Trump က Putin အား ဦးစွာဖုန်းခေါ်ပြောဆိုခြင်းကို Zelenskyy ကျေနပ်မှုမရှိဟုဆို
ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန်သမ္မတ Donald Trump သည် ၎င်းနှင့် စကားမပြောမီ ရုရှားသမ္မတနှင့် ဦးစွာ ဖုန်းဆက်စကားပြောဆိုခြင်းကို မကျေနပ်ကြောင်း အရိပ်အမြွက် ပြောဆို လိုက်ပါသည်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသည် အမေရိကန်နှင့် နှစ်ဖက်ညှိနှိုင်းကြိုးပမ်းမည်ကို စိုးရိမ်ကြောင်း Zelenskyy က ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
Vladimir Putin နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့သည်ဟု Trump က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကြေညာခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး ရည်ရွယ်သည့် စေ့စပ်ညှိနှိုင်းမှုများစတင်ရန် ၎င်းတို့နှစ်ဦး သဘောတူ ခဲ့ကြောင်း ဆိုပါသည်။
Zelenskyy က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ၌ Trump က Putin ကို ဦးစွာဖုန်းဆက်ခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ "သိပ်ကျေနပ်စရာမဟုတ်ဘူး" ဟု Zelenskyy က ပြောခဲ့ ပြီး Putin သည် အမေရိကန်နှင့်သာ နှစ်ဖက်ညှိနှိုင်းမှုများ လုပ်ဆောင်လိုပြီး Putin ၏ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ခွင့်မပြုသင့်ကြောင်း ၎င်းကပြောဆိုခဲ့ပါသည်။
ဆက်လက်ပြီး ၎င်းက “မိမိတို့ပါဝင်ခြင်းမရှိဘဲ မည်သည့် သဘောတူ ညီချက်ကိုမျှ လက်ခံနိုင်မည်မဟုတ်ကြောင်း” ဖြည့်စွက်ပြောဆိုခဲ့ပါ သည်။
ရုရှားနှင့်ယူကရိန်းအကြား ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှုများမစတင်မီ အသာစီးရမည့် အနေအထား၌ရှိနေရေး နှစ်ဖက်စလုံးက မျှော်လင့်နေကြကြောင်းသိရှိရပါသည်။
ကိုးကား-NHK World