ရုရှားနှင့်အင်ဒိုနီးရှားက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူ

News Image

  • ရုရှားနှင့်အင်ဒိုနီးရှားက ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူ

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို ထူထောင်ရန် သဘောတူညီမှုရရှိလိုက်ပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါပလက်ဖောင်းသည်  နှစ်နိုင်ငံကြား နည်းပညာ လွှဲပြောင်းမှု၊ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံများ    ဖလှယ်မှုစသည်တို့အတွက် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ရုရှား-အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုပလက်ဖောင်း ထူထောင်ရေးသဘောတူညီချက်ကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တို၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပြင်ကဏ္ဍအစုံ၌ မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာစေရန် နှစ်ဖက်စလုံးကကတိပြုထားသည်ဟု အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

နှစ်နိုင်ငံကြားရရှိသည့်သဘောတူညီချက်များတွင် ပညာရေး၊ သယ်ယူပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူထုမီဒီယာကဏ္ဍတို့ ပါဝင်သည်။

MWD Web Portal