ယူကရိန်းတွင် ဗြိတိန်တပ်ဖွဲ့ဝင်များချထားရေး အသင့်ဖြစ်နေဟု Starmer ပြော

News Image

  • ယူကရိန်းတွင် ဗြိတိန်တပ်ဖွဲ့ဝင်များချထားရေး အသင့်ဖြစ်နေဟု Starmer ပြော

ဗြိတိန်ဝန်ကြီးချုပ် Sir Keir Starmer က ရုရှားနှင့် စစ်ပြေငြိမ်းရေးသဘောတူညီချက်ရရှိပါက ယူကေသည် Kiev အတွက် လုံခြုံရေးအာမခံချက်ပေးရာတွင် ဦးဆောင်နေရာမှပါဝင်ရန် အသင့်ရှိကြောင်း ကြေညာခဲ့ပါသည်။ ထို့အပြင် ငြိမ်းချမ်းရေးတပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်း၌ တပ်စွဲထားရန်လည်း အသင့်ရှိသည်ဟု ဆိုပါသည်။

Starmer ၏ ကြေညာချက်သည် ဥရောပ၏ ပထဝီနိုင်ငံရေးအတွက် အရေးကြီးသော အချိန်ကာလတွင် ဥရောပခေါင်းဆောင်များက ပါရီမြို့တွင် အရေးပေါ်အစည်းအဝေးအတွက် စုဝေးရန် ပြင်ဆင်နေကြချိန် ထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတ Donald Trump မှ ရုရှားသမ္မတ Vladimir Putin နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရယူရန် မကြာသေးမီကကြိုးပမ်းမှုများသည် ဥရောပ မဟာမိတ်များအကြား စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။ အထူးသဖြင့် အမေရိကန်က ယူကရိန်းကို ထောက်ခံမှုလျှော့ချခြင်း သို့မဟုတ် ရုရှား အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများကို ပြေလျော့ပေးခြင်းကြောင့် ဥရောပ၏ လုံခြုံရေးအကျိုးစီးပွားများ ထိခိုက်နိုင်သည်ဟု စိုးရိမ်နေကြသည်။ ပါရီအစည်းအဝေးတွင် ဥရောပအနေဖြင့် ဤစိန်ခေါ်မှုများကို မည်သို့ ရင်ဆိုင်ဖြေရှင်းမည်၊ ၎င်း၏ ကာကွယ်ရေးစွမ်းရည်များနှင့် သံတမန်ရေးဗျူဟာများကို မည်သို့ အားဖြည့်မည်ဆိုသည့် အကြောင်းများကို ဆွေးနွေးကြမည်ဟု ယူဆရပါသည်။

ကိုးကား-RT