ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပလျက်ရှိသော မြူးနစ်လုံခြုံရေးညီလာခံတွင် ဆွေးနွေးချက်များအပေါ် ဂျာမနီ နိုင်ငံရေးသုတေသနပညာရှင် Alexander Rahr က အမေရိကန်နှင့် ဥရောပအကြား ဆက်ဆံရေးမှာ ပျက်စီးသွားနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်လိုက်ပါသည်။

တရုတ်အာဏာပိုင်များက ယူကရိန်းပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲမှ မျှတသော သဘောတူညီချက်တစ်ခုရရှိရန် မျှော်လင့်ပြီး ရုရှား-ယူကရိန်း နှစ်နိုင်ငံငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ကူညီပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrey Sibiga နှင့် မြူးနစ်လုံခြုံရေးညီလာခံ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

BRICS ညီလာခံကို လာမည့် ဇူလိုင် ၆ ရက်မှ ၇ ရက်အထိ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း BRICS အဖွဲ့၏ မီဒီယာဌာနက ဖေဖော်ဝါရီ ၁၆ ရက်တွင် ကြေညာလိုက်ပါသည်။
“၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် BRICS အစည်းအဝေးအတွက် ရက်နှင့် နေရာကို အတည်ပြုပြီးဖြစ်ပါကြောင်း၊ လာမည့် ဇူလိုင် ၆ ရက်နှင့် ၇ ရက်တွင် ရီယိုဒီဂျနေးရိုမြို့၌ ကျင်းပပါမည်” ဟု မီဒီယာဌာနက ထုတ်ပြန် ကြေညာခဲ့သည်။
ဘရာဇီးနိုင်ငံသည် ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါသည်။

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ပြုလုပ်လျက်ရှိသော မြူးနစ်လုံခြုံရေး ညီလာခံကျင်းပနေစဉ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်နေကြပါသည်။ စစ်ပွဲများကို ငြိမ်းချမ်းစွာ အဆုံးသတ်ရေး တောင်းဆိုနေကြပြီး၊ Bavarian မြို့တွင် ကျင်းပနေသော ညီလာခံကို ဆန့်ကျင်နေကြပါသည်။ ဆန္ဒပြသူအများစုမှာ အနောက်နိုင်ငံများက ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့နေမှုကို ဆန့်ကျင်နေကြပါသည်။

ရုရှားဖက်ဒရေးရှင်းသည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် G7 အဖွဲ့သို့ ပြန်လည်ဝင်ရောက်တော့မည် မဟုတ်ကြောင်း၊ အတိတ်ကို ပြန်သွားရန် ဆန္ဒမရှိတော့ကြောင်း၊ ယခုအခါ အပြည်ပြည်ဆိုင်ရာပူးပေါင်းမှုအနေဖြင့် BRICS ၊ SCO နှင့် G20 တို့ကဲ့သို့ အဖွဲ့များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်း၏ ကနေဒါနိုင်ငံ သံအမတ်ကြီး Oleg Stepanov က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးသည် မကြာမီကာလအတွင်း အာရပ်စော်ဘွား ပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယားနှင့် တူရကီနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။
အဆိုပါခရီးစဉ်အတွင်း ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်မဟုတ်ကြောင်း၊ သွားရောက်မှုတွင် လူသားချင်းစာနာမှု အစီအစဉ်ဖြစ်သည့် အကျဉ်းသားများ လဲလှယ်မှုကိစ္စ ပါဝင်နေကြောင်း ၎င်းက မြူးနစ်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာ ပူတင် တို့သည် ယူကရိန်းစစ်ပွဲ ဖြေရှင်းဆွေးနွေးရန် ဖေဖော်ဝါရီလ မကုန်ဆုံးမီ ဆော်ဒီအာရေဗီးယားတွင် တွေ့ဆုံရန် စီစဉ်နေကြသည်။ အဆိုပါ ခေါင်းဆောင် နှစ်ဦးတွေ့ဆုံမှုမပြုလုပ်မီ အမေရိကန်နှင့်ရုရှားနိုင်ငံများမှ အဆင့်မြင့်အရာရှိများသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆော်ဒီအာရေး ဗီးယားနိုင်ငံတွင် ကြိုတင်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံဘက်က ထိုဆွေးနွေးမှုများကို ဦးဆောင်ရန် အမျိုးသားလုံခြုံရေးဝန်ကြီး Mohammed al-Aiban ကို တာဝန်ပေးအပ်ထားပါသည်။

Adidas မှထုတ်လုပ်သောဖိနပ်များတွင် ဝက်သားရေ ပါဝင်နေခြင်းကို သုံးစွဲသူများအပေါ်အသိပေးရန် ပျက်ကွက်ခဲ့ခြင်းအတွက် တူရကီနိုင်ငံက ဂျာမနီအားကစားပစ္စည်းကုမ္ပဏီကြီး Adidas ကို ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁၅,၀၀၀ ချမှတ်ခဲ့ပါသည်။
မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်သည့် တူရကီနိုင်ငံ၏ ကြော်ငြာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က Adidas ၏ မကြာသေးခင်ကာလတွင် ကမ်ဒယ်လ်ဂျန်နာ၊ ဘဲလ်လာဟက်ဒစ်တို့ကဲ့သို့ အကျော်အမော် မော်ဒယ်လ်များနှင့် ကြော်ငြာခဲ့သည့် Samba OG ဖိနပ်များသည် ဝက်သားရေဖြင့်စီမံထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုပါသည်။

လက်ရှိကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ် ပြောသွားသည့် စကားတစ်ခွန်းဖြစ်ပြီး သည်းခံခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက “ခန္တီ” ဟု ၃၈ ဖြာမင်္ဂလာ၌ ဆုံးမထားပါသည်။ သည်းခံခြင်းနှင့်ပတ်သက်၍ ကမ္ဘာကျော်ပုဂ္ဂိုလ် အများအပြားကလည်း ပြောဆိုဆုံးမထားမှု များစွာ ရှိပါသည်။ လက်တွေ့နယ်ပယ်မှာတွင်မူ သည်းခံခြင်းသဘောတရားကို လက်ခံနိုင်ရန် ခက်ခဲစွာကျင့်သုံးလိုက်နာရသည့် ကိစ္စတစ်ခုဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။

၂၀၂၅ ဗလင်တိုင်းဒေးနေ့ကို ရည်စူးပြီး သုတေသနအဖွဲ့တစ်ဖွဲ့က နိုင်ငံ ၃၀ ကို စစ်တမ်းတစ်ခုကောက်ယူခဲ့ရာတွင် အချစ်ကိုမခံစားတတ်ဆုံး လူမျိုးများထဲတွင် အိန္ဒိယနိုင်ငံသားများလည်းပါဝင်သည်ဟု သိရှိရပါသည်။
နိုင်ငံပေါင်း ၃၀ တွင် စစ်တမ်းကောက်ယူပြီး ချစ်သူများနေ့မတိုင်မီ ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာစစ်တမ်းအသစ်တွင် အိန္ဒိယလူမျိုးများသည် ၎င်းတို့၏အချစ်ရေးအပေါ် စိတ်ကျေနပ်မှု အနည်းဆုံးသူများထဲတွင် ပါဝင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။