သတင်းများ

လေထဲကနေပြန်မဆင်းဘဲ မိုင်ပေါင်း ၅၇၅၀ ကို မရပ်မနား ကင်းလှည့်မယ့်ဒရုန်း

ဗြိတိန်လေတပ်အတွက် သမိုင်းတွင်လောက်စေမယ့် ဒရုန်းတစ်စင်းတော့ ထွက်ပေါ်လာပါပြီ။ အဲဒီဒရုန်းကို Protector RG Mk1 လို့အမည်ပေးထားပါတယ်။သူက  ပြည်တွင်းရှိ ဝေဟင်ပိုင်နက်မှာ လုပ်ငန်းများ ဆောင်ရွက်နိုင်မယ့် အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး ဗြိတိန်နိုင်ငံအတွက် ပထမဆုံးဖြစ်လာမယ့် အဝေးထိန်းမောင်းနှင်နိုင်တဲ့လေကြောင်း စနစ်တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဒီလေကြောင်းစနစ်က ဗြိတိန်နိုင်ငံရဲ့ မောင်းသူမဲ့တိုက်ပွဲဝင် လေယာဉ်များအတွက် သမိုင်းမှတ်တမ်းအသစ်ရဲ့ အစလည်းဖြစ်ပါတယ်။ ဗြိတိန် လေတပ်က မောင်းသူမဲ့တိုက်ပွဲဝင်လေယာဉ်များအဖြစ် MQ-9B ကို လက်ရှိအသုံးပြုနေတာပါ။

Protector RG Mk1 လို့အမည်ပေးထားတဲ့ ဒရုန်းကို ဗြိတိန်တော်ဝင်လေတပ်ရဲ့ ဝက်ဒင်တန်လေတပ်စခန်းမှသည် မာဟမ်လေတပ်စခန်းအထိ မောင်းနှင်ပြီးစမ်းသပ်ခဲ့တာပါ။ အခုလက်ရှိမှာတော့ သူ့ရဲ့တာ ဝေးစစ်ဆင်နိုင်စွမ်းကို စမ်းသပ်တာသာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာတော့ သူ့ရဲ့စစ်ဆင်ရေးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လက်ရှိစမ်းသပ်မှုများအရဆိုရင် သူက ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ Paveway IV လေဆာလမ်းညွှန်ဗုံး များနဲ့ Brimstone 3 ဒုံးကျည်များကို သယ်ဆောင်ကာ အမြင့်ပေ ၄၀၀၀၀ ကနေ နာရီပေါင်း ၃၀ ကျော် ကြာတဲ့အထိ ပျံသန်းနိုင်ပါတယ်။ သူပျံသန်းနိုင်တဲ့ အကွာအဝေးက မိုင်ပေါင်း ၅၇၅၀ ရှိတာကြောင့် ကင်းလှည့်ခြင်း၊ ထောက်လှမ်းခြင်း၊ ပစ်မှတ်ရှာဖွေခြင်းတို့အပြင် တိကျစွာပစ်ခတ်ခြင်း တို့ကိုမရပ်မနား ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

MWD Web Portal

နည်းပညာသတင်း

ပြည်တွင်းဖြစ် ဖူကျန့်လေယာဉ်တင် သင်္ဘော မကြာမီကာလတွင် တရုတ်ရေတပ်၌ တာဝန်ထမ်းဆောင်မည်ဟု ခန့်မှန်း

လူမှုမီဒီယာများတွင် ထွက်ပေါ်လာနေသည့်ဓာတ်ပုံအသစ်များ အရ ပြည်တွင်းဖြစ် ဖူကျန့်လေယာဉ်တင်သင်္ဘောသည် မကြာမီကာလတွင် တရုတ်ရေတပ်၌    တာဝန် ထမ်းဆောင်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

အလားတူ တရုတ်နိုင်ငံပိုင်သတင်းဌာန တစ်ခုကလည်း ဖူကျန့်အမည်ရှိလေယာဉ်တင်သင်္ဘောသည် တရုတ်ရေတပ်အတွက် တတိယမြောက် လေယာဉ်တင်သင်္ဘော ဖြစ်လာတော့မည်ဟု    အရိပ်အမြွက် ပြောထားသည်။

အွန်လိုင်းပေါ်မှ မြင်တွေ့ရသောဂြိုဟ်တု ဓာတ်ပုံများအရ လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် လေယာဉ်များအတွက် ဆေးသုတ်ထားသည့် နေရာအသစ် ၃၆ ခု ကိုမြင်တွေ့ရသည်။   ထိုနေရာများကို ကြည့်ခြင်းအားဖြင့် ဖူကျန့်လေယာဉ်တင်သင်္ဘောသည် ရေတပ်ကလက်ရှိ အသုံးပြုနေသော လေယာဉ်တင်သင်္ဘောများထက် ပိုမိုများပြားသည့်   လေယာဉ်များကို တင်ဆောင်နိုင်မည်ဟု ယုံကြည်ရသည်။

ထိုအမှတ်အသားများသည် ဖူကျန့်ကို တပ်တော်သွင်းရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ တပ်တော်သွင်းပြီးနောက် ထိုသင်္ဘောနှင့်လေယာဉ်တို့ကြား သဟဇာတဖြစ်စေရေးနှင့်  အခြားလက်နက်များကို စမ်းသပ်နိုင်ရေးတို့ အတွက် လေယာဉ်တင်သင်္ဘောကို    လက်တွေ့စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်း တရုတ်တပ်မတော်မှ နည်းပြဟောင်း တစ်ဦးဖြစ်သည့် ဆုန်ကျောင့်ပင်းက မှတ်ချက် ပြုပြောထားသည်။

ဒုတိယမြောက် တရုတ်ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောဖြစ်သော ဖူကျန့်သည် အမေရိကန်ရေတပ်ပြီးနောက် လျှပ်စစ်သံလိုက်စနစ်ဖြင့် လေယာဉ်လွှတ်တင် စနစ်နှင့် ပြန်လည်ဖမ်းယူသည့်စနစ်တို့ကို ပထမဆုံး တပ်ဆင်ထားသည့် လေယာဉ်တင်သင်္ဘော ဖြစ်လာကြောင်း သိရသည်။

ဩစတြီးယားနိုင်ငံ အယ်လ်ပ်ရေခဲတောင်တွင် မိုးကြိုးထိမှန်ကာ တောင်တက်သမားသုံးဦး သေဆုံးခဲ့

ဗီယင်နာ ဇွန် ၁၇
ဩစတြီးယားနိုင်ငံ၏ ဧရိယာအတွင်းရှိ အယ်လ်ပ်ရေခဲတောင်တွင် ဇွန် ၁၆ ရက်က မိုးသက်လေပြင်းကျရောက်ကာ မိုးကြိုးပစ်မှုကြောင့် မိုးကြိုးထိမှန်၍ တောင် တက်သမားသုံးဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း အယ်ပိုင်းရဲတပ်ဖွဲ့ က အတည်ပြုခဲ့သည်ဟု ယနေ့ သတင်းများတွင်ဖော်ပြထားသည်။ 

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့်ဧရိယာသည် ဖလက်ရှ်ကျေးလက် ဒေသဖြင့်နီးကပ်ကာ သေဆုံးသူ သုံးဦးမှာ မိသားစုဝင်များဖြစ်ကြပြီး အသက် ၆၀ အရွယ် ဇနီးမောင်နှံ နှစ်ဦးနှင့် အမျိုးသမီး၏ အစ်ကို ဖြစ်သူ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ သေဆုံးသူသုံးဦး၏ ရုပ်အလောင်း ကိုလည်း သက်ဆိုင်ရာက လိုအပ် သည်များ စစ်ဆေးပြီးနောက် မိသားစုဝင်များ၏ ဆန္ဒအတိုင်းဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အယ်ပိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

"ဇွန် ၁၆ ရက်က ဖလက်ရှ် ကျေးလက်ဒေသ အနီးမှာရှိတဲ့ အယ်လ်ပ် ရေခဲတောင်တန်းမှာ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး မိုးကြိုးပစ်ခဲ့တယ်။ တောင်တက် သမားသုံးဦးမိုးကြိုးထိမှန်ပြီးတော့ သေဆုံးခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွား ခဲ့တဲ့နေရာကို အယ်ပိုင်းရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးမှုပြုလုပ် ခဲ့ပါတယ်"ဟု အယ်ပိုင်းရဲတပ်ဖွဲ့မှ  ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါအယ်လ်ပ်ရေခဲတောင် သည် တောင်တက်သမားများနှင့် ရေခဲပြင် စကိတ်လျှောစီးသူများ နှစ်စဉ် သွားရောက်သည့် တောင်တန်းဖြစ်ကြောင်း သိရသည်။

Ref: Russia Today

Trs: Sai Sat

Photo -AOL.com

အမေရိကန်နိုင်ငံတွင် ရုပ်ကြွင်းလောင်စာ ကုမ္ပဏီများကို ဥပဒေအရ ဖိအားပေးနေမှုကို ရပ်တန့်တော့မည်ဖြစ်

ဝါရှင်တန် ဇွန် ၁၇

အမေရိကန်နိုင်ငံတွင် ရုပ်ကြွင်းလောင်စာကုမ္ပဏီများကို ဥပဒေလမ်းကြောင်းအရ ဖိအားပေးနေမှုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ(EPA)က ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

ရာသီဥတုဖောက်ပြန်မှု ထိန်းချုပ်ရေးစီမံချက်များအရ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် ရုပ်ကြွင်းလောင်စာ ထုတ်လုပ် သည့်ကုမ္ပဏီများကို ဥပဒေစည်းမျဉ်းများဖြင့် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ(EPA)က ရုပ်ကြွင်း လောင်စာထုတ်လုပ်သည့်ကုမ္ပဏီများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများဖြင့် ကန့်သတ်ထိန်းချုပ်မှုများကို အဓိက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း စီးပွားရေး ကဏ္ဍနှင့် စက်မှုဇုန်ကဏ္ဍတို့ အတွက် အရေးပါသည့်ရုပ်ကြွင်း လောင်စာများ ထုတ်လုပ်မှုလျော့ ကျလာသည့်အတွက် သမ္မတ

ဒေါ်နယ်ထရမ့်အနေဖြင့် ရုပ်ကြွင်း လောင်စာကုမ္ပဏီများကို ဥပဒေ ဖြင့် ကန့်သတ်ထိန်းချုပ်မှုများကို ဖြေလျှော့ရန်အတွက် EPA ကို ညွှန် ကြားခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့အစိုးရအဖွဲ့က ရေနံ နဲ့ သဘာဝဓာတ်ငွေ့နယ်ပယ်ကို အဓိက ပစ်မှတ်ထားပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေတွေကြောင့် ပြည်သူတချို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတယ်။ လက်ရှိ EPA အနေနဲ့ ဒီဥပဒေစည်းမျဉ်းတွေ အတိုင်း လိုက်ပါလုပ်ဆောင်နေ ရတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်တွေမှာ စစ်ဆေးမှုတွေ၊ ဖိအားပေးမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ စီးပွားရေးကဏ္ဍနဲ့ စက်မှုကုန်ထုတ် လုပ်မှုကဏ္ဍအတွက် ရုပ်ကြွင်း လောင်စာကုမ္ပဏီတွေကို ဥပဒေ လမ်းကြောင်းအရ ဖိအားပေးတာ တွေကို ရပ်တန့်တော့မှာဖြစ်ပါ တယ်"ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ(EPA) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

Ref: Sputnik News

Trs: Sai Sat

YDNB Newspaper

Photo - The Guardian

အစ္စရေးရှိ အမေရိကန်သံရုံးကို ဇွန်လ ၂၀ ရက်နေ့အထိ ယာယီ ပိတ်ထားမည်

ဒေသတွင်း လုံခြုံရေးဆိုင်ရာအခြေအနေများကြောင့် ဂျေရုဆလင်ရှိ အမေရိကန်သံရုံးကို ဇွန်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ ပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်ကို ဇွန်လ ၁၇ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဂျေရုဆလင်နှင့် တဲလ်အဗီးရှိ ကောင်စစ်ဝန်ရုံများကိုလည်း ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် “အရေးပေါ်အခြေအနေမျိုးတွင် အမေရိကန် နိုင်ငံသား တစ်ဦးချင်းစီအား ပဋိပက္ခဖြစ်ပွားသည့်ဒေသများမှ ပြန်လည်ထွက်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးရန် အမြဲစီစဉ်ထားရှိကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါသည်။

သို့ရာတွင် လက်ရှိအခြေအနေ၌ အမေရိကန်နိုင်ငံသားများအား အဆိုပါဒေသအတွင်းမှ ထွက်ခွာရန်ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်း မရှိသေးကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြ ထားပါသည်။

ကိုးကား - NHK

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက(၄)

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem သည် အလာဂျစ် တုံ့ပြန်မှုတစ်ခုကြောင့် ဝါရှင်တန် DC ဧရိယာရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ခံခဲ့ရ

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem သည် အလာဂျစ် တုံ့ပြန်မှုကြောင့် အင်္ဂါနေ့ (ဇွန် ၁၇) တွင် ဝါရှင်တန် DC ရှိ ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် အရေးပေါ်ပို့ဆောင်ခံခဲ့ရကြောင်း ပြည်တွင်း လုံခြုံရေး ဌာန (DHS) က ထုတ်ပြန်သည်။

DHS ပြောရေးဆိုခွင့်ရှိသူ Tricia McLaughlin က “ဝန်ကြီး Noem သည် အလာဂျစ် တုံ့ပြန်မှုဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးရုံ သို့ပို့ဆောင်ခဲ့ရပြီး လက်ရှိအချိန်တွင် သတိပြန်ရလာပြီး သက်သာလာ နေပါပြီ” ဟု ပြောကြားခဲ့သည်။

CNN ၏ သတင်းထောက်များက ဝန်ကြီး Noem တက်ရောက် ကုသမှု ခံယူနေသည့် ဆေးရုံ၏ အရေးပေါ်ခန်းအဝင်များတွင် Secret Service အေးဂျင့်များ စောင့်ကြပ်နေသည်ကို မြင်တွေ့ခဲ့သည်။

၎င်းသည် South Dakota ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လွှတ်တော် အမတ်ဖြစ်ခဲ့ဖူးသည့် အသက် ၅၃ နှစ် အရွယ် Noem အား ဒုတိယသက်တမ်း ရွေးကောက်ပွဲအနိုင်ရပြီး ရက်ပိုင်း အကြာတွင် သမ္မတ Donald Trump က ပြည်တွင်းလုံခြုံရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ရွှေ့ပြောင်း နေထိုင်မှု မူဝါဒကို အဓိကထားခဲ့သည့် Trump ၏ အစိုးရအဖွဲ့တွင် Noem သည် အရေးပါသော ဝန်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ သူမအား ဇန်နဝါရီလ ကုန်ပိုင်းတွင် ဆီးနိတ်လွှတ်တော်က အတည်ပြုပေးခဲ့သည်။

သမ္မတ Trump သည် ရာထူးတာဝန် ပြန်လည်ထမ်းဆောင်ပြီးနောက် နယ်စပ်တပ်ဖြန့်ခြင်း၊ စစ်အာဏာသုံး၍ မှတ်ပုံတင်မထားသည့် ရွှေ့ပြောင်း နေထိုင်သူများအား နှင်ထုတ်ခြင်း အပါအဝင် ကြီးမားသော ရွှေ့ပြောင်း နေထိုင်မှု ထိန်းချုပ်ရေး မူဝါဒများကို အားတက်သရော ဆောင်ရွက် လျက်ရှိပြီး Noem ကလည်း သမ္မတ၏ မူဝါဒများကို အကောင်အထည် ဖော်လျက်ရှိသည်။

ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ (FEMA) ကိုလည်း တာဝန်ယူ ထားသည့် Noem သည် ယခင်က FEMA အား “ထိရောက်မှုမရှိ၊ မလိုအပ်ပါ” ဟု ဝေဖန်ကာ ဖျက်သိမ်းရန် တောင်းဆိုခဲ့ဖူးသည်။ လွန်ခဲ့သည့် သီတင်းပတ်တွင် Trump က “ယခုနှစ် မုန်တိုင်းရာသီအပြီးတွင် FEMA ကို အဆင့်ဆင့်ဖျက်သိမ်းရန် အစီအစဉ်ရှိသည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကန်ဂျူးအာကာသနည်းပညာကုမ္ပဏီက ပုဂ္ဂလိကသတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့ရေး ဂြိုဟ်တုကွန်ရက်တစ်ခုကိုတည်ဆောက်ရန် စီစဉ်ထား

ပေကျင်း ဇွန် ၁၇ 
တရုတ်နိုင်ငံ အခြေစိုက် ကန်ဂျူး အာကာသနည်းပညာကုမ္ပဏီသည် ပုဂ္ဂလိကသတင်း အချက်အလက် လက်ဆင့်ကမ်း ပေးပို့ရေးဂြိုဟ်တုကွန်ရက်တစ်ခု ၁၅ ကို တည်ဆောက်ရန် စီစဉ်ထားကြောင်း ဇွန် ၁၆ ရက်သတင်းများ အရ သိရသည်။
မိမိတို့၏ သတင်းအချက်အလက်လက်ဆင့်ကမ်းပေးပို့ရေး ဂြိုလ်တုကွန်ရက်သည် ဝင်ရိုးစွန်းဒေသများအပါအဝင် တစ်ကမ္ဘာလုံးအတွက် ဝန်ဆောင်မှုပေးနိုင်ကြောင်း ကန်ဂျူးကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။ 
ကန်ဂျူးကုမ္ပဏီ ၏ သတင်းအချက်အလက် လက်ဆင့်ကမ်း ပေးပို့ရေး ဂြိုဟ်ကုကွန်ရက်ကို ပတ်လမ်းနေရာ သုံးနေရာ၌ ထားရှိမည့် ဂြိုဟ်တု ၁၃ စင်းဖြင့်

ဖွဲ့စည်းထားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် အထက်ပါ သတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့မှု ဂြိုဟ်တုကွန်ရက်၏ ပထမဆုံးဂြိုဟ်တုဖြစ်သည့် ကန် ဂျူး-၁ ဂြိုဟ်တုကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။ 
ကန်ဂျူးကုမ္ပဏီသည် အလေး ချိန် ကီလိုဂရမ် ၁၇၀၀ ရှိသည့် ကန်ဂျူး ၁ ဂြိုဟ်တုကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် လွှတ်တင်ရန် စီစဉ်ထားသည်။
ကန်ဂျူးကုမ္ပဏီသည် ၎င်း၏ ကန်ဂျူး သတင်းအချက်အလက် လက်ဆင့်ကမ်းပေးပို့ရေး ဂြိုဟ်တုကွန်ရက်ကို အာကာသပိုးလမ်းမ၏ တစ်စိတ်ပိုင်းအဖြစ် ရည်ညွှန်းထားကြောင်း သိရသည်။

Ref: Xinhua News

Τrs: KKO

EU ခေါင်းဆောင်များက ရုရှားဓာတ်ငွေ့ တင်သွင်းမှုလုံးဝရပ်ဆိုင်းရန် ထောက်ခံ

ဥရောပကော်မရှင်သည် ၂၀၂၇ ခုနှစ်နှောင်းပိုင်းတွင် ရုရှားမှ ဓာတ်ငွေ့ အရင်းအမြစ်များ တင်သွင်းမှုကို အဆင့်ဆင့်ရပ်ဆိုင်းရန် အဆိုပြုလိုက်ပါသည်။ စွမ်းအင်ကော်မရှင်နာ Dan Jorgensen က ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ၏ သဘောတူညီချက်ဖြင့် ၂၀၂၆ ခုနှစ် မှစ၍ ရုရှားနှင့် ဓာတ်ငွေ့စာချုပ်အသစ်များ ချုပ်ဆိုခြင်းကို တားမြစ်ပြီး ၂၀၂၇ တွင် “လုံးဝဖြတ်တောက်ရန်” အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) က ကြေညာခဲ့သည်။

ယင်းအဆိုပြုချက်သည် ဟန်ဂေရီ၊ ဩစတြီးယားနှင့် ဆလိုဗက်ကီးယား တို့က ကန့်ကွက်နေပြီး အီတလီကလည်း ဆန့်ကျင်နေသည်ဟု သိရသည်။ Financial Times ၏ ဖော်ပြချက်အရ ယင်းဥပဒေကြမ်းအား ကုန်သွယ်ရေး ဥပဒေအဖြစ် တင်သွင်းမည်ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘော တူညီချက် မလိုအပ်ဘဲ အတည်ပြုနိုင်မည်ဖြစ်သည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က အဆိုပြုချက်အား “လုံးဝအကြံမဲ့သည့် အဆိုပြုချက်” ဟု ဝေဖန်ကာ ကုန်စျေးနှုန်းများ ပိုမို မြင့်တက်စေပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ ဝန်ကြီးချုပ် Viktor Orban ကလည်း ယင်းအဆိုကို တားဆီးရန် ကတိပြုထားသည်။

“ယနေ့တွင် မိမိတို့သည် ရုရှားဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပစ်ရန် ဆုံးဖြတ် လိုက်ပြီ” “အကြောင်းမှာ ရုရှားထံမှ စွမ်းအင်တင်သွင်းမှု နည်းလေလေ၊ ဥရောပ၏ လုံခြုံရေးနှင့် လွတ်လပ်မှု ပိုများလေလေ ဖြစ်သည်” ဟု Jorgensen က Strasbourg တွင် ပြောကြားခဲ့သည်။

Jorgensen က သတင်းထောက်များအား ဤအဆင့်ဆင့်ရပ်ဆိုင်းမှုသည် ယူကရိန်းပဋိပက္ခနှင့် သက်ဆိုင်ခြင်းမရှိဘဲ “ရုရှားက ၎င်း၏စွမ်းအင်ကို ဥရောပကို လက်နက်အဖြစ် အသုံးပြုခဲ့သောကြောင့်” ဖြစ်သည်ဟု ရှင်းပြ ခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားသည်မှာ “ငြိမ်းချမ်းရေး ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤတားမြစ်ချက်သည် ဆက်လက်တည်ရှိမည်” ဟု ဆိုသည်။

ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ယခုအခါ EU ခေါင်းဆောင်များ၏ “ပူးတွဲဆုံးဖြတ်မှုလုပ်ငန်းစဉ်” (co-decision) မှတစ်ဆင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဥရောပပါလီမန်နှင့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်သော Council of the EU ၏ သဘောတူညီချက် နှစ်ရပ်လုံး လိုအပ်မည် ဖြစ်သည်။

သို့သော် ကော်မရှင်၏ ပြောကြားချက်အရ ယင်းဥပဒေကြမ်းသည် အဖွဲ့ဝင် နိုင်ငံအားလုံး၏ သဘောတူညီချက် (unanimity) မလိုအပ်ဘဲ Council of the EU တွင် “အရည်အချင်းပြည့်မီသော မဲအများစု” (qualified majority) ဖြင့် အတည်ပြုနိုင်မည်ဖြစ်သည်။ Reuters ၏ အဆိုအရ အဖွဲ့ဝင် ၂၇ နိုင်ငံ အနက် အနည်းဆုံး ၁၅ နိုင်ငံ (ဥရောပလူဦးရေ၏ ၆၅% ကိုယ်စားပြု) ၏ ထောက်ခံမှုဖြင့် ယင်းအဆိုကို အတည်ပြုနိုင်မည်ဖြစ်သည်။

“မည်သူမျှ ဤအဆိုပြုချက်ကို ဗီတိုအာဏာဖြင့် မတားဆီးနိုင်တော့ပါ” ဟု Jorgensen က မီဒီယာများသို့ ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက “ဤဥပဒေကို မလိုက်နာသော နိုင်ငံများသည် အခြားဥရောပ ဥပဒေများ ကဲ့သို့ပင် တရားဥပဒေအရ အရေးယူခံရမည်” ဟု သတိပေးခဲ့သည်။

ကိုးကား- RT

အိန္ဒိယလေယာဉ် ပျက်ကျမှုမတိုင်မီ အင်ဂျင် နှစ်လုံး အလုပ် မလုပ်တော့သည့် အလားအလာကို ကျွမ်းကျင်သူများက ထုတ်ဖော်ပြောဆို

Air India လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက လေယာဉ် အင်ဂျင် နှစ်လုံးလုံး တစ်ပြိုင်နက် အလုပ်မလုပ်တော့သည့် အတွက် လေယာဉ်၏ကန်အား ဆုံးရှုံးခဲ့ကြောင်း ထောက်ပြခဲ့သည်။

ဇွန်လ ၁၂ ရက်က Ahmedabad တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီး လူ ၂၇၉ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယ ပြည်သူ့လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန (DGCA) သည် ဇွန် ၁၅ ရက်တွင် နိုင်ငံ၏ Boeing 787 လေယာဉ်များ၏ လောင်စာစနစ်၊ အင်ဂျင်ထိန်းချုပ်မှုနှင့် အခြား အစိတ် အပိုင်းများကို အထူးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အမေရိကန် ရေတပ်လေယာဉ်မှူးဟောင်းနှင့် လေကြောင်းကျွမ်းကျင်သူ Steve Scheibner က အဆိုပါဖြစ်စဉ်သည် လေယာဉ်အင်ဂျင် နှစ်လုံး စလုံး အလုပ်မလုပ်တော့သည့် “အလွန်ရှားပါးသော” အဖြစ်အပျက် ဖြစ်နိုင် ကြောင်း သက်သေအထောက်အထားများကို ညွှန်ပြခဲ့သည်။

အိန္ဒိယလေယာဉ်၏ ပျံတက်စဉ် အသံနှင့်ဗီဒီယိုဖိုင် အချက်အလက်များကို ဆန်းစစ်ပြီးနောက် Mr. Scheibner က လေယာဉ်ပျံတက်ပြီးချိန်တွင် Ram Air Turbine (RAT) စနစ် အလိုအလျောက် အသက်ဝင်လာသည့် လက္ခဏာများရှိကြောင်း ပြောကြားခဲ့သည်။ RAT (Ram Air Turbine) သည် လေယာဉ်ရွေ့လျားနေစဉ် လေစီးကြောင်းကို အသုံးပြု၍ တာဘိုင်လှည့်ပေးနိုင်သော အရေးပေါ်လေတာဘိုင်စနစ်ဖြစ်သည်။ လေယာဉ်၏ လျှပ်စစ်ဓာတ်အား အားလုံးဆုံးရှုံးသွားခြင်း (သို့မဟုတ်) အင်ဂျင်နှစ်လုံးစလုံး အလုပ်မလုပ်တော့ပါက RAT စနစ်သည် အလိုအလျောက် အသက်သွင်းကာ အရေးပေါ်ဓာတ်အားကို ထုတ်လုပ်ပေးသည်။ လေယာဉ်မှူးသည် cockpit မှ RAT ကို လက်ဖြင့်လည်း ဖွင့်နိုင်သည်။

Mr. Scheibner ၏ သုံးသပ်ချက်အရ လေယာဉ်ပျံတက်ပြီးနောက် အမြင့် ရုတ်တရက်ကျဆင်းလာခြင်းနှင့် RAT စနစ် အလိုအလျောက် အသက်ဝင်လာခြင်းတို့သည် အင်ဂျင်မှ ကန်အား (thrust) အပြည့်အဝ ဆုံးရှုံးသွား ခြင်းကြောင့် လေယာဉ်အမြင့်မတက်နိုင်ခဲ့ဟူသော ယူဆချက်ကို ပိုမို ခိုင်မာ စေပါသည်။ ထိုသို့သောအခြေအနေတွင် လေယာဉ်မှူးသည် အရေးပေါ် စွမ်းအင်နှင့် ထိန်းချုပ်ရေးစနစ်များကိုသာအမှီပြု၍ လေယာဉ်ကို ထိန်းသိမ်းနိုင်ရေး လုပ်ဆောင်နိုင်သည်ဟု ဆိုနိုင်ပါသည်။ သို့သော် Scheibner က Air India လေယာဉ်အတွက် အမြင့်ပေ ၁၂၀-၁၅၀ ကဲ့သို့ နိမ့်သောအမြင့်တွင် RAT စနစ်သည် ထိရောက်စွာ အလုပ်မလုပ်နိုင်ကြောင်း ထောက်ပြခဲ့သည်။ “RAT အသက်ဝင်နေသည့်တိုင် လေယာဉ်မှူး အနေဖြင့် အင်ဂျင်ကို ပြန်လည်စတင်ရန် အချိန်မလုံလောက်ပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။

အိန္ဒိယအာဏာပိုင်များသည် ပျက်ကျသွားသော လေယာဉ်၏ Black box ကို ပြန်လည်ရရှိထားပြီဖြစ်သည်။ Scheibner က လေကြောင်း ထိန်းသိမ်းရေး ဌာနနှင့် ဆက်သွယ်မှုမှတ်တမ်းများသည် လေယာဉ်မှူး၏ “Mayday၊ ကန်အားမရှိ၊ ပါဝါမရှိ၊ အမြင့်မတက်နိုင်” ဟူသော အရေးပေါ် အချက်ပြမှု သည် အင်ဂျင်နှစ်လုံးစလုံး ပျက်စီးမှုကြောင့်ဟုတ်၊ မဟုတ် ရှင်းလင်းစွာ သိရှိရမည်ဟု ပြောကြားခဲ့သည်။

လေကြောင်းကျွမ်းကျင်သူများ၏ အင်ဂျင်နှစ်လုံးစလုံး ပျက်စီးနိုင်သည်ဟူသော လေ့လာသုံးသပ်ချက်နှင့်ပတ်သက်၍ အိန္ဒိယလေကြောင်း အာဏာပိုင်များက ယခုအချိန်တွင် မှတ်ချက်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

ကိုးကား- VN Express 

ထိုင်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်သွင်းကုန်များကို ပိတ်ပင်မည်ဟု ကမ္ဘောဒီးယားသတိပေး

ဖနွမ်းပင် ဇွန် ၁၆

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ် အဝင်အထွက်ကန့်သတ်ချက်များ ကို ပြန်လည်ရုပ်သိမ်းခြင်းမရှိခဲ့ပါ က ထိုင်းသစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်သွင်းကုန်များကို ပိတ်ပင် မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ယနေ့တွင် သတိပေး လိုက်သည်။

ပြီးခဲ့သည့်လအတွင်းပေါ်ပေါက် ခဲ့သည့် နယ်စပ်ပြဿနာတစ်ရပ် ကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယား တို့ကြား ဆက်ဆံရေးတင်းမာ နေစဉ် ကမ္ဘောဒီးယားအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၏ အဆိုပါ သတိပေးချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မေ၂၈ရက်ကနှစ်နိုင်ငံနယ်စပ် ပိုင်ဆိုင်ခွင့်အငြင်းပွားဒေသတစ်ခု ၌ ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် များကြား ၁ဝ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရသည်။ 
ထိုင်းအစိုးရအနေဖြင့် နယ်စပ် ဝင်ပေါက်ကန့်သတ်ချက်များကို . ၂၄ နာရီအတွင်း ပြန်လည်ရုပ်သိမ်း ခြင်းမရှိပါက ကမ္ဘောဒီးယားနိုင်ငံ ကလည်း ထိုင်းသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပို့ကုန်များကို ပြန်လည်ပိတ်ပင်မည်ဖြစ်ကြောင်း ဟွန်ဆန်က ယနေ့ရုပ်သံမိန့်ခွန်း၌ ပြောကြားထားသည်။

လက်ရှိကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၏ ဖခင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၌ ဩဇာကြီးမား နေဆဲဖြစ်သည်။

ကမ္ဘောဒီးယား နိုင်ငံသည် နယ်စပ်ပြဿနာကိုအကြောင်းပြု ၍ ထိုင်းရုပ်သံဇာတ်လမ်းတွဲများ ပြသခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရသည်။

Ref: Xinhua

Trs: KKO