ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
06 August 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၆)၊ အင်ကြင်းလမ်းရှိ ပြည့်ဖြိုးမောင်(၃၄)နှစ်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အိပ်ခန်းအတွင်း တွေ့ရှိရပြီး အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၆၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၃၃ သိန်း) ဖမ်းဆီးရမိသဖြင့် ပြည့်ဖြိုးမောင် အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA
MM-News-Category