ကနေဒါတွင် လေယာဉ်ပျက်ကျခဲ့သော်လည်း လိုက်ပါလာသူ ၈၀ လုံး အသက်ရှင်

News Image

  • ကနေဒါတွင် လေယာဉ်ပျက်ကျခဲ့သော်လည်း လိုက်ပါလာသူ ၈၀ လုံး အသက်ရှင်

ကနေဒါနိုင်ငံ တိုရွန်တိုပီယာဆင်လေဆိပ်၌ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဒဲလ်တာအဲယားလိုင်း ဒေသဆိုင်ရာဂျက်လေယာဉ်တစ်စင်း ပျက်ကျပြီး ပြေးလမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ လေယာဉ်ပေါ်ပါခရီးသည် ၇၆ ဦးနှင့်လေယာဉ်အမှုထမ်း ၄ ဦး၊ စုစုပေါင်း ၈၀ ဦး တွင် ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့ပါသည်။

လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် လေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဖက်ဒရယ် လေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပဏာမထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါသည်။ 

ဒဏ်ရာရ ခရီးသည် ၁၈ ဦးကို ဒေသဆိုင်ရာ ဆေးရုံများသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း တိုရွန်တို ပီယာဆင်လေဆိပ်၏ မီးသတ်ဦးစီးချုပ် တော့အိုင်တီကန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာ၌ ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးရန်အတွက် လေဆိပ် ကို ၂ နာရီကျော်ကြာ ပိတ်ထားခဲ့သော်လည်း ကျန်ရှိနေသော ခရီးစဉ်များအတွက် ပြေးလမ်း ၂ ခုကိုသာပိတ်ထားပြီး ပုံမှန်လည်ပတ်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။ ကနေဒါနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းရေးဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးမှုကို တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 

ကိုးကား-Myanmar National Post