ဖန်လုံအိမ်ဓာတ်ငွေ့မှသည် လေယာဉ်ဆီထုတ်လုပ်နိုင်စေမည်

News Image

  • ဖန်လုံအိမ်ဓာတ်ငွေ့မှသည် လေယာဉ်ဆီထုတ်လုပ်နိုင်စေမည်

ဖန်လုံအိမ်ဓာတ်ငွေ့ဆိုတာ ကမ္ဘာကြီးဖြစ် တည်ရှင်သန်မှုအတွက် အကျိုးမပြုတဲ့ ဓာတ်ငွေ့အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ခံရတာက တကယ်ကို ပဲ အသုံးမဝင်တော့လို့ လားဆိုတာ မေးခွန်းထုတ်စရာပါ။ တကယ်တော့ အဲဒီလိုမဟုတ်ပါဘူး။ သူ့ကို တခြားနည်းနဲ့ပြန်ပြောင်းအသုံးပြုလို့ရပါတယ်။ နည်း လမ်းကိုတော့ ရှာဖွေရမှာပေါ့လေ။

စင်ကာပူအမျိုးသားတက္ကသိုလ်မှ ဓာတုဗေဒပညာရှင်များက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို တန်ဖိုးကြီးတဲ့ ဟိုက်ဒရိုကာဗွန်အရည်အဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ဖန်တီး လိုက်နိုင်ပါတယ်။ ဟိုက်ဒရိုကာဗွန်အရည်ဆိုတာ လေယာဉ်ဆီထုတ်လုပ်ရာမှာ အင်မတန်မှအရေး ကြီးတဲ့ပါဝင်ပစ္စည်းဖြစ်ပါတယ်။ ပညာရှင်များက နီကယ်ကိုအခြေခံထားတဲ့ ကုန်ကြမ်းပစ္စည်းကိုအသုံး ပြုပြီး ဓာတ်ပြောင်းလဲစေခြင်းနည်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုလျှော့ချကာ ဟိုက်ဒရိုကာဗွန် အရည်ကို ထုတ်ယူတာပါ။

အခုလိုမျိုးလေ့လာ တွေ့ရှိမှုဟာ တကယ့်ကိုပဲ အောင်မြင်မှုကြီးတစ်ခုပါ။ ဒီလိုအောင်မြင်မှုကြီးရ လာဖို့ဆိုရင် လက်တွေ့အကောင်အထည်ဖော်သူများနဲ့ အယူအဆသမားတို့ကြား အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ကြရတာဖြစ်တယ်လို့ စင်ကာပူအမျိုးသားတက္ကသိုလ်   ဓာတုဗေဒဌာနမှ  တွဲဖက်ပါမောက္ခဘွန်ဆန်းယိုက  ပြောထားပါတယ်။

အခုဖြစ်စဉ်မှာ ပညာရှင်များအနေနဲ့အသုံးပြုတဲ့ နည်းလမ်းက လျှပ်စစ်ဓာတ်ခွဲနည်းဖြစ်ပါတယ်။

ဒီနည်းလမ်းထဲမှာ ကာဗွန်အက်တမ်ငါးလုံးနဲ့အထက် ရှိတဲ့ ဟိုက်ဒရိုကာဗွန်ပမာဏကို သိသိသာသာတိုး မြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သမားရိုးကျနည်း လမ်းနဲ့နှိုင်းယှဉ်ရင် ရာခိုင်နှုန်း ၄၀၀ ကျော်တိုးတက် မှုရရှိလာတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် နီကယ်ဓာတ်ကူပစ္စည်းထဲမှာပါဝင်တဲ့ ဖလိုရိုက်ကလည်း အောက်ဆီဂျင်ဓာတ်ပြုမှုအခြေ အနေကိုထိန်းချုပ်ရာမှာ ကူညီပေးပြန်ပါတယ်။ ဒီလို ကူညီပေးမှုကြောင့် ပိုမိုရှည်လျားတဲ့ဟိုက်ဒရိုကာဗွန်ကွင်းဆက်ဖြစ်ပေါ်လာရတာပါ။ ဒီနေရာမှာ သုတေ သနပညာရှင်များအနေနဲ့ လျှပ်စစ်စွမ်းအင်ကိုအသုံး ပြုခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်မှ တိကျစွာ ထိန်းချုပ်ထားတဲ့ ဟိုက်ဒရိုကာဗွန်ဖွဲ့စည်းပုံကို ထွက် ပေါ်လာစေတဲ့နည်းလမ်းကို ဖော်ထုတ်လိုက်နိုင်တာ လည်းဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ လေကြောင်းသယ်ယူပို့ဆောင် ရေးအတွက်လိုအပ်နေတဲ့ လေယာဉ်ဆီများကိုထုတ် လုပ်ပေးနိုင်မည်သာမက ဓာတုဗေဒဆိုင်ရာရှေ့ပြေး နိမိတ်ကိုထွက်ပေါ်နိုင်စေဖို့အတွက် အခွင့်အလမ်း အသစ်များကိုဖန်တီးပေးရာလည်းရောက်တယ်လို့ ပညာရှင်များကပြောထားပါတယ်။

Ref: IE

ကိုထက်