သတင်းများ

အင်ဂျင်နီယာပညာရေး အရည်အသွေးအတည်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ-၂၀၂၅ ကျင်းပ
လူမှုရေးကဏ္ဍသတင်း, လူမှုရေး-ပညာရေး - ကြာသပတေးနေ့, 31-ဇူလှိုင်လ-2025

နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ကမ္ဘာ့အင်ဂျင် နီယာအဖွဲ့ချုပ်(WFEO)၏ အင်ဂျင်နီယာပညာရေးဆိုင်ရာ အမြဲတမ်းအင်ဂျင်နီယာအဖွဲ့ (CEIE)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အင်ဂျင်နီယာပညာရေး အရည်အသွေးအတည်ပြုခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံ ICEEA 2025 ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Virtual စနစ်ဖြင့် တက်ရောက်သည်။

မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ ဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုး
နည်းပညာသတင်း, နည်းပညာ - ပြည်တွင်းသတင်း - ကြာသပတေးနေ့, 31-ဇူလှိုင်လ-2025

နေပြည်တော် ဇူလိုင် ၃၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား ဆောင်ရွက်မည့် မြန်မာနိုင်ငံ Digital Identity အတွက် ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)၌ ဗီယက်နမ်နိုင်ငံမှ ကလေးနှလုံးအထူးကု ဆရာဝန်နှင့်ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ကုသမှုဆောင်ရွက်
လူမှုရေးကဏ္ဍသတင်း, လူမှုရေး-ကျန်းမာရေး - ကြာသပတေးနေ့, 31-ဇူလှိုင်လ-2025

နေပြည်တော် ဇူလိုင် ၃၀

ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကုန်)၌ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများသည် မွေးရာပါ နှလုံးရောဂါများကို ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သော ခက်ခဲသည့် ခွဲစိတ်ကုသမှုများနှင့် ခွဲစိတ်ရန်မလိုဘဲ နှလုံးနှင့်သွေးကြောအထူး ကုသစက် (Cardiac Catheteri-zation Lab) အသုံးပြု၍ ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာမှ ကျွမ်းကျင်သူ ကလေးနှလုံးအထူးကု ဆရာဝန်ကြီးများ၊ အထူးကုအဖွဲ့များနှင့် ပူးပေါင်း၍ ကုသမှုများဆောင်ရွက်လျက်ရှိသည်။

“မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
လူမှုရေးကဏ္ဍသတင်း, လူမှုရေး-လူငယ်‌ရေးရာ - ကြာသပတေးနေ့, 31-ဇူလှိုင်လ-2025

နေပြည်တော် ဇူလိုင် ၃၀

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “မူးယစ်ဆေးဝါးနှင့် စိတ်ပညာအကြောင်း သိကောင်းစရာ” လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။