှာ  စွမ်းအားအမြင့်ဆုံးနဲ့ အကြီးဆုံးသော ဘက်ထရီစနစ်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။

လပေါ်မှာ လျှပ်စစ်ဓာတ်အား ၁၀၀ ကီလိုဝပ်ထွက်နျူကလီးယားဓာတ်ပေါင်းဖိုထားမယ့် NASA

NASA   ဆိုတဲ့   အမေရိကန်အာကာသအေဂျင်စီကြီးက အာကာသနည်းပညာမှာ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ထက် ခြေတစ်လှမ်းသာအောင် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။ အဲဒီအစီအစဉ်ကတော့ လပေါ်မှာနျူကလီးယားဓာတ် ပေါင်းဖို တည်ဆောက်သွားမည့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီနျူကလီးယားဓာတ်ပေါင်းဖိုက လျှပ်စစ် ဓာတ်အားပမာဏ ၁၀၀ ကီလိုဝပ်အထိထုတ်လုပ် ပေးနိုင်မယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း သဘာဝဘေးများကြောင့် ကမ္ဘာတစ်ဝန်း၌ ဒေါ်လာ ၁၃၅ ဘီလီယံဆုံးရှုံး

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းဖြစ်ပွားသော သဘာဝဘေးများကြောင့် ကမ္ဘာတစ်ဝန်း၌ စီးပွားရေးအရဆုံးရှုံးမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံအထိရှိကြောင်း အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Swiss Re ကုမ္ပဏီက ဩဂုတ်လ ၆ ရက်တွင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်၏ ပထမနှစ်ဝက်အတွင်း သဘာဝဘေးများကြောင့်ဆုံးရှုံးမှုပမာဏသည် ဒေါ်လာ ၁၂၃ ဘီလီယံသာရှိသည့် အတွက် ယခုနှစ်တွင်ဆုံးရှုံးမှုပမာဏက ပိုမိုများပြားလာခြင်းဖြစ်သည်ကိုတွေ့ရှိရသည်။

အင်ဒိုနီးရှားက အရှေ့တောင်အာရှ၌ တာတိုပစ်အမြင့်ပျံဒုံးကျည် ပထမဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာ

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင် အာရှဒေသ၌ တာတိုပစ်အမြင့်ပျံဒုံးကျည်ကို ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာကြောင်း အရှေ့ကာလီမန်တန်ပြည်နယ်ရှိ စစ်ရေးဆိုင်ရာ ဝါသနာရှင်များ၏  လူမှုကွန်ရက်တွင် တင်ထားသော သတင်းများအရသိရသည်။

ယခုလအစောပိုင်းတွင် လူမှုကွန်ရက် စာမျက်နှာတစ်ခုက   KHAN  ဒုံးကျည်ဓာတ်ပုံများကိုတင်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ဘလော့များတွင်လည်း အကျယ်တဝင့်ဖော်ပြလာသည့်အပြင် ပြည်တွင်း သတင်းဌာနကြီး တစ်ခုဖြစ်သည့် Kompas တွင်ပါ တရားဝင်ဖော်ပြလာခြင်း ဖြစ်သည်။