ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေး
ကျောက်ဆည်၊ ဇူလိုင်-၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) နှင့်မြို့မ အခြခံပညာအထက်တန်းကျောင်း (၄)ကျောင်းရှိပြီး၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရာ၌ ယာဉ် အန္တရာယ်ကင်းရှင်းရေး ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ထိန်လင်းအောင်နှင့်တပ်ဖွဲ့ဝင်များက နေ့စဉ်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက နံနက် (၇) နာရီ၊ နေ့လယ် (၁၂) နာရီနှင့်ညနေ (၄) နာရီခွဲ ကျောင်းတက်/ ကျောင်းဆင်းချိန်များ၌ သက်ဆိုင်ရာအခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား/ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
MM-News-Category