ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း(၇၀၆၉)ဦးအား စားအုန်းဆီ(၁၄၁၃၈)ပိဿာ ရောင်းချပေးလျက်ရှိ
ကျောက်ဆည်၊ ဇူလိုင်-၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များ အသင်းတို့ပူးပေါင်း၍ ပြည်သူများစားနပ်ရိက္ခာဖူလုံရေး အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး ရပ်ကွက်/ ကျေးရွာများ၊ စက်ရုံ/ အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများ အား ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဌာနဆိုင်ရာဝန်ထမ်း(၇၀၆၉)ဦးအား စားအုန်းဆီ (၁၄၁၃၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်ခရိုင်ဆည်ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းဆိုင် များမှ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် ဝန်ထမ်း(၇၀၆၉)ဦးအား တစ်ပိဿာငွေ (၇၁၄၀)ကျပ်နှုန်း ဖြင့် ဆီပိဿာ(၁၄၁၃၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့အနေဖြင့် စားအုန်းဆီများရောင်းချရာ၌ စံချိန်စံညွှန်း ပြည့်ပြီး သတ်မှတ်အရည်အသွေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို ပြည်သူများ လက်ဝယ်သို့ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)