သတင်းများ

အိန္ဒိယလေယာဉ် ပျက်ကျမှုမတိုင်မီ အင်ဂျင် နှစ်လုံး အလုပ် မလုပ်တော့သည့် အလားအလာကို ကျွမ်းကျင်သူများက ထုတ်ဖော်ပြောဆို

Air India လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက လေယာဉ် အင်ဂျင် နှစ်လုံးလုံး တစ်ပြိုင်နက် အလုပ်မလုပ်တော့သည့် အတွက် လေယာဉ်၏ကန်အား ဆုံးရှုံးခဲ့ကြောင်း ထောက်ပြခဲ့သည်။

ဇွန်လ ၁၂ ရက်က Ahmedabad တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီး လူ ၂၇၉ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယ ပြည်သူ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန (DGCA) သည် ဇွန် ၁၅ ရက်တွင် နိုင်ငံ၏ Boeing 787 လေယာဉ်များ၏ လောင်စာစနစ်၊ အင်ဂျင်ထိန်းချုပ်မှုနှင့် အခြား အစိတ် အပိုင်းများကို အထူးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အမေရိကန် ရေတပ်လေယာဉ်မှူးဟောင်းနှင့် လေကြောင်းကျွမ်းကျင်သူ Steve Scheibner က အဆိုပါဖြစ်စဉ်သည် လေယာဉ်အင်ဂျင် နှစ်လုံး စလုံး အလုပ်မလုပ်တော့သည့် “အလွန်ရှားပါးသော” အဖြစ်အပျက် ဖြစ်နိုင် ကြောင်း သက်သေအထောက်အထားများကို ညွှန်ပြခဲ့သည်။

အိန္ဒိယလေယာဉ်၏ ပျံတက်စဉ် အသံနှင့်ဗီဒီယိုဖိုင် အချက်အလက်များကို ဆန်းစစ်ပြီးနောက် Mr. Scheibner က လေယာဉ်ပျံတက်ပြီးချိန်တွင် Ram Air Turbine (RAT) စနစ် အလိုအလျောက် အသက်ဝင်လာသည့် လက္ခဏာများရှိကြောင်း ပြောကြားခဲ့သည်။ RAT (Ram Air Turbine) သည် လေယာဉ်ရွေ့လျားနေစဉ် လေစီးကြောင်းကို အသုံးပြု၍ တာဘိုင်လှည့်ပေးနိုင်သော အရေးပေါ်လေတာဘိုင်စနစ်ဖြစ်သည်။ လေယာဉ်၏ လျှပ်စစ်ဓာတ်အား အားလုံးဆုံးရှုံးသွားခြင်း (သို့မဟုတ်) အင်ဂျင်နှစ်လုံးစလုံး အလုပ်မလုပ်တော့ပါက RAT စနစ်သည် အလိုအလျောက် အသက်သွင်းကာ အရေးပေါ်ဓာတ်အားကို ထုတ်လုပ်ပေးသည်။ လေယာဉ်မှူးသည် cockpit မှ RAT ကို လက်ဖြင့်လည်း ဖွင့်နိုင်သည်။

Mr. Scheibner ၏ သုံးသပ်ချက်အရ လေယာဉ်ပျံတက်ပြီးနောက် အမြင့် ရုတ်တရက်ကျဆင်းလာခြင်းနှင့် RAT စနစ် အလိုအလျောက် အသက်ဝင်လာခြင်းတို့သည် အင်ဂျင်မှ ကန်အား (thrust) အပြည့်အဝ ဆုံးရှုံးသွား ခြင်းကြောင့် လေယာဉ်အမြင့်မတက်နိုင်ခဲ့ဟူသော ယူဆချက်ကို ပိုမို ခိုင်မာ စေပါသည်။ ထိုသို့သောအခြေအနေတွင် လေယာဉ်မှူးသည် အရေးပေါ် စွမ်းအင်နှင့် ထိန်းချုပ်ရေးစနစ်များကိုသာအမှီပြု၍ လေယာဉ်ကို ထိန်းသိမ်းနိုင်ရေး လုပ်ဆောင်နိုင်သည်ဟု ဆိုနိုင်ပါသည်။ သို့သော် Scheibner က Air India လေယာဉ်အတွက် အမြင့်ပေ ၁၂၀-၁၅၀ ကဲ့သို့ နိမ့်သောအမြင့်တွင် RAT စနစ်သည် ထိရောက်စွာ အလုပ်မလုပ်နိုင်ကြောင်း ထောက်ပြခဲ့သည်။ “RAT အသက်ဝင်နေသည့်တိုင် လေယာဉ်မှူး အနေဖြင့် အင်ဂျင်ကို ပြန်လည်စတင်ရန် အချိန်မလုံလောက်ပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။

အိန္ဒိယအာဏာပိုင်များသည် ပျက်ကျသွားသော လေယာဉ်၏ Black box ကို ပြန်လည်ရရှိထားပြီဖြစ်သည်။ Scheibner က လေကြောင်း ထိန်းသိမ်းရေး ဌာနနှင့် ဆက်သွယ်မှုမှတ်တမ်းများသည် လေယာဉ်မှူး၏ “Mayday၊ ကန်အားမရှိ၊ ပါဝါမရှိ၊ အမြင့်မတက်နိုင်” ဟူသော အရေးပေါ် အချက်ပြမှု သည် အင်ဂျင်နှစ်လုံးစလုံး ပျက်စီးမှုကြောင့်ဟုတ်၊ မဟုတ် ရှင်းလင်းစွာ သိရှိရမည်ဟု ပြောကြားခဲ့သည်။

လေကြောင်းကျွမ်းကျင်သူများ၏ အင်ဂျင်နှစ်လုံးစလုံး ပျက်စီးနိုင်သည်ဟူသော လေ့လာသုံးသပ်ချက်နှင့်ပတ်သက်၍ အိန္ဒိယလေကြောင်း အာဏာပိုင်များက ယခုအချိန်တွင် မှတ်ချက်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

ကိုးကား- VN Express 

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မင်နီဆိုးတား လွှတ်တော်အမတ်လုပ်ကြံခံရမှုမှ သံသယရှိသူ၏ SUV ကားထဲတွင် AK-47 သေနတ် ၃ လက် တွေ့ရှိရကြောင်းထုတ်ပြန်

မင်နီဆိုးတား Star Tribune မှ ရရှိသော ရာဇ၀တ်မှုဆိုင်ရာ တရား စွဲဆိုချက် သတင်းများအရ စနေနေ့ (ဇွန် ၁၄) အစောပိုင်းက လုပ်ကြံခံခဲ့ရသော မင်နီဆိုးတားလွှတ်တော်အမတ် Melissa Hortman ၏ အိမ်တွင် ကျန်ရစ်ခဲ့သည့် ယာဉ်အတွင်း AK-47 တိုက်ခိုက်ရေးသေနတ် သုံးလက်နှင့် ပစ္စတိုတစ်လက် တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Vance Boelter အမည်ဖြင့် မှတ်ပုံတင်ထားသော ရဲတပ်ဖွဲ့သုံး မော်တော်ယာဉ်များတွင် တပ်ဆင်သည့် အချက်ပြမီးများ အယောင်ဆောင် တပ်ဆင်ထားသည့် Ford SUV ယာဉ်အတွင်း တိုက်ခိုက်လုပ်ကြံရန် ရည်ရွယ်ထားသည့် အဖွဲ့အစည်းများ၏ အမည်နှင့်လိပ်စာ စာရင်းလည်း ပါရှိ ခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် Hortman နေထိုင်ရာ မင်နီအာပလစ်မြို့ ဆင်ခြေဖုံးရှိ Brooklyn Park ရဲတပ်ဖွဲ့သည် ဆက်စပ်အမည်စာရင်း၌ ပါဝင်နေသော အနီးရှိ Champlin မြို့ရှိ ပြည်နယ်ဆီးနိတ် လွှတ်တော် အမတ် John Hoffman နှင့် ဇနီးတို့အား ကြိုတင်ကာကွယ်ရန် ၎င်းတို့၏ နေအိမ်သို့ သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ 

တရားစွဲဆိုချက်အပေါ် ဆက်စပ်မှု အချက်အလက်များအရ Boelter သည် ရှာဖွေတွေ့ရှိခဲ့သော လက်နက်များကို ဝယ်ယူခဲ့သူဖြစ်ကြောင်း ကွင်းဆက်ဖော်ထုတ်မှုများတွင် တွေ့ရှိရသည်။ ၎င်းသည် တိုက်ခိုက်မှုများအတွင်း ရဲဝတ်စုံအပြည့်ဝတ်ဆင်ထားပြီး ရဲများနှင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ပြီးနောက် ပျောက်ဆုံးသွားစဉ် အိမ်အနီးတစ်ဝိုက်၌ “ကျည်ကာအင်္ကျီ၊ 9mm သေနတ်အစိတ်အပိုင်းများ၊ မျက်နှာဖုံးနှင့် ရဲတပ်ဖွဲ့ဆိုင်ရာ ရွှေရောင် တံဆိပ်” တို့ကို တွေ့ရှိခဲ့ရသည်။

တနင်္ဂနွေနေ့ (ဇွန် ၁၅) ညနက်ပိုင်းတွင် Boelter အား ဖမ်းဆီးပြီးနောက် Hortman ၏အိမ်သို့ လုံခြုံရေးအဖွဲ့များ သွားရောက် စစ်ဆေးခြင်း မပြုခဲ့ပါက အများပြည်သူရုံးအဖွဲ့အစည်းများအား ထပ်မံတိုက်ခိုက်မှုများ ဖြစ်ပေါ် နိုင်သည့် မှတ်တမ်းများကို တွေ့ရှိနိုင်မည်မဟုတ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မင်နီဆိုးတား ပြည်သူ့ဘေးကင်းလုံခြုံရေး ရာဇ၀တ်မှု ဖော်ထုတ်ရေးဌာန မှ ညွှန်ကြားရေးမှူး Drew Evans က “အဆိုပါဖြစ်ရပ်သည် စုံစမ်း ဖော်ထုတ်မှုများ မဆောင်ရွက်နိုင်ပါက နောက်ထပ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း မိမိအပြည့်အဝယုံကြည်ပါသည်” ဟု တနင်္လာနေ့ (ဇွန် ၁၆) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: The New York Times

အိန္ဒိယ၌ ရဟတ်ယာဉ်တစ်စင်းပျက်ကျ လူခုနစ်ဦးသေဆုံး

နယူးဒေလီ၊ မတော်တဆမှု
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ တောင်တန်းဒေသတစ်ခုဖြစ်သော ဥတ္တရခန်းပြည်နယ်၌ ဇွန်လ ၁၅ ရက်နံနက်အစောပိုင်းတွင် ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်းပျက်ကျမှု ဖြစ်ပွားရာ ကလေးနှစ်ဦး၊ လေယာဉ်မှူးတစ်ဦးနှင့် အမျိုးသားလေးဦးတို့ပါဝင်သည့်၏ လူခုနစ်ဦးသေဆုံးကြောင်း အစိုးရအဖွဲ့ ၍ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါရဟတ်ယာဉ်သည် ဟိန္ဒူဘာသာဝင်များ ဘုရားဖူးသွားလေ့ရှိရာနေရာမှ ဖြစ်သည့် ကီဒါနက်မှ ၇ ကီလိုမီတာသာ ကွာဝေးသည့် ဂွတ်ကာရှီသို့ပျံသန်းလာစဉ် ပျက်ကျသွားခြင်းဖြစ်သည်။

ကနဦးတင်ပြချက်များ၊ မျက်မြင်တွေ့ ရှိသူများ၏ပြောဆိုချက်များအရ ရဟတ်ယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ် သူမရှိနိုင်တော့ကြောင်းနှင့် ရဟတ်ယာဉ် ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗီနေးရှန်ကာ ပန်ဒေးကပြောသည်။

အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့များက အခင်း ဖြစ်ပွားရာနေရာသို့သွားရောက်၍ ရှာဖွေ ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

Ref.: Xinhua

Photo - BBC

ဒူဘိုင်းရှိ ၆၇ ထပ် မိုးမျှော်အဆောက်အဦကြီး အကြီးအကျယ် မီးလောင်မှု ဖြစ်ပွား

ဒူဘိုင်းမြို့ Marina Pinnacle အမည်ရှိ အထပ် ၆၇ ထပ်ပါ အဆောက်အဦကြီးတွင် ဇွန် ၁၄ ရက် (စနေနေ့) ည ၉:၃၀ နာရီခန့်က အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၄,၀၀၀ နီးပါး အား ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးထားရပါသည်။ မီးသတ်တပ်ဖွဲ့များ၏ ကြိုးပမ်းမှုဖြင့် ဒဏ်ရာရသူ မရှိဘဲ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

မီးသည် အဆောက်အဦ၏ အပေါ်ထပ်များတွင် စတင်ဖြစ်ပွားခဲ့ပြီး ၆ နာရီကြာ မီးသတ်သမားများ ကြိုးပမ်းခဲ့ရပါသည်။ အိမ်ရာ ၇၆၄ ခု မှ လူ ၃,၈၂၀ ကို ဘေးကင်းစွာ ထွက်ခွာစေခဲ့ပြီး အရေးပေါ်အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း သိရှိထားရပါသည်။ အချို့ပြည်သူများက မီးသတ်သတိပေးချက် မကြားရဘဲ အိမ်နီးချင်းများ သို့မဟုတ် မီးခိုးငွေ့များကြောင့် သိရှိခဲ့ရကြောင်း ပြောကြားထားပါသည်။ 

ထိုအဆောက်အဦ၏ ၄၇ ထပ်တွင် ၂၀၁၅ ခုနှစ်က မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပါသည်။ မီးသတ်စနစ်များ အားနည်းနေခြင်းနှင့် ပိုမိုကောင်းမွန်သော လုံခြုံရေးစံနှုန်းများ လိုအပ်နေကြောင်း ပြည်သူများက ဝေဖန်ပြောဆို နေကြပါသည်။ မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါသည်။

ကိုးကား- ETNow

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ထရမ့်က ၎င်း၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သော Crypto၊ ဂေါက်ကွင်း များနှင့် လိုင်စင်ကြေးများမှ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဝင်ငွေ ရရှိကြောင်း သတင်းထုတ်ပြန်

အမေရိကန်ဘီလီယံနာ သမ္မတ Donald Trumpသည် cryptocurrency၊ ဂေါက်ကွင်းများ၊ လိုင်စင်ခွင့်ပြုချက်များနှင့် အခြားစီးပွားရေး လုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၆၀၀ သန်းကျော် ဝင်ငွေရရှိကြောင်း သောကြာနေ့ (ဇွန် ၁၃) က ထုတ်ပြန်သည့် ဘဏ္ဍာရေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုအချက်က အမေရိကန်သမ္မတ၏ ကျယ်ပြန့်သော ကိုယ်ပိုင် စီးပွားရေးအင်ပါယာအကြောင်း အရိပ်အမြွက်ပြနေသည်။

၂၀၂၄ ခုနှစ် အတွက် ဖော်ပြထားသည့် နှစ်စဉ်ဘဏ္ဍာရေး ထုတ်ဖော်ချက်အရ သမ္မတ၏ Cryptocurrency ရင်းနှီးမြှုပ်နှံမှုများက ၎င်း၏ ချမ်းသာကြွယ်ဝမှုကို သိသိသာသာ တိုးပွားစေခဲ့သော်လည်း အခြားစီးပွားရေးလုပ်ငန်းများမှ ကြီးမားသော လိုင်စင်ကြေးများနှင့် အခြားဝင်ငွေများလည်း ရရှိကြောင်း ဖော်ပြထားသည်။ Reuters ၏ တွက်ချက်မှုအရ သမ္မတ၏ ပိုင်ဆိုင်မှုတန်ဖိုးသည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရှိသည်။

Trump ၏စီးပွားရေးလုပ်ငန်းများကို ၎င်း၏သားသမီးများက စီမံ ကွပ်ကဲသော ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြောဆို ထားသော်လည်း အဆိုပါ ထုတ်ဖော်ချက်များက ထိုအရင်းအမြစ်များမှ ဝင်ငွေများသည် နောက်ဆုံးတွင် သမ္မတထံသို့ ရောက်ရှိကြောင်း ဖော်ပြနေသည်။ ထိုအချက်က ၎င်းအား conflict of interest (အကျိုးစီးပွား ပဋိပက္ခ) စွပ်စွဲချက်များကို ရင်ဆိုင်စေခဲ့သည်။

ဥပမာအားဖြင့် Cryptocurrency ကဲ့သို့သော ထရမ့်၏လုပ်ငန်းများသည် ၎င်း၏ အုပ်ချုပ်မှုအောက်တွင် အမေရိကန်မူဝါဒပြောင်းလဲမှုများမှ အကျိုး ကျေးဇူးရရှိခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

“သမ္မတ Trump၊ ဒုသမ္မတ Vance နှင့် အိမ်ဖြူတော် အကြီးတန်း ဝန်ထမ်းများသည် လိုအပ်သည့် ကျင့်ဝတ်ဆိုင်ရာ ရှင်းလင်းချက်များနှင့် ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ တာဝန်တွေကို ပြီးမြောက်ခဲ့ပါသည်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က Reuters သို့ အီးမေးလ်ပေးပို့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ “Trump အစိုးရသည် အမေရိကန်ပြည်သူများအတွက် ပွင့်လင်းမြင်သာမှုနှင့် လက်လှမ်းမီနိုင်မှုကို ကတိကဝတ်ပြုထားပါသည်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘဏ္ဍာရေးထုတ်ပြန်ချက်ကို ဇွန်လ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖော်ပြထားသော အချိန်ကာလကို ဖော်ပြထားခြင်း မရှိပါ။ Cryptocurrency စာရင်းများ၏ အသေးစိတ်အချက်အလက်များနှင့် အခြား သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဖြစ်နိုင်ကြောင်း ဖော်ပြထားပြီး မိသားစု၏ Cryptocurrency လုပ်ငန်း များမှ ရရှိသော ငွေအများစုကို ဖော်ပြထားခြင်း မရှိပေ။

Trump မိသားစုသည် သမ္မတရာထူးထမ်းဆောင်စဉ် ကာလအတွင်း စီးပွားရေးသဘောတူညီချက်များ ချမှတ်ခဲ့သည့် အရှိန်အဟုန်ကို ထည့်သွင်းစဉ်းစားပါက အဆိုပါထုတ်ပြန်မှုသည် အချိန်ကာလတစ်ခု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး မိသားစုသည် Cryptocurrency လောကထဲသို့ စတင်ဝင်ရောက်နေဆဲဖြစ်သော်လည်း အိမ်ခြံမြေစီးပွားရေးနှင့် ဂေါက်ကလပ်များသည် အဓိကစီးပွားရေးလုပ်ငန်းများဖြစ်နေဆဲဖြစ် ဖြစ်နေသည်ကို ညွှန်းဆိုနေသည်။

သမ္မတမှ ယခုနှစ်အစောပိုင်းတွင် ထုတ်ဝေခဲ့သော meme coin တစ်ခု ဖြစ်သည့် $TRUMP တစ်ခုတည်းမှပင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၂၀ သန်းခန့် ဝင်ငွေများရရှိခဲ့သော်လည်း ထိုငွေပမာဏကို Trump ဦးဆောင်သည့် အဖွဲ့အစည်းနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအကြား မည်သို့ခွဲဝေခဲ့သည်ကို အများပြည်သူက မသိရှိပေ။

Meme coin ဝင်ငွေများအပြင် Trump မိသားစုသည် Decentralized Finance ကုမ္ပဏီတစ်ခုဖြစ်သည့် World Liberty Financial မှ အမေရိကန် ဒေါ်လာ ၄၀၀ သန်းကျော် ရရှိခဲ့သည်။ Trump မိသားစုသည် bitcoin လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို လဲလှယ်ရောင်းဝယ်သည့် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထုတ်ပြန်ချက်များတွင် Trump သည် World Liberty တွင် token ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၅၇.၃၅ သန်း ရရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် ၎င်းသည် ထိုလုပ်ငန်းတွင် အုပ်ချုပ်မှုဆိုင်ရာ token ၁၅.၇၅ ဘီလီယံ ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

တရုတ်နိုင်ငံက ဦးနှောက်အတွင်း ကွန်ပျူတာချစ်ပြား ထည့်သွင်းခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် ဒုတိယမြောက် နိုင်ငံဖြစ်လာ

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံပြီးနောက် ဦးနှောက်အတွင်း ကွန်ပျူတာချစ်ပြား ထည့်သွင်းခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာပြီဖြစ်ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြထားသည်။

တရုတ်သုတေသနပညာရှင်များသည် လွန်ခဲ့သော ဆယ်စုနှစ်ခန့်က ဗို့အားမြင့် လျှပ်စစ်စီးကြောင်း မတော်တဆမှုတစ်ခုကြောင့် လက်နှစ်ဖက်စလုံး ပြတ်တောက် သွားရသည့်အသက် ၃၇ နှစ်ရှိ အမျိုးသား တစ်ဦး၏ ဦးနှောက်အတွင်း ကွန်ပျူတာ ချစ်ပြားကို ထည့်သွင်းစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ပညာရှင်များသည် မတ်လတွင် အဆိုပါ အမျိုးသား၏ ဦးနှောက်အတွင်းသို့ အကြွေစေ့ပမာဏရှိ ပစ္စည်းတစ်ခုနှင့်အတူ လိုအပ်သော လျှပ်ခေါင်းများကို ထည့်သွင်းတပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သီတင်းပတ် အနည်းငယ်အကြာတွင်  ယင်းအမျိုးသားသည်  ကွန်ပျူတာဖန်သားပြင်ပေါ်မှ ညွှန်းမြားကို ထိန်းချုပ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်လာနိုင်သည်ကို တွေ့ရသည်။

ထို့ပြင် အဆိုပါအမျိုးသားသည် ကွန်ပျူတာတွင် စစ်တုရင်ကစားခြင်း၊  ဗီဒီယိုဂိမ်းများကစားခြင်းနှင့် အခြားသော ကွန်ပျူတာအသုံးပြု လုပ်ငန်းဆောင်တာများကို ကျွမ်းကျင်သူတစ်ဦးနီးပါး အသုံးပြုလာနိုင်သည်ကို တွေ့ရသည်။

ထို့ကြောင့် သုတေသနပညာရှင်များ က အဆိုပါအောင်မြင်မှုကို အခြေခံ၍ ယခုနှစ်အတွင်း သွက်ချာပါဒဖြစ်နေသူများ သို့မဟုတ် အာရုံကြောစနစ်ဆိုင်ရာ ရောဂါခံစားနေရသူ အနည်းငယ်ဖြင့် လက်တွေ့စမ်းသပ်မှုများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါသုတေသနကို တရုတ်သိပ္ပံအကယ်ဒမီမှ ပညာရှင်များက ဦးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MWD Web Portal

ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ်ပျက်ကျ လူ ၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဟိမဝန္တာတောင်တန်းတွင် ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ကြောင်း ANI သတင်းဌာနက ဖော်ပြသည်။

ရရှိသောအချက်အလက်များအရ လေယာဉ်မှူးအပါအဝင် လူ ၇ ဦး ယာဉ်ပေါ် တွင် ရှိခဲ့ပြီး ပျက်ကျမှုတွင် လိုက်ပါသူအားလုံး သေဆုံးသွားကြောင်း NDTV ရုပ်မြင်သံကြားက ပြောကြားထားပါသည်။

အဆိုပါရဟတ်ယာဉ်သည် တောင်တန်းဒေသများကို ဖြတ်သန်း ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ မိုးလေဝသ ဆိုးရွားသော အခြေအနေများကြောင့် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။

ကိုးကား- Tass

Photo: Al Jazeera

တရုတ်က အာကာသအတွင်း လောင်စာပြန်လည်ဖြည့်တင်းရေး လုပ်ဆောင် အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တုများက စောင့်ကြည့်နေ

တရုတ်နိုင်ငံသည် အာကာသအတွင်း ဂြိုဟ်တုအချင်းချင်း လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ဆောင်နေစဉ် အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တုများက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံက Xijiang-25 အမည်ရှိ ဂြိုဟ်တုကို အာကာသအတွင်းလောင်စာ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းလုပ်နိုင်စေရန် ယခုနှစ်အတွင်း လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး Xijiang-21 ဂြိုဟ်တုနှင့်အနီးကပ်လိုက်ပါပျံသန်းကာ လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ငန်းဆောင်ရွက်နေစဉ် အမေရိကန်၏ ထောက်လှမ်းရေးဂြိုဟ်တု နှစ်စင်းက ယင်းဂြိုဟ်တုများကို အနီးကပ် စောင့်ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း ပန်ဆယ်ဗေးနီးယားပြည်နယ် အခြေစိုက် အာကာသရေးရာ လေ့လာစောင့်ကြည့်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် COMSPOC က ဇွန်လ ၁၂ ရက်တွင်ထုတ်ပြန်ထားသည်။

အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တု နှစ်စင်းဖြစ်သည့် USA 270 နှင့် USA 271 တို့အနေဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်မဟုတ်ကြောင်းနှင့် ယခင်ကလည်း ထိုကဲ့သို့လုပ်ဆောင်ခြင်း မျိုးမရှိကြောင်း  နက္ခတ္တဗေဒပညာရှင် ဂျွန်နသန်မက်ဒေါင်ဝဲက ပြောသည်။

အာကာသတွင် ဂြိုဟ်တုအချင်းချင်း လောင်စာပြန်လည် ဖြည့်တင်းရေးလုပ်ငန်းသည် ဂြိုဟ်တုများ၏ သက်တမ်းကို ပိုမိုရှည်ကြာစေရေးနှင့် ကုန်ကျစရိတ်ပိုမို သက်သာစေရေးတို့အတွက် အရေးကြီးသော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။

ထို့ပြင် ယင်းလုပ်ငန်းစဉ်ကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်းက အာကာသနယ်ပယ်တွင် လွှမ်းမိုးနိုင်မည့် အလားအလာ တစ်ခုလည်းဖြစ်သည့်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ထိုလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေကြခြင်းဖြစ်ကြောင်းသိရသည်။

မြောက်ကိုရီးယားက ဒုတိယမြောက် ချိုဟွာယွန်ဖျက်သင်္ဘောကို ရေချ

မြောက်ကိုရီးယားနိုင်ငံက နိုင်ငံ၏ ရေတပ်အတွက် ဒုတိယမြောက်ဖြစ်သော ချိုဟွာယွန်အတန်းအစား ဖျက်သင်္ဘောကို ရေချလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်း ဌာနဖြစ်သည့် KCNA က ဇွန်လ ၁၃ ရက် တွင်ဖော်ပြထားသည်။

အဆိုပါဖျက်သင်္ဘောရေချခြင်းအခမ်းအနားကို ရာကျင်းသင်္ဘောကျင်း၌ ဇွန်လ ၁၂ ရက်တွင်ကျင်းပခြင်းဖြစ်ကြောင်း၊ ထို အခမ်းအနားသို့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး တက်ရောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယင်းစစ်ရေယာဉ်သည်    ပင်လယ်ပြင် ကာကွယ်ရေးအတွက် ဦးဆောင်အင်အားစုအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ၎င်းကပြောသည်ဟု သတင်းဌာနက ဖော်ပြထား သည်။

ထို့ပြင် အဆိုပါစစ်ရေယာဉ်တွင် ဘက်စုံတိုက်ခိုက်ရေး စွမ်းရည်များကို တပ်ဆင်ထားကြောင်း၊ ထိုစွမ်းရည်များကိုမြောက်ကိုရီးယားနိုင်ငံပိုင် နည်းပညာဖြင့်ထုတ် လုပ်ထားခြင်းဖြစ်ကြောင်း၊ ရန်သူ၏တိုက်ခိုက်လာမှုကို လက်တုံ့ပြန်နိုင်ရေးအတွက် ရည်ရွယ်ထားကြောင်းနှင့် နိုင်ငံအနေဖြင့် အချိန်တစ်နှစ်ခွဲကာလအတွင်း ဘက်စုံသုံး အကြီးစားဖျက်သင်္ဘောနှစ်စင်းကို တည်ဆောက်နိုင်ကြောင်း ဗဟိုကော်မတီအတွင်း ရေးမှူးက ပြောထားသည်။

ယခုရေချလိုက်သည့် ချိုဟွာယွန် အတန်းအစားဖျက်သ င်္ဘောကို ကန်းကွန်ဟုအမည် ပေးထားကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်ဟု သိရသည်။

အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်ပျက်ကျမှုဖြစ်ပွား ၊ လူအများအပြားသေဆုံး

ခရီးသည်နှင့်လေယာဉ်အမှုထမ်း စုစု ပေါင်း ၂၄၂ ဦး လိုက်ပါလာသည့် အိန္ဒိယလေကြောင်းလိုင်းမှ  ခရီးသည်တင် လေယာဉ်တစ်စင်းသည်  ဇွန်လ ၁၂ ရက်တွင် ပျက်ကျမှုဖြစ်ပွားရာ လူအများအပြား သေဆုံးကြောင်းနှင့်    ခရီးသည်တစ်ဦး အသက်ရှင်ကျန်ရစ်ကြောင်း    သိရသည်။

အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ အမည်မှာ ဗစ်ရှဝါကူးမားရာမက်ဖြစ်ပြီး ထိုင်ခုံ နံပါတ် 11A တွင်ထိုင်သူဖြစ်ကြောင်းနှင့် ၎င်းကိုရဲတပ်ဖွဲ့ဝင်များက တွေ့ရှိပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း တာဝန်ရှိသူများ ကပြောသည်။

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ် ပြည်နယ် အမီဒါဘတ်မြို့ရှိ အပြည်ပြည် ဆိုင်ရာလေဆိပ်မှလန်ဒန်မြို့သို့ ပျံသန်းရန်  ထွက်ခွာသွားသည့် အိန္ဒိယလေကြောင်းလိုင်းမှဘိုးအင်း ၇၈၇-၈ လေယာဉ်သည် ‌  လေယာဉ်ပြေးလမ်းမှ ပျံတက်ပြီးနောက်   မကြာမီတွင်ပျက်ကျခြင်းဖြစ်သည်။

လေယာဉ်ဖြင့်လိုက်သွားသူများအနက် ၁၆၉ ဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသား တစ်ဦးနှင့် ပေါ်တူဂီနိုင်ငံသား ခုနစ်ဦးတို့ ဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ် ပြန်ထားသည်။

“ယခုကဲ့သို့ လေယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး ပြောစရာ စကားမရှိလောက်အောင်ကိုပဲ ဝမ်းနည်း ရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးသွားမှာဖြစ်ပါတယ်”ဟု အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီကပြောသည်။

အဆိုပါလေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးနောက် ၂ မိနစ်မှ ၃ မိနစ်ခန့်တွင် ဘီဂျေဆေးကောလိပ်ရှိ စားရိပ်သာအပေါ် သို့ပျက်ကျသွားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းနေရာမှ လူတစ်ဦးသေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးပြီး ၅၀ ခန့်ဒဏ်ရာ ရရှိသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

ထိုကဲ့သို့လေယာဉ်ပျက်ကျမှုနှင့် ပတ် သက်၍  အိန္ဒိယလေကြောင်းလိုင်းကို ပိုင်ဆိုင်သော ကုမ္ပဏီက သေဆုံးသူ တစ်ဦးစီ၏ မိသားစုများအား   ရူပီး ၁၀ သန်းစီ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အချိန်ပေးစုံစမ်းစစ်ဆေးရမည်ဖြစ်သော်လည်း လက်ရှိတွင်လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်လျက်ရှိကြောင်း လေကြောင်းလိုင်းမှ အမှုဆောင်ချုပ်က    ပြောထားသည်။ 