လပတ်လမ်းပေါ်မှတစ်ဆင့် စကြဝဠာခေတ်ဦး ရေဒီယိုအချက်ပြလှိုင်းများကို ထောက်လှမ်းမည့် အသေးစားအာကာသယာဉ်တစ်စင်းကို တည်ဆောက်နေ
လန်ဒန် ဇူလိုင် ၂၄
လပတ်လမ်းပေါ်မှ တစ်ဆင့် စကြဝဠာခေတ်ဦး ရေဒီယိုအချက် ပြလှိုင်းများကို ထောက်လှမ်းမည့် အသေးစား အာကာသယာဉ်တစ် စင်းကို ဗြိတိန်သိပ္ပံပညာရှင်များက တည်ဆောက်နေကြောင်း ဇူလိုင် ၂၃ ရက် သတင်းများအရ သိရသည်။
Coscocube အာကာသယာဉ်သည် လကမ္ဘာ အခြားဘက်ခြမ်းမှတစ်ဆင့် စကြ ဝဠာခေတ်ဦး ရေဒီယိုအချက်ပြ လှိုင်းများကို လေ့လာမည်ဖြစ် ကြောင်း၊ Big Bang မဟာပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း သန်း ၅၀ နှင့် တစ်ဘီလီယံကြား ကာလအတွင်း ပေါ်ထွက်လာသည့်
ရှေးဟောင်းရေဒီယိုအချက်ပြလှိုင်း များသည် စကြဝဠာ၏သမိုင်း ကို ပြောပြနိုင်ကြောင်း ဗြိတိန် သုတေသန ပညာရှင်များက ပြောကြားသည်။
ကမ္ဘာဂြိုဟ်၏ ရေဒီယိုလှိုင်း အနှောင့်အယှက်များနှင့် ကင်း လွတ်သည့် လကမ္ဘာအခြားဘက်ခြမ်းမှာ စကြဝဠာခေတ်ဦးရေဒီယို လှိုင်းများကိုရှာဖွေထောက်လှမ်း
ရန်အကောင်းဆုံးနေရာဖြစ်သည်။ Big Bang မဟာပေါက်ကွဲမှု ကြီးဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး ပေါ်ထွက်လာသည့် ဂြိုဟ်များ၊ ကြယ်များနှင့်အာကာသတွင်းနက် များ၏ အလင်းရောင်များကို ဟိုက် ဒရိုဂျင်ဓာတ်ငွေ့ တိမ်တိုက်ကြီး များက ဖုံးကွယ်ထားရာ ၎င်းကာလ ကို စကြဝဠာ အမှောင်ခေတ်အဖြစ် သိပ္ပံပညာရှင်များက သတ်မှတ် ထားကြောင်း သိရသည်။
သို့ရာတွင် အဆိုပါဟိုက်ဒရိုဂျင် ဓာတ်ငွေ့တိမ်တိုက်ကြီးများသည် လှိုင်းအလျားမီဂါဟာ့ဇ် ၁၄၂၀ ထိရှိသည့် ရေဒီယိုလှိုင်းများကို ထုတ်လွှင့်ပေးခဲ့ကြောင်း သိရသည်။
Ref: Sputnik News
Trs: KKO