ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဗရော့က အမေရိကန် သတင်းထောက် Tucker Carlson နှင့် တွေ့ဆုံမေးမြန်းခန်း တွင် “ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် တရားဝင် စစ်ပွဲဖြစ်ပွားနေခြင်းမဟုတ်သော်လည်း အမေရိကန်သည်ရုရှားနိုင်ငံကို ဆန့်ကျင်သည့် ပေါင်းစပ်စစ်ပွဲကို ယူကရိန်း နိုင်ငံတွင် ဆင်နွှဲလျက်ရှိကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ကင်ရှာဆာ ဒီဇင်ဘာ ၅
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မကြာသေးမီရက်သတ္တပတ်များအတွင်း အမည်မသိရောဂါတစ်မျိုး ကူးစက်မှုကြောင့် လူပေါင်း ၈၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
ပျံ့နှံ့လျက်ရှိ
တုပ်ကွေးကဲ့သို့သော ရောဂါလက္ခဏာများဖြစ်ပွားစေသည့် အဆိုပါရောဂါသည် အောက်တိုဘာ ၂၄ ရက်မှစပြီး အနောက်တောင်ပိုင်း ကွန်ဂိုပြည်နယ်၌ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
ရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံအကြားဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်ဟု မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ သတင်းစာက ဖော်ပြထားသည်။
ကြာသပတေးနေ့ထုတ် Rodong Sinmun သတင်းစာ၌ မော်စကိုမြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့က လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ကို နှစ်နိုင်ငံလဲလှယ်ခဲ့ကြသည်ဟု ဖော်ပြခဲ့ကြသည်။
ဝါရှင်တန် ဒီဇင်ဘာ ၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ သားဖြစ်သူ ဟန်းတားဘိုင်ဒင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက အမေရိကန်သမ္မတ၏ သားဖြစ်သူသည် ဥပဒေအထက်တွင် ရှိနေသည်ဆိုသည့် အချက်မှာ ထင်ရှားကြောင်း အိက်စ်လူမှုကွန်ရက်တည်ထောင်သူ အီလွန်မတ်စ်က ၎င်း၏ အိက်စ်လူမှုမီဒီယာစာမျက်နှာတွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်အရ ဟန်းတားဘိုင်ဒင်အား သီးခြားတရားစွဲဆိုထားသည့် ရာဇဝတ်မှုနှစ်ခုအတွက် သမ္မတဂျိုးဘိုင်ဒင်က လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း ကြေညာခဲ့သည်။
တိုကျို ဒီဇင်ဘာ ၄
ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံကို ပစ်မှတ်ထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ် အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားထုတ်လုပ်သည့် ကုမ္ပဏီများက စိုးရိမ်စပြုလာကြောင်း သိရသည်။
ယင်းနှစ်နိုင်ငံသည် အမေရိကန်ဈေးကွက်အတွက် အရေးကြီးသော ထုတ်လုပ်မှုအခြေခံများ ဖြစ်သည်။
ဂျပန်ကားကုမ္ပဏီများဖြစ်သည့် တိုယိုတာမော်တာ (Toyota Motor) နှင့် ဟွန်ဒါမော်တာ (Honda Motor) တို့သည် ကနေဒါနိုင်ငံ၌ ကားထုတ်လုပ်ရေးစက်ရုံများရှိကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အပေါ် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများကြီးမားနေသဖြင့် နိုင်ငံ၏ အတိုက်အခံပါတီများက မစ္စတာ Yoon ကို စွဲချက်တင်ရန် ဥပဒေကြမ်း တင်သွင်းလိုက်ပါသည်။
အမေရိကန်အစိုးရက တရုတ်နိုင်ငံကို တစ်ပိုင်းလျှပ်ကူး ပစ္စည်းတင်ပို့မှုအတွက် ကန့်သတ်ချက်များ တင်းကျပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ အရေးပါသည့် ဓာတ်သတ္တုအချို့ တင်ပို့မှုကို တားမြစ်လိုက်ပါသည်။
အမေရိကန်ပြည်ထောင်စုကို ဂဲလီယမ်၊ ဂျာမနီယမ်နှင့် ခနောက်စိမ်းတင်ပို့မှုများကို မူအားဖြင့် တားမြစ်ကြောင်းတရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအတွက် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိပြီးဖြစ်ကြောင်း TASS သတင်း ဌာနတွင် ဖော်ပြထားသည်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တွင် “ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များကို စွန့်လွှတ်ရမည်”ဟု ထင်မြင်ယူဆသော အဓိကအကြံပေးပုဂ္ဂိုလ်များက အဆိုပြုထားသည့် ယူကရိန်းပဋိပက္ခကိုဖြေရှင်းရန် ဖြစ်နိုင်ခြေရှိသော အစီအစဉ်သုံးရပ်ရှိကြောင်း ဖော်ပြထားပါသည်။
ဆိုးလ် ဒီဇင်ဘာ ၄
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ကင်မ်ယိုဟန်က နိုင်ငံသားများကိုတောင်းပန်ခဲ့ပြီး သမ္မတယွန်းထံ နုတ်ထွက်စာတင်ထားသည်ဟု ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနကဖော်ပြခဲ့သည်။
အာဏာရပါတီ၏ အဓိကအတိုက်အခံဖြစ်သည့် ဒီမိုကရက်တစ်ပါတီက ကာကွယ်ရေးဝန်ကြီးကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြောင့် မငြိမ်မသက်မှုများဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းသဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
နေပြည်တော် ဒီဇင်ဘာ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား ယနေ့နံနတ်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။