ငါးနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှု (Trade Surplus)
တနင်္လာနေ့ (ဇွန် ၂) တွင် ထုတ်ပြန်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ၊ စာရင်းအင်းဌာနမှ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် နိုင်ငံ၏ ကုန်သွယ်ရေး ပိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၁၆၀ မီလီယံဝန်းကျင် တွင် ရှိခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လတွင် နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှုသည် အမေရိကန် ဒေါ်လာ ၄.၃၃ ဘီလီယံ အထိ မြင့်တက်ခဲ့ပါသည်။
သွင်းကုန်တင်သွင်းမှုကို လေ့လာကြည့်ပါက ရင်းနှီးမြှုပ်နှံကုန်စည် (Capital Goods) တင်သွင်းမှုသည် အများဆုံးဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလ တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀.၅၉ ဘီလီယံ ဖြင့် ယခင်လ ထက် ၂၁.၈၄ % ခုန်တက်ခဲ့ပြီး ပို့ကုန်တင်ပို့မှုကို လေ့လာကြည့်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀.၇၄ ဘီလီယံဖြင့် ယခင်လထက် ၅.၇၆ % မြင့်တက်ခဲ့ပါသည်။
သို့ပါ၍ အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးပိုငွေပြမှုသည် ငါးနှစ်အတွင်း အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ပါသည်။
ကိုးကား- CNA
Photo: Tech in Asia
ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃