ရုရှားအရေးပေါ်ဝန်ကြီးဌာနသည် Kursk ဒေသတွင် ATACMS ဒုံးကျည်၏ထိပ်ပိုင်းများကို ၂၄ နာရီအတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဖျက်ဆီးနိုင်ခဲ့
News Image

ရုရှားအရေးပေါ်ဝန်ကြီးဌာနသည် M74 တိုက်ခိုက်ရေး ချဲ့ထွက်ဗုံး (၃၀၀) တပ်ဆင်ထားသည့် အမေရိကန် နိုင်ငံထုတ် ATACMS ဒုံးကျည်၏ ထိပ်ပိုင်းများကို Kursk ဒေသတွင် ၂၄ နာရီအတွင်းရှာဖွေတွေ့ရှိခဲ့ပြီး ဖျက်ဆီး နိုင်ခဲ့ကြောင်း Reuter သတင်းဌာနမှ ဖော်ပြထား ပါသည်။
Kursk ဒေသတွင် သြဂုတ်လဆန်းပိုင်းကတည်းက ဒေသတွင်း၌ ပေါက်ကွဲပစ္စည်း ၁,၄၈၀ ကျော်ကို ရုရှား အရေးပေါ်ဝန်ကြီးဌာနက ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြ ထားသည်။
ကိုးကား - Reuter သတင်းဌာန