ယူကရိန်းက အမေရိကန်ကို အလျော်အစားပေးရမည်ဟုဆို

News Image

  • ယူကရိန်းက အမေရိကန်ကို အလျော်အစားပေးရမည်ဟုဆို

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝေါ့ဇ်က ယူကရိန်း အနေဖြင့်အမေရိကန်ပြည်သူများ၏အခွန်နှင့် တည်ဆောက်ထားသည့် အနာဂတ်အကူအညီများကို ရယူလိုပါက အနည်းဆုံး အလျော်အစား ၂ ခု လုပ်ဆောင်ပေးရန်လိုအပ်မည်ဟု ပြောလိုက်ပါသည်။ 

ယူကရိန်းရှိ မြေရှားသတ္တု ၅၀% ကို အမေရိကန်အား တူးထုတ်ခွင့်ပြုရေး စာချုပ်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက ငြင်းဆိုလိုက်ပြီးနောက် ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။ လက်ရှိတွင် အမေရိကန်က ယူကရိန်း ကို စစ်လက်နက်အကူအညီအပြင် အခြားသော စစ်ရေးနှင့် လူမှုရေးဆိုင်ရာအကူအညီများပေးအပ်ထားခြင်းအတွက် ကန်ဒေါ်လာ ဘီလီယံ ၃၀၀ ရှိနေပြီး အဆိုပါ အကူအညီများအတွက် အမေရိကန်က ယူကရိန်းရှိ မြေရှားသတ္တု ကန်ဒေါ်လာ ဘီလီယံ ၅၀၀ ဖိုး တူးထုတ်ခွင့်တောင်းလိုက် ခြင်းပင်ဖြစ်ပြီး ယူကရိန်းအနေဖြင့် သဘောတူပါက နောက်ထပ် ကန် ဒေါ်လာ ဘီလီယံ ၂၀၀ ကို ဆက်လက်ထောက်ပံ့သွားမည် ဟုဆိုသည်။ 

အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၇၅ ဘီလီယံခန့်ကို ၂၀၂၂ ခုနှစ်မှ စတင်ခွင့်ပြုထားသော်လည်း အဆိုပါ ရန်ပုံငွေများသည် ရုရှား-ယူကရိန်းစစ်ပွဲ၌ ပက်သက်နေသည့် အမေရိကန် စက်မှုလုပ်ငန်းများနှင့် အစိုးရအဖွဲ့တို့ အဓိကသုံးရန်အတွက် ရည်ရွယ်ပါသည်။ ဂျာမနီနိုင်ငံ ကီရယ်တက္ကသိုလ်၏ မှတ်တမ်းအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ အမေရိကန်က ယူကရိန်းအား ငွေကြေးနှင့် စစ်ရေးအကူအညီ ဒေါ်လာ ၉၂ ဘီလီယံခန့်သာပေးအပ်ခဲ့ပြီး အီးယူ နိုင်ငံများနှင့်ယူကေတို့က စုစုပေါင်း ကန်ဒေါ်လာ ၁၃၁ ဘီလီယံ ခွဲဝေပေးခဲ့သည်ဟု ဖော်ပြထားပါသည်။

ကိုးကား-Myanmar National Post