ရုရှားက မြေပြင်အခြေစိုက်ဒုံးကျည်များ ဖြန့်ကြက်ချထားမှုဆိုင်ရာ ကန့်သတ်ချက်များ အားလုံးကိုရုပ်သိမ်း
ရုရှားနိုင်ငံအနေဖြင့် မြေပြင်အခြေစိုက် ဒုံးကျည်များဖြန့်ကြက်ချထားမှုဆိုင်ရာ ကန့်သတ်ချက်များ အားလုံးကို ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။
ရုရှားနိုင်ငံသည် မြေပြင်အခြေစိုက်တာလတ်ပစ်နှင့်တာ တိုပစ်ဒုံးကျည်များ ဖြန့်ကြက်မှုဆိုင်ရာ သဘောတူညီချက်ကို တစ်ဖက်သတ်လိုက်နာနေခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထိုသို့လိုက်နာရန် မလိုအပ်တော့ ကြောင်းနှင့် ကန့်သတ်ချက်များအားလုံး ကိုရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒီမီထရီ ပက်စကော့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်းကို ရုရှားနိုင်ငံအနီးသို့စေလွှတ်ဖြန့်ကြက်ရန် အမိန့်ပေးထားကြောင်း ထရမ့်ကိုယ်တိုင်က လူမှုကွန်ရက်တွင် တင်လိုက်ပြီးနောက် ရုရှားဘက်က အဆိုပါ ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။
ရုရှားနှင့်အမေရိကန်တို့သည် တာလတ် ပစ်နျူကလီးယားတပ်ဖွဲ့များသဘောတူညီချက်ကို လက်မှတ်ထိုးထားသော်လည်း ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံက ထိုစာချုပ်မှ တစ်ဖက်သတ်နုတ်ထွက်သွားခြင်းဖြစ်သည်။ သို့သော် ရုရှားနိုင်ငံက ထိုစာချုပ်ပါသဘောတူညီချက်များကို တစ်ဖက်သတ်လိုက်နာနေခဲ့ခြင်း ဖြစ်သည် ဟုသိရသည်။
Ref: Sputnik, LBC