သတင်းများ

ယူကရိန်းမှာ NATO အဖွဲ့ဝင် ဖြစ်နိုင်ဖွယ်ရာ မရှိကြောင်း အမေရိကန် ကြေညာချက်များကို ကြိုဆိုကြောင်း ကရင်မလင် ပြောကြား

ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်နိုင်ခြေကို အမေရိကန်က ဖယ်ရှားလိုက် ကြောင်း ကြေညာချက်များကို ရုရှားက ကြိုဆိုကြောင်း ကရင်မလင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပက်စကိုဗ်က ဧပြီ ၂၁ ရက် (တနင်္လာနေ့)တွင် ပြောကြားလိုက်ပါသည်။ 

ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်စကီး၏ NATO အဖွဲ့ဝင်ဖြစ်လိုမှုဆန္ဒမှာ မည်သည့်အခါမျှ ဖြစ်လာနိုင်မည်မဟုတ်ကြောင်း ၊ ယူကရိန်းပဋိပက္ခမှာ ထိုကိစ္စက အစပျိုးခဲ့ခြင်းဖြစ်နိုင်ကြောင်း” ပြောကြားခဲ့သည်။ 

နျူကလီးယားဓာတ်ပေါင်းဖို ၁၉ ခု စီစဉ်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်သည် ဘူရှီးယားနျူကလီးယားစွမ်းအင်စက်ရုံ (NPP) တွင် လည်ပတ်နေသော နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုအပြင် နောက်ထပ် ၁၉ ခုထပ်မံ တပ်ဆင်ရန် စီစဉ်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘဘတ်စ် အရာ့ချီက ပြောကြားလိုက်ပါသည်။ 

“တီဟီရန်သည် ဝါရှင်တန်နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်သောအခါမှ မဆန့်ကျင်ခဲ့ကြောင်း၊ ထို့အပြင် မိမိတို့၏ စီးပွားရေးက ဖြစ်နိုင်ခြေရှိသော ထရီလီယံဒေါ်လာ တန်ဖိုးရှိသည့် အခွင့်အလမ်းများကို အမေရိကန်လုပ်ငန်းများအတွက် ဖွင့်ပေးထား နိုင်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်နှင့် အိုမန် ဆူလတန်တို့ ဆွေးနွေးပွဲကျင်းပ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မော်စကိုသို့ အလည်အပတ် ရောက်ရှိနေသော အိုမန်နိုင်ငံ ဆူလတန် Haitham bin Tariq Al Said တို့သည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း TASS သတင်းထောက်၏ သတင်းအရ သိရပါသည်။ 

တရုတ်နိုင်ငံက ရှန်ကျိုး-၂၀ လူတင်အာကာသယာဉ်ကို ဧပြီ ၂၄ ရက်တွင် လွှတ်တင်မည်

ရှန်ကျိုး-၂၀ လူတင်အာကာသယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဧပြီ ၂၄ ရက် ပေကျင်း စံတော်ချိန် ညနေ ၅:၁၇ နာရီ၌ လွှတ်တင်ရန်စီစဉ်ထားကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) က ဧပြီ ၂၃ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ အာကာသယာဉ်သည် ရှန်ကျိုး-၂၀ အာကာသ ယာဉ်ပျံသန်းရေးမစ်ရှင် ထမ်းဆောင်မည့် အာကာသယာဉ်မှူးများဖြစ်သော ချန်တုန်း (Chen Dong) ၊ ချန်ကျုံးရွှေ့ (Chen Zhongrui) နှင့် ဝမ်ကျယ် (Wang Jie) တို့ကို ခေါ်ဆောင်သွားမည်ဖြစ်ကာ ချန်တုန်းက ခေါင်းဆောင် အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း CMSA ပြောခွင့်ရပုဂ္ဂိုလ် လျင်ရှီးချန်က သတင်းစာရှင်းလင်းပွ

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကို ပံ့ပိုးကူညီလျက်ရှိဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဘက်အသီးသီး၏ ဆန္ဒ နှင့် ရည်မှန်းချက်များအရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကို တက်တက်ကြွကြွ ပံ့ပိုးကူညီလျက်ရှိကြောင်း တရုတ် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဖြစ်သော Myanmar National Democratic Alliance Army (MNDAA) သည် ရှမ်းပြည်နယ်၊ လားရှိုးမြို့၏ မြို့ပေါ်နေရာများမှ ဧပြီ ၂၂ ရက် နံနက်အစောပိုင်းတွင် ဆုတ်ခွာသွားကာ

တရုတ်၏ အကြီးဆုံးမော်တော်ကားပြပွဲတွင် BYD က New Luxury Sports ကားအသစ် ဖော်ပြ

တရုတ်နိုင်ငံ၏ အကြီးဆုံးမော်တော်ကားပြပွဲ (Beijing/ Guangzhou Auto Show) တွင် BYD ကုမ္ပဏီက နည်းပညာအဆင့်မြင့် New Luxury Sports ကား အသစ်တစ်စီးကို စတင်မိတ်ဆက်ခဲ့သည်။ ကုမ္ပဏီကြီးများ အချင်းချင်း ပြပွဲလာရောက်သူများကို အာရုံဆွဲဆောင်နိုင်ရေး ယှဉ်ပြိုင်မှု မြင့်မားနေချိန်တွင် BYD ၏ ကားအသစ်အပေါ် စိတ်ဝင်စားမှု မြင့်တက် ခဲ့ခြင်းဖြစ်သည်။

ထရမ့်က တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် အကောက်ခွန် နှုန်းထားများ “သိသိသာသာ လျှော့ချသွားမည်” ဟု ပြောကြားရင်း မူဝါဒ ပြောင်းလဲနိုင်ကြောင်း အရိပ်အမြွက်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နှင့်ရင်ဆိုင်လျက်ရှိသည့် ကုန်သွယ်ရေးစစ်ပွဲတွင် မူဝါဒပြောင်းလဲနိုင်ကြောင်း အရိပ်အမြွက်ပြု လိုက်သည်။ စျေးကွက်မတည်ငြိမ်မှုများ ဆက်လက်ရှိနေချိန်တွင် တရုတ် ကုန်ပစ္စည်းများအပေါ် စည်းကြပ်နေသည့် မြင့်မားသော အကောက်ခွန် နှုန်းထားများ “သိသိသာသာ လျှော့ချသွားမည် ဖြစ်သော်လည်း သုည အထိတော့ မလျှော့ချနိုင်” ဟု ၎င်းက ပြောကြားခဲ့သည်။

မတ်လတွင် စတင်ခဲ့သည့် အမေရိကန်၏စစ်ဆင်ရေးများကြောင့် ဟူသီ လက်နက်ကိုင်အဖွဲ့ဝင် (၅၀၀) ကျော် သေဆုံး

မတ်လတွင်စတင်ခဲ့သည့် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးများကြောင့် အကြီးတန်းအရာရှိများအပါအဝင် ဟူသီလက်နက်ကိုင်အဖွဲ့ဝင် (၅၀၀) ကျော် သေဆုံးခဲ့ကြောင်း ထောက်လှမ်းရေးနှင့် နီးစပ်သော သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရပါသည်။

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း ခရီးသည် များ လာရောက်လည်ပတ်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်းခရီးသည်များ လာရောက်လည်ပတ်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ကြပါသည်။ အိန္ဒိယနှင့် ပါကစ္စတန်ကြား အငြင်းပွား နယ်မြေအဖြစ် ထင်ရှားသကဲ့သို့ လှပသည့်တောင်များ၊ ချိုင့်ဝှမ်းများနှင့် ဆီးနှင်းများဖုံးလွှမ်းနေသည့် လွင်ပြင်ကျယ်များကြောင့် ကျော်ကြားသော ဒေသတွင် ဖြစ်ပျက်ခဲ့မှုက ကမ္ဘာလှည့်ခရီးသွားများကို ထိတ်လန့်စေခဲ့ကြောင်း The Strait Times က ဖော်ပြခဲ့ပါသည်။ ပြီးခဲ့တဲ့နှစ်က ကက်ရှ်မီးယားကို ခရီးသည် ၃ သန်းအထိ လာရောက်ခဲ့ကြောင်း သိရှိရပါသည်။

အီရန်က နျူကလီးယားအစီအစဉ်ကို ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန် အသင့်ရှိ

အီရန်နိုင်ငံက နိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုသာ ဖယ်ရှားပေးမည်ဆိုပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ပိုမို ပွင့်လင်းမြင်သာမှုရှိစေရေး လုပ်ဆောင်ရန်အသင့်ရှိကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဖာတီမာမိုဟာ ဂျီရာနီက ဧပြီလ ၂၂ ရက်တွင်ပြောသည်။