သတင်းများ

မက်၏ Starlink ဂြိုလ်တု အင်တာနက်စနစ် ကမ္ဘာတစ်ဝှမ်း ချို့ယွင်းမှု ဖြစ်ပွား
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 25-ဇူလှိုင်လ-2025

အီလွန်မက် (Elon Musk) ၏ Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှု သည် ကမ္ဘာတစ်ဝှမ်း ချို့ယွင်းမှုဖြစ်ပွားခဲ့ပြီး ET (အရှေ့အမေရိက စံတော်ချိန်) နေ့လယ် ၃:၁၃ နာရီ (GMT ညနေ ၇:၁၃) တွင် ကွန်ရက် ချို့ယွင်းသွားကြောင်း Kentik ကုမ္ပဏီမှ အင်တာနက်ဆိုင်ရာ သုတေသီ Doug Madory ၏ ပြောကြားချက်ကို ကိုးကား၍ Reuters က ဖော်ပြ ခဲ့သည်။

Chinese, European business leaders discuss cooperation at roundtable
Business news, Business-International news - သောကြာနေ့, 25-ဇူလှိုင်လ-2025

The China-Europe CEO Roundtable was held in Beijing on Thursday, bringing together around 60 major companies, highlighting the strong complementarities between the two sides’ industries.

Leaders of the firms, including French state-owned electric utility EDF and the Netherlands-based global tech company Philips, alongside Chinese counterparts like the Industrial and Commercial Bank of China and Contemporary Amperex Technology, emphasized China’s importance as a key market.

လပတ်လမ်းပေါ်မှတစ်ဆင့် စကြဝဠာခေတ်ဦး ရေဒီယိုအချက်ပြလှိုင်းများကို ထောက်လှမ်းမည့် အသေးစားအာကာသယာဉ်တစ်စင်းကို တည်ဆောက်နေ

လန်ဒန် ဇူလိုင် ၂၄ 
လပတ်လမ်းပေါ်မှ တစ်ဆင့် စကြဝဠာခေတ်ဦး ရေဒီယိုအချက် ပြလှိုင်းများကို ထောက်လှမ်းမည့် အသေးစား အာကာသယာဉ်တစ် စင်းကို ဗြိတိန်သိပ္ပံပညာရှင်များက တည်ဆောက်နေကြောင်း ဇူလိုင် ၂၃ ရက် သတင်းများအရ သိရသည်။ 

Coscocube အာကာသယာဉ်သည် လကမ္ဘာ အခြားဘက်ခြမ်းမှတစ်ဆင့် စကြ ဝဠာခေတ်ဦး ရေဒီယိုအချက်ပြ လှိုင်းများကို လေ့လာမည်ဖြစ် ကြောင်း၊ Big Bang မဟာပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း သန်း ၅၀ နှင့် တစ်ဘီလီယံကြား ကာလအတွင်း ပေါ်ထွက်လာသည့်

ရှေးဟောင်းရေဒီယိုအချက်ပြလှိုင်း များသည် စကြဝဠာ၏သမိုင်း ကို ပြောပြနိုင်ကြောင်း ဗြိတိန် သုတေသန ပညာရှင်များက ပြောကြားသည်။

ယခုနှစ်ဇွန်လအတွင်း ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်း ဒုတိယမြောက်လအဖြစ် ဆက်လက်မြင့်တက်

ဗန်ကောက် ဇူလိုင် ၂၄ 
ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်  ထုတ်လုပ်မှုနှုန်းသည် ယခုနှစ်  ဇွန်လတွင် ဒုတိယမြောက်လ အဖြစ် ဆက်လက်မြင့်တက်လာခဲ့ သည်ဟု ယနေ့သတင်းများတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ယခုနှစ် ဇွန်လတွင် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှုန်းမှာ အစင်းရေ ၁၃၀၂၂၃ စီး  ရှိခဲ့ပြီး ယမန်နှစ် ဇွန်လကထယ်  ၁၁ ဒသမ ၉၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ်က ယနေ့တွင်ထုတ်ပြန် သည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်၌ နှစ်ဖက်တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွား

ဗန်ကောက် ဇူလိုင် ၂၄ 
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်  ၌ ယနေ့တွင် နှစ်ဖက်တပ်ဖွဲ့ဝင် များကြား တိုက်ပွဲများပြင်းထန်စွာ  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်စပ်တိုက်ပွဲများ အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား တပ်များသည် အမြောက်များ အပါအဝင် လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ  ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းတွင် အနည်းဆုံး အရပ်သားကိုးဦး၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် အနည်း ဆုံး အရပ်သားကိုးဦး သေဆုံး ခဲ့ရသည်။

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှားနှင့်ယူကရိန်းတာဝန်ရှိသူများ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး

 မော်စကို ဇူလိုင် ၂၄ 

ရုရှားနှင့် ယူကရိန်းကိုယ်စား လှယ်များသည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဇူလိုင် ၂၃ ရက် တွင်တတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ရုရှား နှင့်ယူကရိန်း ကိုယ်စားလှယ်များ အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်မှုမရှိခဲ့ သော်လည်း အကျဉ်းသားချင်း အပြန်အလှန်လဲလှယ်ရေး အစီအစဉ် များ ဆက်လက်ဆောင်ရွက်ရေး အတွက် ညှိနှိုင်းနိုင်ခဲ့ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် စင်ကာပူနိုင်ငံကူးလက်မှတ် ရပ်တည်
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 25-ဇူလှိုင်လ-2025

လန်ဒန် ဇူလိုင် ၂၄

ဗြိတိန်အခြေစိုက် ဟင်နလေ နိုင်ငံကူးလက်မှတ်အညွှန်းကိန်း အစီရင်ခံစာအရ စင်ကာပူနိုင်ငံကူး လက်မှတ်သည် ယခုနှစ်တွင်လည်း ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူး လက်မှတ်အဖြစ် ရပ်တည်နေ ကြောင်း ဇူလိုင် ၂၃ ရက် သတင်း များတွင် ရေးသားဖော်ပြထားသည်။

စင်ကာပူနိုင်ငံကူး လက်မှတ် ကိုင်​ဆောင်ထားသူများအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံသို့ ဗီဇာမဲ့ သွားရောက်ခွင့်ရှိကြောင်း ဟင်နလေ နိုင်ငံကူးလက်မှတ် အညွှန်းကိန်းအစီရင်ခံစာ (၂၀၂၅) တွင် ဖော်ပြထားသည်။

သံလွင်မြစ်ရေ ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - သောကြာနေ့, 25-ဇူလှိုင်လ-2025

နေပြည်တော် ဇူလိုင် ၂၄

ယနေ့နံနက် ၁၁ နာရီခွဲအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း နှစ်ပေခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။ 
သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

မိုး/ဇလ

အိန္ဒိယနှင့် ဗြိတိန်တို့က လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည်

အိန္ဒိယနှင့်    ဗြိတိန်နိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။

အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် အဆိုပါ    လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို   ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏    ယခုရက်သတ္တပတ်အတွင်း သွားရောက်မည့် ဗြိတိန်ခရီးစဉ်အတွင်း၌ လက်မှတ်ရေးထိုးရန်စီစဉ်ထားသည်။