ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းဆိုင်ရာဆွေးနွေးပွဲအတွက် 'အတွေ့အကြုံရင့်ကျက်သောပုဂ္ဂိုလ်များ' အဖွဲ့ကို ဖွဲ့စည်း

News Image

  • ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းဆိုင်ရာဆွေးနွေးပွဲအတွက် 'အတွေ့အကြုံရင့်ကျက်သောပုဂ္ဂိုလ်များ' အဖွဲ့ကို ဖွဲ့စည်း

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းဆိုင်ရာဆွေးနွေးပွဲအတွက် 'အတွေ့အကြုံရင့်ကျက်သောပုဂ္ဂိုလ်များ' အဖွဲ့ကို ဖွဲ့စည်းနေကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် ဆွေးနွေးပွဲတွင်ပါဝင်မည့်သူနှစ်ဦးကို သတင်းဌာနက ဖော်ပြထားပါသည်။ ၎င်းတို့မှာ နှစ်ပေါင်း ၅၀ကျော်ကြာ သံခင်းတမန်ခင်း တွင် အတွေ့အကြုံရှိသော သမ္မတပူတင်၏ ထိပ်တန်း နိုင်ငံခြားရေးမူဝါဒ အကြံပေး ယူရီ ဦးရှာကော့ဗ် (Yuri Ushakov) နှင့် KGB တွင် သမ္မတ ဗလာဒီမာ ပူတင်နှင့်အတူတူ တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံခြား ထောက်လှမ်းရေးဌာနအကြီးအကဲ ဆာဂေးနာရီရှ်ကင်း(Sergei Naryshkin) တို့ဖြစ်ပါသည်။ နှစ်ဦးစလုံးသည် ၂၀၂၂ခုနှစ် ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ကြပါသည်။ ထိုအဖွဲ့ ဖွဲ့စည်းပုံအရ ၂၀၂၂ ခုနှစ်က တောင်းဆိုချက်များနှင့် သမ္မတပူတင်၏ လက်ရှိတောင်းဆိုချက်များ သိသိသာသာ မပြောင်းလဲနိုင်ကြောင်း သတင်းဌာနက သုံးသပ်ထားပါသည်။ 

တစ်ချိန်တည်းတွင် သမ္မတနှင့်နီးစပ်သူ (ကီရီးလ် ဒီမီထရီယက်ဗ်) Kirill Dmitriev သည် အလွတ်သဘောဆွေးနွေးမှုလမ်းကြောင်းများမှတစ်ဆင့် ညှိနှိုင်းမှုများကိုဆက်လက်လုပ်ဆောင်မည်ကြောင်း သိရှိရပါသည်။

အမေရိကန်ဘက်မှ ပါဝင်မည့်သူများအဖြစ် နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ CIA ညွှန်ကြားရေးမှူး John Ratcliffe၊ အမျိုးသားလုံခြုံရေး အကြံပေး Mike Waltz နှင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အရှေ့ အလယ်ပိုင်းအထူးကိုယ်စားလှယ် Steven Whitkoff တို့ကို အစောပိုင်း တွင်သမ္မတဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

ကိုးကား - Bloomberg