ထိုင်းနိုင်ငံက F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုးရန် Gripen တိုက်လေယာဉ် လေးစင်းဝယ်ယူမည်

News Image

  • ထိုင်းနိုင်ငံက F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုးရန် Gripen တိုက်လေယာဉ် လေးစင်းဝယ်ယူမည်

ထိုင်းနိုင်ငံက လက်ရှိအသုံးပြုလျက်ရှိသော F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုးရန် ဆွီဒင်နိုင်ငံထုတ် Gripen တိုက်လေယာဉ်လေးစင်းဝယ်ယူမည်ဖြစ် ကြောင်း ဩဂုတ်လ ၅ ရက်တွင် အတည် ပြုလိုက်ပြီဖြစ်သည်။

Saab JAS 39 Gripen အမျိုးအစား တိုက်လေယာဉ်လေးစင်းဝယ်ယူရန် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကိုအသုံးပြုသွား မည်ဖြစ်သည်။ ယခုဝယ်ယူမှုသည် ထိုင်း လေတပ်၏ တိုက်ပွဲဝင်စွမ်းရည်များကို တိုးမြှင့်ရန်လုပ်ဆောင်သော  ရေရှည်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထိုင်းအစိုးရ၏  စစ်လက်နက်ပစ္စည်းဝယ်ယူရေးကော်မတီသည် Gripen တိုက်လေယာဉ်များကို ဝယ်ယူရန် ပြီးခဲ့သည့် နှစ်ကတည်းက စဉ်းစားမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းလေတပ်သည် လက်ရှိတွင် သက်တမ်းရင့်နေပြီဖြစ်သည့် Gripen တိုက်လေယာဉ် ၁၁ စင်းနှင့်အတူ သက်တမ်းလွန်နေပြီဖြစ်သည့် F-16 တိုက်လေယာဉ်များကို အသုံးပြုလျက်ရှိသည်။      

Ref: SCMP

MWD Web Portal