လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်၏ အရေးပါပုံ၊ ကတ်အား အလုပ်သမားများ လက်ဝယ်ရရှိပြီးနောက် ဆောင်ရွက်ရမည့် အချက်အလက်များကို သိရှိလိုပါသည်။
လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားသည် လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားသူဖြစ်ကြောင်း သက်သေခံဖြစ်သည်။ လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရန်နှင့် သတ်မှတ်ထားသော ဆေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသမှုခံယူရန်ကတ်ပြားကို တင်ပြရမည်။ အဆိုပါကတ်ပြား ပျောက်ဆုံး/ပျက်စီးလျှင် နီးစပ်ရာ လူမှုဖူလုံရေးရုံးတွင် ပြန်လည်လျှောက်ထားရပါမည်။ ကတ်ပြားကို တစ်ဆင့်လွှဲပြောင်းခြင်း မပြုရ။ အလုပ်ဌာနအသစ်သို့ ပြောင်းရွှေ့လုပ်ကိုင်ပါက ၎င်းကတ်ပြားပါ အာမခံနံပါတ်ကိုသာ ဆက်လက်အသုံးပြု၍ ထည့်ဝင်ကြေး ဆက်လက်ပေးဆောင်ရမည် ဖြစ်ပါသည်။
Source: https://www.mol.gov.mm
အောက်ဖော်ပြပါ link တွင် ပိုမိုဖတ်ရှုလေ့လာနိုင်ပါသည်။
https://www.mol.gov.mm/faq/
MM-Questioner-Type
Question
လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်၏ အရေးပါပုံ၊ ကတ်အား အလုပ်သမားများ လက်ဝယ်ရရှိပြီးနောက် ဆောင်ရွက်ရမည့် အချက်အလက်များကို သိရှိလိုပါသည်။