သတင်းများ

ဆလိုဗက်ကီးယားနိုင်ငံက ရုရှားနိုင်ငံမှစွမ်းအင်များကို ရာနှုန်းပြည့်ဝယ်ယူရန် စီစဉ်လျက်ရှိ

ဆလိုဗက်ကီးယားနိုင်ငံပိုင် အကြီးဆုံးသဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးသည်  လာမည့်နှစ်မှစ၍ ရုရှားနိုင်ငံမှစွမ်းအင်များကို ရာနှုန်းပြည့်ဝယ်ယူရန်   စီစဉ်လျက်ရှိကြောင်း Bloomberg ကဖော်ပြသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ဝယ်ယူခြင်းအပေါ် ပိတ်ဆို့မှုများ   ချမှတ်ထားသော်လည်း ဆလိုဗက်ကီးယားနိုင်ငံက ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ကိုထောက်ရှု၍  ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့များဝယ်ယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဆလိုဗက်အရာရှိများက ပြောသည်။

တရုတ်(တိုင်ပေ) ရှိ TSMC ကုမ္ပဏီက မတည်ရင်းနှီးငွေ ဒေါ်လာတစ်ထရီလီယံရှိ ပထမဆုံးသော အာရှကုမ္ပဏီဖြစ်လာ

တရုတ်(တိုင်ပေ)ရှိ ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်း   ထုတ်လုပ်ရေးကုမ္ပဏီ   TSMC   ၏ မတည်ရင်းနှီးငွေပမာဏသည် ဒေါ်လာတစ်ထရီလီယံအထိ မြင့်တက်လာပြီးနောက် ၎င်းကုမ္ပဏီသည် ရင်းနှီးမတည်ငွေ ဒေါ်လာတစ်ထရီလီယံအထိရောက်ရှိလာသည့် ပထမဆုံးသော အာရှကုမ္ပဏီ ဖြစ်လာခဲ့ကြောင်း ကုန်သွယ်ရေးအချက်အလက်များတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြားဖြစ်ပွားနေသည့် ပဋိပက္ခနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီတွင် အရေးပေါ်ဆွေးနွေးပွဲကျင်းပပေးရန် ကမ္ဘောဒီးယားတောင်းဆို

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသတစ်လျှောက်၌ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးပွဲတစ်ရပ်ကျင်းပပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇူလိုင်လ ၂၄  ရက်တွင် တောင်းဆိုလိုက်သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား အငြင်းပွားနေသည့် နယ်စပ်တစ်လျှောက်တွင် မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သည်တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက်အစောပိုင်းမှစ၍  အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသည်။   

ရုရှားအရှေ့ဖျားဒေသတွင် ခရီးသည်တင်လေယာဉ် တစ်စင်းပျက်ကျ၊ လိုက်ပါလာသူအားလုံးသေဆုံး
အထွေထွေသတင်း, အထွေထွေ-နိုင်ငံတကာသတင်း - သောကြာနေ့, 25-ဇူလှိုင်လ-2025

ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိမြို့ကြီးတစ်မြို့အနီးတွင် ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း လိုက်ပါလာသူအားလုံးသေဆုံးသွားကြောင်း ရုရှားထောက်လှမ်းရေးအေဂျင်စီက  ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ An-24 အမျိုးအစားခရီးသည်တင်လေယာဉ်ပေါ်တွင်  ခရီးသည်များအပါအဝင်  စုစုပေါင်း  ၄၉  ဦးလိုက်ပါလာပြီး တင်ဒါမြို့အနီးတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်က ပျက်ကျသွားခြင်းဖြစ်သည်။   အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့်  အမှုထမ်းခြောက်ဦး ပါဝင်ကြောင်းသိရသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးသဘောတူညီချက် မချမှတ်နိုင်ပါက အမေရိကန် ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံရန် ဥရောပသမဂ္ဂအဖွဲ့စီစဉ်

ဥရောပသမဂ္ဂနှင့်   အမေရိကန်ပြည်ထောင်စုတို့အကြား   ယခုနှစ်ဩဂုတ်လအတွင်း ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ချမှတ်နိုင်ခြင်း မရှိပါက အမေရိကန်မှ တင်ပို့သည့်ပို့ကုန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန်စီစဉ်ထားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် (၃)လတာ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် (၄) သိန်းကျော်တင်ပို့ထား

ယခု ၂၀၂၅ –၂၀၂၆ ဘဏ္ဍာနှစ်၏ ပထမ (၃)လတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် (၄၄၃၀၀၀) တင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ (၃)လတာကာလအတွ င်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ် လာ သန်း (၃၆၀) နီးပါးရရှိထားပြီးဖြစ်သည်။

ကင်ဆာရောဂါများအတွက်သုံးသည့် ဆေးနှစ်မျိုးက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက် ဇူလိုင် ၂၄ 

ကင်ဆာရောဂါများကို ကုသရေးအတွက် အသုံးပြုသည့် ဆေးဝါးနှစ်မျိုးသည် အယ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖွယ်ရှိကြောင်း ဇူလိုင် ၂၃ ရက် သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသနပညာရှင်များသည် အယ်ဇိုင်းမား ရောဂါအပေါ်အကျိုးသက်ရောက်မှုရှိနိုင်သည့် ဆေးဝါးများကို ရှာဖွေရေးအတွက် ဆေးအမျိုးအစား ၁၃၀၀ ကျော်တို့ကို စိစစ်ခဲ့ကြကြောင်း သိရသည်။

ကြက်ဥစားသုံးမှုနှင့် သွေးအတွင်း ကိုလက်စထရောစုစည်းမှုအဆင့် မြင့်တက်လာဖွယ်မရှိ

ကင်ဘာရာ   ဇူလိုင် ၂၄

ကြက်ဥစားသုံးမှုကြောင့် သွေးအတွင်းဆိုးကျိုးပြု ကိုလက်စထရောစုစည်းမှုအဆင့် မြင့်တက်လာဖွယ်မရှိကြောင်း ဆောက်သ်ဩစတြေးလျ တက္ကသိုလ်မှ သုတေသနပညာရှင်များက ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။ 

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
အထွေထွေသတင်း, အထွေထွေ-ပြည်တွင်းသတင်း - သောကြာနေ့, 25-ဇူလှိုင်လ-2025

နေပြည်တော် ဇူလိုင် ၂၄

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ Park Royal Hotel ၌ တွေ့ဆုံဆွေးနွေးသည်။