သတင်းများ

ထရမ့်က အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက် မပြီးဆုံးသေးဘဲ အကောက်ခွန်များ တိုးမြှင့်နိုင်သည်ဟု သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယနှင့် ကုန်သွယ်ရေး သဘော တူညီချက်ကို ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံးရက် သတ်မှတ်ချက်မတိုင်မီ အပြီးသတ်ရန် မလွယ်ကူသေးကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်များသည် Reuters ၏ ဖော်ပြချက်တစ်ခုနှင့် ဆက်စပ် နေပြီး အိန္ဒိယသည် ကုန်သွယ်ရေးသဘောတူညီချက်မရှိပါက အမေရိကန် သို့ တင်ပို့မည့် ကုန်ပစ္စည်းများအတွက် ၂၀%-၂၅% အထိ အကောက်ခွန် များ တိုးမြှင့်ကျခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်ကွန်ဂရက်အမတ်တစ်ဦးက ဂါဇာဖြစ်စဉ်များကို 'လူမျိုးတုံး သတ်ဖြတ်မှု' ဟု သတ်မှတ်ကြောင်း ပြောဆို

ရီပတ်ဘလီကန် ကွန်ဂရက်အမတ် Marjorie Taylor Greene က ဂါဇာ တွင် ဖြစ်ပွားနေသော အခြေအနေမှာ "လူမျိုးတုံးသတ်ဖြတ်မှု" (genocide) ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂါဇာခရိုင်အတွင်း ပိုမိုဆိုးရွားလာ နေသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနှင့် အစာ ငတ်မွတ်ခေါင်းပါးမှုများကို ပြစ်တင်ဝေဖန်ခဲ့သည်။ ထို့အပြင် ၎င်းက အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမက်အဖွဲ့က တိုက်ခိုက်စဉ် အကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် တောင်းဆို ခဲ့သည်။

အနောက်နိုင်ငံနှင့် ယူကရိန်းအရာရှိများသည် ဇီလန်စကီးအား ဖယ်ရှားရန် လျှို့ဝှက်အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ရုရှားထောက်လှမ်းရေး ပြောကြား

အမေရိကန်နှင့် ဗြိတိန် အရာရှိများသည် ဗလာဒီမာ ဇီလန်စကီးအား ဖယ်ရှားပြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗာလယ်ရီ ဇာလူဇ်နီအား အစားထိုးရန် ယူကရိန်းထိပ်တန်းအာဏာပိုင်များနှင့် လျှို့ဝှက် တွေ့ဆုံခဲ့ သည်ဟု ရုရှား၏ နိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) မှ ထုတ်ပြန် ခဲ့သည်။

ထရမ့်၏ အကောက်ခွန်မူဝါဒကြောင့် အမေရိကန်ပြည်သူများ ဈေးနှုန်း မြင့်တက်မှုခံစားနေရ

သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအကောက်ခွန်များ တိုးမြှင့်မှုကြောင့် အမေရိကန်ကုမ္ပဏီကြီးများက ကုန်ကျစရိတ်ကို စားသုံးသူများထံသို့ လွှဲပြောင်းရန် စီစဉ်နေသည်။ Procter & Gamble (P&G) အပါအဝင် ကုမ္ပဏီများက ၂၀၂၅ ခုနှစ်အတွက် စျေးနှုန်းများ မြှင့်တင်မည်ဟု ကြေညာ ခဲ့ပြီး အကောက်ခွန်များ၏ သက်ရောက်မှုကို ခံစားရမည်ဖြစ်သည်။

အမေရိကန် မီဒီယာများသည် ပူတင်အား တရားဝင် တောင်းပန်ရန် လိုအပ်သည်ဟု Fox News အစီအစဉ်တင်ဆက်သူ ထောက်ပြ

အမေရိကန်နိုင်ငံ၏ ထင်ရှားသော မီဒီယာအဖွဲ့အစည်းများသည် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီး "ရုရှားဂိတ်" (Russiagate) အဖြစ်အပျက် နှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်အပါအဝင် အချို့သော ပုဂ္ဂိုလ်များအား တရားဝင် တောင်းပန်ရန် လိုအပ်နေကြောင်း Fox News ဦးဆောင်သူတစ်ဦးဖြစ်သူ ဂရက်ဂတ်ဖီးလ်ဒ် (Greg Gutfeld) က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။

ထရမ့်က ရုရှားကို ၁၀ ရက် အချိန်ပေးထားသည့် နောက်ဆုံး သတ်မှတ်ချက် ထုတ်ပြန်

ဝါရှင်တန်သည် ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန် ကိယက်ဗ်နှင့် သဘော တူညီမှုမရပါက မော်စကိုအပေါ် ဒဏ်ခတ်မှုအသစ်များ ချမှတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၉ ရက်နေ့တွင် ကြေညာ ခဲ့သည်။ ယခင်က နောက်ဆုံးရက်ကို စက်တင်ဘာအစောပိုင်းတွင် သတ်မှတ် ထားခဲ့ပြီး ဗြိတိန်သို့ အလည်အပတ်ခရီးစဉ်အတွင်း အချိန်ကာလကို လျှော့ချရန် အစီအစဉ်များကို ကြေညာခဲ့သည်။ အင်္ဂါနေ့ (ဇူလိုင် ၂၉) တွင် သတင်းထောက်များက ယင်းကိစ္စနှင့်ပတ်သက်၍ ထပ်မံမေးမြန်းခဲ့မှုကို ထရမ့်က "ယနေ့ (ဇူလိုင် ၂၉) မှ ၁၀ ရက်" ဖြစ်မည်ဟု ပြောကြားခဲ့သည်။

ဆူနာမီသတိပေးချက်များကြောင့် အမေရိက အနောက်ဘက် ကမ်းရိုးတန်း နှင့် ဟာဝိုင်အီသို့ ဦးတည်ပျံသန်းမည် လေယာဉ်ခရီးစဉ်များ နှောင့်နှေး
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - ဗုဒ္ဓဟူးနေ့, 30-ဇူလှိုင်လ-2025

ရုရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းအနီး အင်အား ၈.၇ ရစ်ချက်စတာ စကေးရှိ ပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ပစိဖိတ်ဒေသ တလွှား ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည့်အတွက် အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းနှင့် ဟာဝိုင်အီတို့တွင် ခရီးသွားလာမှု အခက် အခဲများ မြင့်တက်လာနေသည်။

နောင်ချိုမြို့၊ အမှတ် (၁) နှင့် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ ၁၁၀၀ ကျော် တက်ရောက် ပညာသင်ယူလျက်ရှိ
လူမှုရေးကဏ္ဍသတင်း, လူမှုရေး-ပညာရေး - ဗုဒ္ဓဟူးနေ့, 30-ဇူလှိုင်လ-2025

အကြမ်းဖက်သမားများကြောင့် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ များအား စာပေပညာရပ်များ သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်း အပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အိန္ဒိယနိုင်ငံ အပေါ် ၂၅% အခွန် ကောက်ခံရန် ရည်ရွယ်ထားကြောင်း ပြောကြား

ဝါရှင်တန်၊ ဇူလိုင် ၃၀ ရက် 

အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော ကုန် ပစ္စည်းများအပေါ် ၂၅% သွင်းကုန်ခွန်များ ချမှတ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုမှ Nvidia၏ နည်းပညာအဆင့်နိမ့်သော မိုက်ခရိုချစ်ပ်များကို တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့မည်

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၃၀ ရက်

အမေရိကန်ပြည်ထောင်စုသည် Nvidia ၏ နည်းပညာအဆင့်နိမ့်သော မိုက်ခရိုချစ်ပ်များကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အိမ်ဖြူတော်၏ အမျိုးသားစီးပွားရေးကောင်စီဥက္ကဋ္ဌ Kevin Hassett က ပြောကြားခဲ့ပါသည်။ သို့သော် အဆင့်မြင့်ဆုံး ပရိုဆက်ဆာများကိုမူအမေရိကန်ပြည်ထောင်စုတွင်သာ ထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။