ဟောင်ကောင်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာလာသည့် အဲအိန္ဒိယလေကြောင်း : Boeing 787-8 Dreamliner အစား ခရီးသည်တင်လေယာဉ်တစ်စင်း သည် လေဆိပ်မှပျံတက်ပြီးနောက် နာရီ ဝက်ခန့်အကြာတွင် နည်းပညာပိုင်းဆိုင်ရာချွတ်ယွင်းချက်တစ်ခုကြောင့် ဟောင်ကောင်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရမှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါလေယာဉ်မှလေယာဉ်မှူးက လေယာဉ်ပျံသန်းနေစဉ် နည်းပညာပိုင်း ဆိုင်ရာချွတ်ယွင်းချက်ကို သတိပြုမိသည့်အတွက် ဟောင်ကောင်လေဆိပ်ရှိ လေ ကြောင်းထိန်းချုပ်ရေးဌာနသို့ သတင်းပို့ကာ ယင်းလေဆိပ်၌ဘေးကင်းစွာပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ထိုလေယာဉ်ကို ဘေးကင်းစိတ်ချရမှုရှိစေရေး အတွက် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း လေကြောင်းလိုင်းကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အဲအိန္ဒိယလေကြောင်းလိုင်းမှ အလားတူ အမျိုးအစားလေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးမကြာမီမှာပင် ပျက်ကျမှုဖြစ်ပွားထားကြောင်းသိရသည်။
Ref: SCMP
Photo - NBC News

OpenAI သည် ChatGPT language model ကို ဖန်တီးသည့် ကုမ္ပဏီ ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန (Pentagon) နှင့် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း တနင်္လာနေ့ (ဇွန် ၁၆) တွင် ကြေညာ ခဲ့သည်။ ၎င်းကုမ္ပဏီက အဆိုပါလုပ်ငန်းသည် တရုတ်၏ ယှဉ်ပြိုင်မှုများ တိုးမြင့်လာခြင်းမှ ဒီမိုကရေစီကို ကာကွယ်ရန် လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကြေညာချက်အရ OpenAI အား “စစ်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ နယ်ပယ်များတွင် အရေးကြီးသော အမျိုးသားလုံခြုံရေး အခက်အခဲ များကို ဖြေရှင်းရန် AI ၏ ရှေ့ဆောင် အစွမ်းအစများ ဖွံ့ဖြိုးတိုးတက်ရေး” အတွက် တာဝန်ပေးအပ်ထားသည်။ အဆိုပါလုပ်ငန်းကို ဝါရှင်တန် DC အပါအဝင် National Capital Region တွင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ပြီးစီးရန် ရည်ရွယ်ထားသည်။
အဆိုပါစာချုပ်သည် OpenAI ၏ အမေရိကန်ကာကွယ်ရေးဌာနနှင့် ပထမဆုံး အများသိစာချုပ်ဖြစ်သော်လည်း၊ ယခင်ကလည်း အမျိုးသား လုံခြုံရေး လုပ်ငန်းများတွင် ပါဝင်ခဲ့ဖူးသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် OpenAI သည် စစ်ဘက်ကုမ္ပဏီ Anduril Industries နှင့် ပူးပေါင်းကာ ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်ရန် AI စနစ်များ ဖွံ့ဖြိုးရေး လုပ်ဆောင် ခဲ့သည်။ ထိုအချိန်က Anduril က အဆိုပါပူးပေါင်းမှုသည် “အချိန်နှင့် တစ်ပြေးညီ အချက်အလက်များကို မြန်ဆန်စွာ စုစည်းခြင်း၊ လူသား များ၏ တာဝန်ဝန်ထုပ်များကို လျှော့ချခြင်းနှင့် အခြေအနေအလိုက် အသိ အမြင်ကို မြှင့်တင်ခြင်း” အတွက် AI ကို အသုံးပြုရန် ရည်ရွယ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် OpenAI ၏ CEO ဆမ် အလ်မန် (Sam Altman) သည် အခြား ဆီလီကွန်တောင်ကြားလုပ်ငန်းရှင်များနှင့် သမ္မတ ဒေါ်နယ်ထရမ့် တို့နှင့်အတူ "Project Stargate" ကို ကြေညာခဲ့သည်။ ၎င်းစီမံကိန်းသည် အမေရိကန်၏ AI ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ကွန်ပျူတာအခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည်။
ထိုလအတွင်း OpenAI သည် အမေရိကန်အစိုးရအတွက် အထူးဒီဇိုင်းပြု လုပ်ထားသော ChatGPT ဗားရှင်းတစ်ခုကို မိတ်ဆက်ခဲ့သည်။ ကုမ္ပဏီ က ယင်း Software သည် Microsoft Azure ၏ Cloud ဝန်ဆောင်မှု ကဲ့သို့သော အထူးပြု Hardware များပေါ်တွင် အလုပ်လုပ်မည်ဖြစ်ပြီး အစိုးရအေဂျင်စီများအား “၎င်းတို့၏ လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုဆိုင်ရာ လိုအပ်ချက်များကို ကိုယ်တိုင်စီမံ နိုင်စေမည်” ဟု ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် တရုတ် AI စတင်တည်ထောင်သည့် DeepSeek ၏ မိတ်ဆက်ခဲ့မှုကို အနောက်နိုင်ငံများမှ နည်းပညာ ဖွံ့ဖြိုး သူများနှင့် ရင်းနှီးမြှုပ်နှံသူများ အံ့အားသင့်ခဲ့ကြသည်။ DeepSeek က ၎င်း၏ထုတ်ကုန်သည် ChatGPT ထက် အဓိက လုပ်ငန်းလည်ပတ် စရိတ် သက်သာပြီး နည်းပညာပိုင်းတွင် ပိုမိုကောင်းမွန်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ နောက်လတွင် Altman က ဝါရှင်တန်တွင် ကျင်းပသော အစည်းအဝေးတစ်ခုတွင် OpenAI သည် ဒီမိုကရေစီတန်ဖိုးများကိုကာကွယ်ရန်အတွက် အမေရိကန်အစိုးရကို AI တွင် အမေရိကန်၏ ဦးဆောင်မှုကို ထိန်းသိမ်းနိုင်ရေး ကူညီရန် ကတိပြုခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီလတွင် OpenAI သည် Elon Musk ၏ X နှင့်ဆင်တူသော လူမှုမီဒီယာပလက်ဖောင်းအသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း ကုန်သွယ်မှု ဆိုင်ရာ စာစောင်များက ဖော်ပြခဲ့သည်။ တစ်ချိန်က Trump ၏ နီးစပ်သော မဟာမိတ်ဖြစ်ခဲ့သည့် Musk သည် ၎င်း၏ AI အထောက်အကူ တစ်ခု ဖြစ်သော Grok ကို X တွင် ပေါင်းစည်းရန် လုပ်ဆောင်နေသည်။
ဘီလီယံနာ Musk သည် OpenAI ကို ပူးတွဲတည်ထောင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီမှ ခွဲထွက်ခဲ့သည်။ ယခုအခါတွင် Musk နှင့် Altman တို့သည် ပြင်းထန်သော ပြိုင်ဆိုင်မှုတစ်ခုတွင် ပါဝင်နေကြသည် ဟု သတင်းများထွက်ပေါ်နေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Skyrider X6 လို့အမည်ပေးထားတဲ့ ဆိုင်ကယ်ပျံတစ်မျိုးကို တရုတ်နိုင်ငံရှိ Kuickwheel ဆိုတဲ့ကုမ္ပဏီက တရားဝင်ထုတ်ဖော်ပြသ လိုက်ပါပြီ။ အဲဒီဆိုင်ကယ်ပျံက ပုံစံနှစ်မျိုးနဲ့ သွားလာနိုင်အောင် တီထွင်ထားတာဖြစ်ပြီး တရုတ်နိုင်ငံမှာရှိတဲ့ ကုန်ပစ္စည်းရောင်းဝယ်ရေး ဝက်ဆိုက်တွေကနေ တစ်ဆင့် ကြိုတင်အမှာစာတွေ တင်ထားလို့ရပါပြီဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဈေးနှုန်းကိုတော့ယွမ် ၄၉၈၈၀၀၀ သတ်မှတ်ထားပါတယ်။

အဲဒီဆိုင်ကယ်ပျံက ဘီးသုံးဘီးပါဝင်ကာ ကုန်းပေါ်မှာသာ သွားလာနိုင်ရုံမက လေပေါ်မှာပါ ပျံသန်းနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။သူ့မှာ အခြေအနေ နှစ်ရပ်ပါဝင်ပါတယ်။ ပထမတစ်ခုက ပြောင်းပြန်သွား သုံးဘီးယာဉ် စနစ်ဖြစ်ပြီး သူကမြေပြင်ပေါ်မှာ သွားလာမှုအတွက် အသုံးဝင်တဲ့စနစ်ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ သူ့ဆီကနေဒလက်တွေ ထွက်ပေါ်လာပြီး ပျံသန်းမှုအတွက် ပုံစံပြောင်းလဲသွားနိုင်တဲ့စနစ် ဖြစ်ပါတယ်။
မြေပြင်မှာသွားလာမယ်ဆိုရင် အဲဒီဆိုင်ကယ်က တစ်နာရီကို ကီလိုမီတာ ၇၀ နှုန်းနဲ့ ကီလိုမီတာ ၂၀၀ အထိသွားနိုင်ပြီး ပျံသန်းမှု လုပ်ဆောင်စဉ်မှာတော့ တစ်နာရီကို ၄၄ ဒသမ ၇ မိုင်နှုန်းနဲ့ ပျံသန်းနိုင်မှာပါ။ မြေပြင်မှာ သွားလာဖို့အတွက် လျှပ်စစ်မော်တာတွေ က တာဝန်ယူပေးမှာဖြစ်သလို လေပေါ်မှာပျံသန်းဖို့ အတွက်လည်း လျှပ်စစ်မော်တာ အသုံးပြုထားတဲ့ ဒလက်တွေက တာဝန်ယူပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားချက် အရဆိုရင် Skyrider X6 သည် အလိုအလျောက်ပျံသန်းခြင်း၊ ဆင်းသက်ခြင်းနှင့် လမ်းကြောင်းရွေးချယ် ခြင်းတို့ကို လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။ ဒါတင် မကသေးပါဘူး။ သူ့ကိုကာဗွန်ဖိုင်ဘာနဲ့ လေကြောင်း အဆင့်သုံး အလူမီနီယံသတ္တုစပ်တို့ကို အသုံးပြုထားတာကြောင့် အလေးချိန်က ပေါ့ပါးပါတယ်။
နည်းပညာသတင်း

ဒေလီ ဇွန် ၁၆
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်တြပြည်နယ် ပူနေးမြို့ ၌ ဇွန် ၁၅ ရက်က မြစ်ကူးတံတား တစ်စင်းပြိုကျခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
ပြိုကျခဲ့သည့်တံတားမှာ အင်ဒရာ ယာနီအမည်ရှိမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသည့် မြစ်ကူး တံတားဖြစ်သည်။
တံတားပြိုကျစဉ်အတွင်း လူ အချို့မြစ်ထဲပြုတ်ကျခဲ့ရာ ရှာဖွေ ရေးလုပ်ငန်းများ လုပ်ဆောင်နေ ကြောင်း မဟာရက်ရှိကြပြည်နယ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တံကားပြိုကျချိန်တွင် လူပေါင်း ၃၂ ဦး ဒဏ်ရာများရခဲ့ပြီး ခြောက်ဦးကို မြစ်ထဲမှကယ်ဆယ်နိုင်ခဲ့သည်။
တံတားပြိုကျမှုအတွင်း ဒဏ်ရာရသူများအနက် ခြောက်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း အိန္ဒိယ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အခြေခံ အဆောက်အအုံများ၌ ရှေးယခင်ကပင် ဘေးကင်းလုံခြုံမှုပြဿနာ များရှိခဲ့ရာ အဝေးပြေးလမ်းနှင့်တံတားများပေါ်၌ မတော်တဆမှု များ မကြာခဏဖြစ်ပွားတတ်ကြောင်း သိရသည်။
Ref: Xinhua
Trs: KKO

စင်ကာပူ ဇွန် ၁၆
အစ္စရေးနှင့် အီရန်တို့ကြား လက်ရှိဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကြောင့် ယနေ့တွင် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံ ဈေးနှုန်းများ မြင့်တက်လာခဲ့ ပြုကြောင်း သိရသည်။ အစ္စရေးနှင့် အီရန်တို့ကြား ဇွန် ၁၅ ရက်တွင် တတိယမြောက်နေ့အဖြစ် အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးနောက် ယနေ့တွင် ကမ္ဘာ့ ရေနံဈေးကွက်၌ ရေနံဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့တွင်ကမ္ဘာ့ရေနံဈေးကွက် ၌ စံမှတ်ရေနံဈေးနှုန်းများမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀ ဒေါ်လာ တစ်နည်း အားဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ရေနံစိမ်းတစ်စည် လျှင် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၉၃ ဒေါ်လာထိ ရောက်ရှိခဲ့သည်။
အစ္စရေးနှင့်အီရန်ကြား ပဋိပက္ခများ ကျယ်ပြန့်လာခဲ့ပါက အရှေ့အလယ်ပိုင်းဒေသမှ ရေနံ ပို့ကုန်လုပ်ငန်းများ ထိခိုက်မည့် အရေးစိုးရိမ်နေကြချိန်တွင် ကမ္ဘာ့ ဈေးကွက်၌ ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နည်းတူ ပဋိပက္ခများ ကြောင့် ဟော်မုဇ်ရေလက်ကြား တစ်လျှောက် ရေနံသယ်ပို့ရေး လုပ်ငန်းများထိခိုက်မည့်အရေးကို လည်း ကမ္ဘာ့နိုင်ငံများက စိုးရိမ် လျက်ရှိသည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့နေ့စဉ် ရေနံထုတ်လုပ်မှု ပမာဏ၏ငါးပုံတစ်ပုံခန့် တစ်နည်း အားဖြင့် ရေနံစည်ပေါင်း ၁၈ သန်း နှင့် ၁၉ သန်းကြား နေ့စဉ်ဖြတ်သန်း နေသော ရေလမ်းကြောင်းဖြစ်ကြောင်း သိရသည်။
Act Ref: Xinhua
Trs: KKO
Photo - The Economic Times
YDNB Newspaper

ဂျပန်နိုင်ငံဗဟိုဘဏ်သည် ကာလတိုအပ်နှံခြင်းအတွက် အခြေခံဘဏ်တိုးနှုန်းများကို ၀.၅ ရာခိုင်နှုန်းခန့်သာ မပြောင်းလဲဘဲထားရှိမည်ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်တွင်ပြီးဆုံးခဲ့သည့် ၂ ရက်ကြာမူဝါဒဆိုင်ရာ အစည်းအဝေး အပြီးတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံခြင်းသည် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုရှိ/မရှိ မသေချာမရေရာမှုများကြားတွင် ဂျပန်ဗဟိုဘဏ်က ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂျပန်ဗဟိုဘဏ်က လစဉ် အစိုးရ၏ငွေတိုက်စာချုပ်များ ဝယ်ယူမှုကို လျှော့ချမည့်အစီအစဉ်ကိုလည်း ဆုံးဖြတ်ခဲ့သည်။
လက်ရှိတွင် ၃ လပတ်တစ်ခုအတွင်း ငွေတိုက်စာချုပ်ဝယ်ယူမှုကို ယန်းငွေ ဘီလီယံ ၄၀၀ ခန့် (အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံခန့်) ရှိရာမှ ၂၀၂၆ ခုနှစ်၊ ဧပြီလမှစ၍ ၃ လပတ်တစ်ခုလျှင် ယန်းငွေ ဘီလီယံ ၂၀၀ ခန့် (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်) အထိ လျှော့ချသွားရန် ရည်ရွယ်ထားရှိကြောင်း NHK သတင်း စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား - NHK
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက- ၄

ဂျပန်နိုင်ငံရှိ ကုန်တိုက်ကြီးများတွင် ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများသည် သီတင်းပတ်သုံးပတ်အထိဆက်လက်ကျဆင်းလာကြောင်း ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်သောအချက် အလက်များတွင် တွေ့ရသည်။
အစိုးရကသိုလှောင်ထားသည့်အရန် ဆန်များကို ဈေးနှုန်းလျှော့ချ၍ ဈေးကွက် အတွင်းရောင်းချပေးမှုကြောင့် ယခုကဲ့သို့ ဈေးနှုန်းများကျဆင်းလာခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ၌ ဆန်ဈေးနှုန်းများတစ်ဟုန်ထိုးမြင့်တက်လာပြီးနောက် လယ်ယာ ဝန်ကြီးအသစ်က အရေးပေါ်ဆန်များကို လေလံဆွဲခြင်းမှတစ်ဆင့် ရောင်းချဖြန့်ဖြူး ပေးမှုစနစ်ကိုဖျက်သိမ်းလိုက်သည်။

ထိုစနစ်အစား လက်ကားကိုယ်စား လှယ်များထံသို့ လိုအပ်သလောက်သာ ထုတ်ပေးသောစနစ်သို့ပြောင်းလဲပြီး စားသုံး သူများအနေဖြင့် ဆန် ၅ ကီလိုဂရမ်လျှင် ယန်း ၂၀ဝ၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်စေ ရေးကို စီစဉ်ပေးလာခြင်းဖြစ်ကြောင်း သိရသည်။
Ref: RTA

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဝူချန်း၊ ဟန့်ခို၊ ဟန့်ယန်ခရိုင်တို့ကို ချိတ်ဆက်ထားသော ဒရုန်းပျံသန်းမှု လမ်းကြောင်းသစ် ၁၀ ခုအား ဇွန် ၁၆ ရက်က တရားဝင် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝေဟင်နိမ့် ပျံသန်းရေး ဝန်ဆောင်မှု၌ အချိန်နှင့်တစ်ပြေးညီ လွှတ်တင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခု၊ စမတ်နည်းပညာသုံး ထိန်းချုပ်ကွပ်ကဲရေး စင်တာနှစ်ခု၊ ဝေဟင်နိမ့်လမ်းကြောင်း ၁၀ ခုနှင့် ဉာဏ်ရည် ထည့်သွင်းထားသော ဒရုန်းရပ်နားသည့်နေရာ ၂၂ ခုတို့ ပါဝင်ရာ ပင်လယ်စာ၊ ဆေးဝါးနှင့် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသောပန်းများ စသည့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို လွယ်ကူမြန်ဆန်စေကြောင်း သိရသည်။

ကိုးကား- Xinhua Myanmar

GAC ကုမ္ပဏီက တရုတ်နိုင်ငံရဲ့နာမည်ကျော် မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုတော့ သူတို့က သမားရိုးကျ ကားတွေအပြင် ကားပျံကိုပါထုတ်ဖော်ပြသလိုက်ပါ ပြီ။ အဲဒီကားပျံကို Govy AirCab လို့နာမည်ပေးထားပါတယ်။
Govy AirCab က ထိုင်ခုံနှစ်လုံးပါပြီး ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ ကားပျံအမျိုးအစားဖြစ်ပါတယ်။ GAC ကုမ္ပဏီက အခုလိုမျိုးကားပျံတွေကို ထုတ်လုပ်ခြင်းက ဝေဟင်အငှားယာဉ်ဈေးကွက်ကို ပိုမို တွင်ကျယ်လာစေဖို့ ဖြစ်တယ်လို့ဆိုပါတယ်။
သူ့ရဲ့တန်ဖိုးကိုတော့ ယွမ် ၁ ဒသမ ၆၉ သန်းဝန်းကျင် သတ်မှတ်ထားပါတယ်။

သူ့ကိုလျှပ်စစ်စွမ်းအင် အသုံးပြုထားတာဖြစ်ပြီး တစ်ကြိမ်အားအပြည့် သွင်းထားရုံနဲ့ ကီလိုမီတာ ၃၀ အထိ သွားနိုင်စေမယ်လို့ဆိုပါတယ်။ ဒါကြောင့်သူ့ကို အဓိကအသုံးပြုနိုင်တဲ့ နေရာက ဝေးကွာတဲ့ခရီးစဉ်တွေထက် မြို့တွင်းမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
သူ့ကိုအားသွင်းမယ်ဆိုရင် အပြည့်သွင်းပါက ၂၅ မိနစ်ကြာမြင့်မှာဖြစ်ပြီး ၅၀ ရာခိုင်နှုန်းသာသွင်းပါက ၁၅ မိနစ်ကြာမြင့်မယ်လို့ GAC ကုမ္ပဏီက ထုတ်ပြန် ထားပါတယ်။ သူ့မှာလိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကိုတော့ ထုလုံးပုံဘက်ထရီတွေကနေ ရယူတာဖြစ်ပြီး အဲဒီဘက်ထရီတွေက သိပ်သည်းဆမြင့်မားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တခြားလုပ်ဆောင်ချက်တွေအနေနဲ့ 5G ကွန်ရက်ကို အသုံးပြုခြင်း၊ အသံလက်ထောက်စနစ်ပါဝင်ခြင်း၊ မွှေးရနံ့၊ အပူချိန်နဲ့ ဂီတသံတို့ကို ချိန်ညှိ နိုင်ခြင်းတို့အပြင် တခြားသော အဆင့်မြင့်လုပ်ဆောင် ချက်တွေကို ထည့်သွင်းပေးထားတယ်လို့ GAC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Fulwin A9L ဆိုတာ တရုတ်နိုင်ငံ မှမော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chery က ထုတ်လုပ်ထားတဲ့ စွမ်းအင်နှစ်မျိုးသုံး ဇိမ်ခံကားတစ်စီး ဖြစ်ပါတယ်။ ဇူလိုင်လရဲ့ အစောပိုင်းရက်တွေမှာ တရုတ်ပြည်တွင်း ရောင်းချမှုအတွက် ကြိုတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြိုတင် အမှာစာတွေကို လက်ခံနေပါပြီ။

အရင်တုန်းကသူ့ကို Fulwin A9 လို့ သတ်မှတ်ထားခဲ့ပေမယ့် အခုတော့ ပြည်တွင်းရှိ BYD ကုမ္ပဏီရဲ့Han DM-i ကားနဲ့ Geely ရဲ့ Galaxy Starshine 8 ဆိုတဲ့ကားများနဲ့ ယှဉ်ပြိုင်နိုင်စေဖို့ အခုလိုမျိုး အဆင့်မြင့်ဇိမ်ခံ အမျိုးအစားကို ထုတ်လုပ်လာတာဖြစ်ပါတယ်။
ဟောင်ကောင်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ A9L ရဲ့ ဈေးနှုန်းကိုတော့ ဒေါ်လာ ၂၀၇၀၀ ကနေ ဒေါ်လာ ၂၇၆၀၀ ကြားရှိမယ်လို့ခန့်မှန်း ထားပါတယ်။ ကားရဲ့အရွယ်အစားမှာ အလျား ၅ ဒသမ ၀၁၈ မီတာနဲ့ အနံက ၁ ဒသမ ၉၆၅ မီတာရှိကာ အမြင့်ကတော့ ၃ မီတာအထိရှိပါတယ်။
ရှေ့အင်ဂျင်အဖုံးရဲ့အောက်မှာဆိုရင် Chery ကုမ္ပဏီက ထုတ်လုပ်ထားရှိတဲ့ အဆင့်မြင့် Kunpeng Super Hybrid Electric 6.0 စနစ်ကိုတပ်ဆင်ပေးထား ပါတယ်။ ဂီယာဘောက်ကိုတော့ ခြေနင်း စရာမလိုတဲ့ DHT Pro ဂီယာကိုတွဲဖက် တပ်ဆင်ပေးထားတာပါ။
အထူးသဖြင့် သူ့ရဲ့စွမ်းဆောင်ရည်က 1.5T တာဘိုအင်ဂျင်ကနေ အမြင့်ဆုံး စွမ်းအားအဖြစ် ကီလိုဝပ် ၁၆၀ ကိုထုတ်လုပ် ပေးပြီး စွမ်းအင်ပမာဏ ၃၃ ဒသမ ၇ ကီလိုဝပ်နာရီရှိတဲ့ ဖော့စဖိတ် Kunpeng Blade ဘက်ထရီနဲ့တွဲဖက်အသုံးပြုထားခြင်းဖြစ်ပါတယ်။ ဒါက စွမ်းအင်နှစ်မျိုးကို တွဲဖက်အသုံးပြုထားတဲ့ စနစ်ဖြစ်ပါတယ်။
ဒီစနစ်မှာ လျှပ်စစ်စွမ်းအင်သီးသန့်ကိုသာ အသုံးပြုမယ်ဆိုရင် မိုင်အားဖြင့် ၁၆၁ မိုင်သာ ခရီးရောက်ပေမယ့် နှစ်မျိုးပေါင်း အသုံးပြုလိုက်မယ်ဆိုပါက အကြမ်းဖျင်းအားဖြင့် မိုင်ပေါင်း ၁၂၄၃ မိုင်အထိရောက် ရှိနိုင်စေမှာဖြစ်ပါတယ်။
ဒါ့အပြင် A9L ကို အဆင့်မြင့်ဇိမ်ခံကား တစ်စီးအဖြစ်ဖန်တီးထားခြင်း ဖြစ်တာနဲ့အညီ သတင်းပေးဖျော်ဖြေရေးစနစ်မှာဆိုရင်လည်း Qualcomm ကုမ္ပဏီထုတ်လုပ်ထားတဲ့ Snapdragon 8255 ချစ်ဆက်ကို အသုံးပြုထားပါတယ်။
ဒါ့အပြင် ယာဉ်မောင်းအထောက်အကူပြုစနစ်နဲ့ အလိုအလျောက်မောင်းနှင်နိုင်မယ့်စနစ်များအတွက် LiDAR စနစ် အပါအဝင် အဆင့်မြင့်အာရုံခံကိရိယာပေါင်း ၂၇ ခု၊ မီလီမီတာလှိုင်းနှုန်း ထုတ်လွှင့်ပေးသည့် ရေဒါများ၊ ပတ်ပတ်လည်အမြင်နှင့် မြင်ကွင်းကျယ်ကင်မရာများအပြင် အသံနှုန်းလွန် အာရုံခံကိရိယာများကို Orin Y 200T ဆိုတဲ့တွက်ချက်မှု စနစ်နဲ့တွဲဖက်ပြီး အသုံးပြုပေးထားပါတယ်။
ဒီလိုမျိုး အာရုံခံကိရိယာတွေနဲ့ တွက်ချက်မှုစနစ်တွေကြောင့် A9L ဟာ ပါကင်ထိုးခြင်းကိုမှတ်သားသည့် စွမ်းရည်၊ အမြန် လမ်းနဲ့မြို့တွင်းလမ်းတွေမှာ လမ်းညွှန် အော်တိုမောင်းစနစ်၊ အတားအဆီးများကို အသိဉာဏ်ရှိစွာ ကျော်လွှားနိုင်သည့်စွမ်းဆောင်ရည်၊ မျက်ကွယ်သတိပေးစနစ်နဲ့ လမ်းကျော်သတိပေး စနစ်တို့က ပိုမိုအလုပ် ဖြစ်လာစေပါတယ်။
ဒီကားတွေကို တရုတ်ပြည်တွင်းမှာ လာမယ့်လကစပြီး ရောင်းချသွားမှာဖြစ်ပေမယ့် ကမ္ဘာတစ်ဝန်းသို့ တင်ပို့ရောင်းချမှုကိုတော့ လာမယ့်နှစ် ပထမသုံးလပတ် အတွင်းလုပ်ဆောင် သွားမယ်လို့ Chery ကုမ္ပဏီမှ ဥက္ကဋ္ဌ ယင်တောင်ယွီကပြောပါတယ်။
ဒါ့အပြင် Chery ကုမ္ပဏီဟာ မကြာခင် မှာ ကမ္ဘာတစ်ဝန်းဆီ မော်တော်ကားအစီး ရေပေါင်း ၅ သန်းအထိ တင်ပို့ရောင်းချထား နိုင်တဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံး ကုမ္ပဏီဖြစ်လာမှာဖြစ်ပါတယ်။