အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသော အိန္ဒိယနိုင်ငံသားများ တင်ဆောင်လာသည့် တတိယမြောက်လေယာဉ် ဆိုက်ရောက်

News Image

  • အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသော အိန္ဒိယနိုင်ငံသားများ တင်ဆောင်လာသည့် တတိယမြောက်လေယာဉ် ဆိုက်ရောက်

အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးခံထားရသည့် အိန္ဒိယနိုင်ငံသားများ တတိယအသုတ်ကို သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ် ပြည်နယ်၊ အမ်ရစ်ဆာမြို့သို့ ဆင်းသက်လာခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဝါရှင်တန်တွင် တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ဆောင်ရွက်မှုဖြစ်သည်။ 

ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ လေယာဉ်ပေါ်တွင် လူပေါင်း ၁၁၂ ဦးခန့် ပါရှိပြီး ၎င်းတို့ထဲမှ အများစုမှာ မြောက်ပိုင်း ဟာရယာနာ ပြည်နယ်မှ ဖြစ်သည်။ ပြည်နှင်ဒဏ်ပေးခံရသူ ၄၄ ဦးမှာ ဟာရယာနာ ပြည်နယ်မှ ဖြစ်ပြီး ၃၃ ဦးမှာ ဂူဂျာရတ်ပြည်နယ် (မိုဒီ၏ မွေးရပ်မြေ) မှ ဖြစ်ကာ ၃၁ ဦးမှာ ပန်ဂျပ်ပြည်နယ်မှ ဖြစ်သည်။ ကျန်သူများမှာ အခြား ပြည်နယ်များမှ ဖြစ်သည်။

ပြည်နှင်ဒဏ်ပေးခံရသူများသည် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များ၊ အတည်ပြုခြင်းနှင့် နောက်ခံကိုယ်ရေးအချက်အလက်စစ်ဆေးခြင်း အပါအဝင် လိုအပ်သော လုပ်ငန်းစဉ်များ ပြီးဆုံးပါက မိမိတို့၏ အိမ်များသို့ ပြန်လာခွင့်ရရှိမည်ဟု NDTV သို့ အရင်းအမြစ်များက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသား ၁၀၄ ဦးကို သယ်ဆောင်လာသည့် အမေရိကန် စစ်တပ် ၏ C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ပထမဆုံးအကြိမ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အမ်ရစ်ဆာသို့ ဆင်းသက်ခဲ့ပြီး ဒုတိယ လေယာဉ်သည် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဆင်းသက်ခဲ့သည်။

ကိုးကား-RT