တရုတ်နိုင်ငံမှ မကြာသေးမီက စတင် အသုံးပြုလိုက်တဲ့ မန်းရှန်ဆိုတဲ့ရေယာဉ် တစ်မျိုးက သမုဒ္ဒရာရေပြင်အနက်ပိုင်းမှာ တူးဖော်မှုတွေ လုပ်ဆောင်မယ့် ရေယာဉ် ဖြစ်ပါတယ်။ အခုဆိုရင် မန်းရှန်ကအရင်တုန်းက လူသားတွေ တူးဖော်မှုမလုပ်ခဲ့ဖူးတဲ့နေရာတွေမှာ တူးဖော်လေ့လာမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

မန်းရှန်ရဲ့အဓိက ရည်ရွယ်ချက်က ကမ္ဘာ့အပေါ်ယံ ကျောက်ချပ်လွှာနဲ့ ကမ္ဘာ့အလယ်လွှာတို့ကြားကို တူးဖော်မှုတွေ လုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုမျိုးတူးဖော်မှုကနေ မှတစ်ဆင့် ကမ္ဘာ့အလယ်လွှာမှာရှိတဲ့ နမူနာတွေကို ရယူခြင်းအားဖြင့် သုတေသနပညာရှင်တွေအတွက် ကမ္ဘာကြီးရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဆင့်ကဲပြောင်းလဲမှုတို့ ကို အသေးစိတ်လေ့လာနိုင်စေဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။
မန်းရှန်ရေယာဉ်ကိုတည်ဆောက်မှုက အမေရိကန်ဒေါ်လာသန်း ၄၇၀ ကုန်ကျခဲ့ပေမယ့်လည်း သူ့မှာပိုင်ဆိုင်ထားတဲ့ အရာတွေက တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ တူးဖော်မှု စွမ်းဆောင်ရည်ပိုင်းမှာတော့ ထိပ်တန်းအဆင့်ကို ရောက်ရှိစေပါတယ်။ သူ့ရဲ့တန်ချိန်က ၃၃၀၀၀ ရှိပြီး အကျယ်က ၃၂ ဒသမ ၈ မီတာရှိပါတယ်။ သူသွားလာနိုင်တဲ့ရေမိုင် ပမာဏက ၁၅၀၀၀ ရှိကာ ရက်ပေါင်း ၁၂၀ ကြာအောင် လုပ်ငန်းများကို အလိုအလျောက် လုပ်ဆောင်နိုင်စွမ်းရှိတဲ့အတွက် ဝေးလံခေါင်ဖျား သမုဒ္ဒရာအတွင်းမှာ သူ့ရဲ့ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်စေမှာပါ။
မန်းရှန်ဆီမှာရှိတဲ့ အထင်ရှားဆုံးသော စွမ်းဆောင်ရည်တစ်ခုက အနက်ပေပေါင်း ၃၆၀၀၀ အထိကို တူးဖော်နိုင်စွမ်းရှိတာပါပဲ။ ဒီစွမ်းဆောင်ရည်က ယခင်ရှိဖူးသမျှ သောတူးဖော်ရေးယာဉ်များထက် ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။ အရင်တုန်းက အနက်ဆုံး တူးနိုင်တာဆိုလို့ ပေ ၃၂၈၀၀ အထိပဲရှိပါတယ်။
အခုလိုမျိုး အဆင့်မြင့်မားတဲ့ တူးဖော်ရေးကိရိယာကိုရရှိစေဖို့အတွက် တီထွင်သူများက နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ခေတ်မီနည်းပညာများ အသုံးပြုပြီးကျော်ဖြတ်နိုင်ခဲ့တာပါ။ သူ့မှာအသုံးပြုထားတဲ့ကိရိယာများအနက် အထင်ရှားဆုံးကိုပြရရင် အထူးပြုလုပ်ထားတဲ့ တိုက်တေနီယံသတ္တုစပ် ပိုက်လုံးနဲ့ စိန်သွားတို့ပဲ ဖြစ်ပါတယ်။
MWD Web Portal

မလေးရှားနိုင်ငံ၌ ကျောင်းသားများကို တင်ဆောင်လာသည့် ကျောင်းကားတစ်စီး နှင့်အခြားယာဉ်တစ်စီးတို့ တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံး ကြောင်း တာဝန်ရှိသူများကပြောသည်။
အဆိုပါယာဉ်တိုက်မှုသည် ပီရတ်ပြည် နယ်ရှိ အရှေ့-အနောက်အမြန်လမ်းမကြီး ၌ နံနက်အစောပိုင်းတွင်ဖြစ်ပွားခြင်းဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ ကထုတ်ပြန်ထားသည်။

ယာဉ်တိုက်မှုသည် ဇွန်လ ၉ ရက် နံနက် ၁ နာရီ ၁၀ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါယာဉ်တိုက်မှု၌ လူ ၄၈ ဦးပါဝင် ကာ ၁၃ ဦးမှာ နေရာမှာပင် ပွဲချင်းပြီးသေ ဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ နောက်ထပ်နှစ်ဦးမှာ ဆေးရုံတွင်သေဆုံးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကိုကိုးကား၍ Bernama သတင်းဌာနကဖော်ပြထားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အဆင့်မြင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသားစုများကို သင့်လျော်သလိုကူညီပေးရန် ဝန်ကြီးချုပ် ကညွှန်ကြားထားသည်။
Ref: Xinhua
Photo- NDTV

နစ်ဆန်းကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Leaf ဆိုတဲ့ လျှပ်စစ်ကားက တစ်ချိန်တုန်းက လျှပ်စစ်ကား လောကကို ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် နစ်ဆန်းက သူတို့ရဲ့တတိယမြောက်မျိုးဆက်ဖြစ်တဲ့ Leaf လျှပ်စစ်ကားတစ်မျိုးကို အမြည်းပြသလိုက်ပါပြီ။ သူနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကိုတော့ ဒီလကုန် ပိုင်းမှာထုတ်ဖော်ပြသသွားဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Leaf ကို ၂၀၁၀ ပြည့်နှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာတစ်ဝန်းမှာ ခုနစ်သိန်းနီးပါးနဲ့ သွားထားတဲ့ ကီလိုမီတာ ပေါင်း ၂၈ ဘီလီယံအထိရှိလာချိန်မှာ အခု တတိယမျိုးဆက် Leaf ကိုထုတ်လုပ်လာတဲ့အတွက် ဘယ်လိုခေတ်ရှေ့ပြေးမှုတွေများ ပါဝင်နေမလဲလို့ အများကလည်းစိတ် ဝင်စားနေကြပါတယ်။
အမြည်းသဘော ထုတ်ဖော်ပြသမှုမှာတော့ လေခွင်းအားကောင်းစေဖို့အတွက် ကားရဲ့ဒီဇိုင်းပိုင်းမှာ အပြောင်းအလဲများစွာ လုပ်ထားတာတွေ့ရပါတယ်။ ဘာကြောင့် လဲဆိုရင် လေခွင်းအားကောင်းတာနဲ့အမျှ စွမ်းအင်သုံးစွဲမှုလည်း လျော့နည်းမည့်အတွက် ဖြစ်ပါတယ်။
ခေတ်ပေါ်ကား တော်တော်များများမှာ မပါသေးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Electrochromic နည်းပညာကို ကားအမိုးပိုင်းမှာ သုံးထားတာတွေ့ရပါတယ်။ ဒီနည်းပညာကြောင့် ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ အမိုးကိုဘယ်လောက်ရာခိုင်နှုန်းအထိ ဖောက်ထွင်းမြင်နိုင်မလဲဆိုတာ ရွေးချယ်နိုင်မှာပါ။
MWD Web Portal
နည်းပညာသတင်း

Xpeng ဆိုတာ တရုတ်နိုင်ငံရဲ့ လျှပ်စစ် ကားဈေးကွက်မှာ လွှမ်းမိုးမှုရှိတဲ့နာမည် တစ်ခုပါ။ အခုသူတို့က နောက်ထုတ်လုပ်မယ့် လျှပ်စစ်ကားတွေမှာ ကားအတွင်း အချက်အလက်ပြသမှုစနစ်ကို ဟွားဝေရဲ့ နည်းပညာ အသုံးပြုသွားမယ်လို့ ကြေညာ လိုက်ပါပြီ။
Xpeng ကုမ္ပဏီက လူမှုကွန်ရက်တစ်ခုမှာ တင်ထားတဲ့ဓာတ်ပုံအရ ဆိုရင် သူတို့ရဲ့နောက်လာမယ့် လျှပ်စစ်ကားအမျိုးအစားတွေမှာ HUD လို့ခေါ်တဲ့ မျက်နှာတူရူတည့်တည့်မှာ ကားရဲ့အချက်အလက်များ ကိုဖော်ပြပေးနေမယ့်စနစ် ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီစနစ်က ဟွားဝေကုမ္ပဏီ ရဲ့စနစ်ပါ။

ဒီစနစ်မှာ မောင်းနှင်နေတဲ့ မော်တော်ယာဉ်တစ်စီးအတွက် ဖော်ပြဖို့လိုအပ်တဲ့ အလိုအပ်ဆုံးသော အချက်အလက်တွေကို ယာဉ်မောင်းက သာမန်လိုမျိုးခေါင်းကို ငုံ့ကြည့်စရာမလိုဘဲ ရှေ့လေကာမှန်မှာတင် မြင်ရအောင် ဖော်ပြပေးမယ့်စနစ် ပါဝင်နေ ပါတယ်။
Xpeng နဲ့ဟွားဝေတို့ဆိုတာ အဆင့်မြင့် နည်းပညာများကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ များဖြစ်ပါတယ်။ ဟွားဝေကုမ္ပဏီဆိုရင် သူကိုယ်တိုင်လည်း လျှပ်စစ်ကားတွေကို ထုတ်လုပ်သလို သူ့ရဲ့နည်းပညာကိုအခြား ကားတွေမှာ အသုံးပြုနိုင်အောင် ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့အတူ နည်းပညာကဏ္ဍ ကိုလွှမ်းမိုးနိုင်အောင် ကြိုးပမ်းလာနေတာ တွေ့ရပါတယ်။

ထရမ့်က ၂၀၂၅ မှ ၂၀၂၉ အတွင်း အမေရိကန်တွင် မွေးဖွားသည့် ကလေး တိုင်းအား ဒေါ်လာ ၁,၀၀၀ တန်ရင်းနှီးမြုပ်နှံမှုအကောင့်ဖွင့်လှစ်ပေးရန် ရည်ရွယ်ထားပြီး ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၏ ဘဝ များပြောင်းလဲပေးရန် ရည်မှန်းထားသည်။

ဇွန် ၉ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ "Invest in America" အလှည့်ကျ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ရီပတ်ပလီကန်ပါတီ၏ ရည်မှန်းချက်ကြီးမားသော အသုံးစရိတ်ဥပဒေကြမ်းတွင် အရေးပါသည့် အချက်တစ်ခုကို မိတ်ဆက် ခဲ့သည်။ ၎င်းမှာ အမေရိကန်တွင် မွေးဖွားသည့် ကလေးတိုင်းအား ဒေါ်လာ ၁,၀၀၀ တန်တန်ဖိုးရှိသော ရင်းနှီးမြုပ်နှံမှုအကောင့်ဖွင့်လှစ်ပေးရန် ဖြစ်သည်။
"Trump Accounts" ဟု အမည်ပေးထားသော အဆိုပါအကောင့်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ၂၀၂၉ ခုနှစ် ဇန်နဝါရီအတွင်း မွေးဖွားသည့် အမေရိကန်နိုင်ငံသား ကလေးအားလုံးအတွက် အောက်လွှတ်တော်မှအတည်ပြုပြီး ဆီးနိတ်လွှတ်တော်တွင် အတည်ပြုချက် စောင့်ဆိုင်း နေသော "One Big, Beautiful Act" ဥပဒေကြမ်းပါ စမ်းသပ် အစီအစဉ် အရ ဖန်တီးပေးမည်ဖြစ်သည်။
အစိုးရဘတ်ဂျက်မှ ဒေါ်လာ ၁,၀၀၀ ကို စတော့ဈေးနှုန်းနှင့် ချိတ်ဆက် ထားသော Index fund တွင် ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ကလေး၏ တရားဝင် အုပ်ထိန်းသူက စီမံခန့်ခွဲမည်ဖြစ်သည်။ အုပ်ထိန်းသူ သို့မဟုတ် အခြားပုဂ္ဂလိကအဖွဲ့အစည်းများက ကလေး၏ ဘဝတစ်လျှောက်လုံး တစ်နှစ်လျှင် ဒေါ်လာ ၅,၀၀၀ အထိ အဆိုပါအကောင့်သို့ ထည့်ဝင် နိုင်မည်ဖြစ်သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ်က "Big, Beautiful Act ဥပဒေကို အတည်ပြုခြင်းဖြင့် အမေရိကန်တစ်ဝှမ်းရှိ အလုပ်လုပ်ကိုင် နေသော အလယ်လတ်တန်းစားမိသားစုများ၏ ဘဝများကို အမှန်တကယ် ပြောင်းလဲပေးမည်ဖြစ်သည်။ သမိုင်းတစ်လျှောက် အကြီးမားဆုံး အခွန် လျှော့ပေးခြင်း၊ ကလေးရှိက အခွန်လျှော့ပေးမှု(child tax credit) ကို တိုးချဲ့ခြင်းနှင့် အမေရိကန်ကလေးများကို အသက်ငယ်စဉ်ကတည်းက မှန်ကန်သော ဘဏ္ဍာရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေမည့် 'Trump Account' အစီအစဉ်ကို ဖန်တီးပေးခြင်းတို့ ပါဝင်သည်” ဟု ပြောကြားခဲ့သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က Trump Account သည် သာမန်မိသားစုများ၏ အိမ်ရာဝင်ငွေများ တိုးပွားစေခြင်း၊ လုပ်ငန်းငယ် များအတွက် ဗျူရိုကရေစီအခက်အခဲများ လျှော့ချပေးခြင်းစသည့်စီးပွားရေးအကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည်ဟု ပြောကြား ခဲ့သည်။
အဆိုပါအခမ်းအနားကို အိမ်ဖြူတော်တွင် ကျင်းပခဲ့ပြီး Dell၊ Uber၊ Altimeter Capital၊ ARM Corp၊ Salesforce၊ ServiceNow၊ Robinhood နှင့် Goldman Sachs အပါအဝင် လုပ်ငန်းကြီးများ၊ ဘဏ်များနှင့် ရင်းနှီး မြုပ်နှံမှုရန်ပုံငွေများ၏ အကြီးတန်းခေါင်းဆောင်များ တက်ရောက်ခဲ့ ကြသည်။ ကုမ္ပဏီအကြီးအကဲများသည် ၎င်းတို့၏ ဝန်ထမ်းများ၏ ကလေးများအတွက် "Trump Accounts" သို့ ဒေါ်လာ ဘီလီယံချီ ရင်းနှီး မြုပ်နှံရန် ကတိပြုထားကြသည်။
Dell Technologies ၏ CEO မိုက်ကယ်ဒယ်လ်က “ကလေးတစ်ဦးစီ အတွက် ရင်းနှီးမြုပ်နှံမှုအကောင့်ဖွင့်ပေးခြင်းဖြင့် နောင်တွင် ကောလိပ် တက်ရောက်ရန်၊ အိမ်ဝယ်ရန်နှင့် မိသားစုထူထောင်ရန်အတွက်ကြီးမားသော ငွေကြေးများ စုဆောင်းနိုင်မည်ဖြစ်သည်။ Dell Technologies အနေဖြင့် Dell ဝန်ထမ်းများ၏ ကလေးအားလုံးအတွက် အစိုးရ၏ အစပြု ရင်းနှီးမြုပ်နှံမှုကို အလားတူထည့်ဝင်ပေးရန် ဂုဏ်ယူပါသည်” ဟု ပြောကြား ခဲ့သည်။
Trump Account ပြဋ္ဌာန်းချက်ကို ဇူလိုင် ၄ ရက်မတိုင်မီ Big Beautiful Act ဥပဒေကြမ်းကို ဆီးနိတ်လွှတ်တော်မှ အတည်ပြုနိုင်ရန် အမေရိကန် သမ္မတက တွန်းအားပေးနေချိန်တွင် ဘီလီယံနာ အီလွန်မက် ကဲ့သို့သော ပုဂ္ဂိုလ်များက အမေရိကန်၏ အမျိုးသားကြွေးမြီကို ပိုမိုမြင့်တက်စေနိုင် သည်ဟု ဝေဖန်ခဲ့ကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကမ္ဘာပေါ်မှာ လက်ရှိအသုံးပြုနေတဲ့ ရွှေများနဲ့ တခြားအဖိုးတန်သတ္တုပစ္စည်းများက ကမ္ဘာ့မြေမျက်နှာပြင်အောက် ကီလိုမီတာ ၃၀၀၀ ကျော်မှာ ပိတ်မိနေတာပါ။ ဒါကြောင့် ကမ္ဘာပေါ်ရှိမြေပြင်မှန်သမျှကို အမြင့် ၁ ပေခွဲကျော်အထိ အပြည့်ခင်းနိုင်စေမယ့်ရွှေများက ကမ္ဘာ့အူတိုင်မှာ တည်ရှိနေနိုင်ဖွယ်ရှိတယ်လို့ သုတေသနပညာရှင်များက ခန့်မှန်းထားပါတယ်။ ဒီလိုမျိုးအဖိုးတန်လှတဲ့ သတ္တုပစ္စည်းများက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံခန့်တုန်းက ဒီကမ္ဘာဂြိုဟ်ကြီး စတင်ဖြစ်တည်လာစဉ်ကတည်းက ပိတ်မိနေခဲ့တာဖြစ်တယ်လို့လည်း ပညာရှင်များကပြောပါတယ်။

ဂေါ့တင်ဂျန်တက္ကသိုလ်မှ သုတေသနပညာရှင်များက ဟာဝိုင်ယီရှိမီးတောင်မှနေ ထွက်ပေါ်လာတဲ့ မီးသင့်ကျောက်များ ကိုခွဲခြမ်းစိတ်ဖြာ လေ့လာရာမှ ဒီအချက် ကိုခန့်မှန်းနိုင်ခဲ့ကြတာပါ။ ပညာရှင်များရဲ့ ယူဆချက်တစ်ခုကို ပြောရရင် ကမ္ဘာကြီးရဲ့ အလယ်အူတိုင်မှာ ရွှေတွေများစွာရှိနေပြီး အဲဒီရွှေတွေက မီးတောင်လှုပ်ရှားမှုနဲ့အတူ ကမ္ဘာ့အပေါ်ယံလွှာဆီ တက်လာတာဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။
သုတေသနပညာရှင်များက ဟာဝိုင်ယီ မီးတောင်ကနေထွက်ရှိတဲ့ ကျောက်မှာ ပါဝင်တဲ့ အိုင်ဆိုတုပ်များနဲ့ တခြားကျောက်များမှ အိုင်ဆိုတုပ်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) များဆိုတာ ယနေ့အချိန်အခါမှာ လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ ယာဉ်အမျိုးအစားတစ်မျိုးဖြစ်လာနေတာကို တွေ့ရပါတယ်။ စိတ်ဝင်စားမှုမြင့်တက်ရတဲ့ အကြောင်းရင်းက နည်းပညာမြင့်မား မှုကို ရရှိခံစားနိုင်မယ်။ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားတဲ့အတွက် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်မယ် အစရှိတဲ့ ကောင်းကျိုးများကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တစ်ဖက်ကနေပြန်ကြည့်ပြန်တော့ EV များအပေါ် လူစိတ်ဝင်စားမှုက လျော့ကျနေပြန်ပါသေးတယ်။ ဆိုလိုတာက လူစိတ်ဝင်စားမှုကို ထင်သ လောက်မရရှိသေးဘူးလို့ ပြောချင်တာပါ။ ဘာကြောင့်လဲဆိုရင် EV တွေရဲ့ဘက်ထရီ စွမ်းဆောင်ရည်ဟာ လက်ရှိအသုံးပြုနေတဲ့ လောင်စာဆီသုံးကားတွေ လောက်အထိ အသုံးမတည့်တဲ့ အတွက်ဖြစ်ပါတယ်။ ဥပမာအားဖြင့် လောင်စာဆီသုံးကားတစ်စီးက ဆီ အပြည့်ဖြည့်ထားရင် ကီလိုမီတာ ၆၀၀ သွားနိုင်သလို EV ကားတစ်စီးက အားအပြည့်ဖြည့်ထားရင် ကီလိုမီ တာ ၆၀၀ သွားနိုင်ပေမယ့် အားပြန်သွင်းချိန်မှာကျ တော့ လောင်စာဆီသုံး ကားတွေဆီဖြည့်သလို သုံးမိနစ်အတွင်းနဲ့ အားအပြည့်မရနိုင်ပါဘူး။
အခုတော့ VarEVolt ဆိုတဲ့ဘက်ထရီက အဲဒီကွာ ခြားချက်ကို ဖြည့်ဆည်းပေးမယ့် ဘက်ထရီဖြစ်လာပါပြီ။ သူ့ကို ဗြိတိန်နိုင်ငံအခြေစိုက် RML ကုမ္ပဏီက ဖန်တီးထားတာဖြစ်ပါတယ်။ အခုဆိုရင် အဲဒီဘက်ထရီတွေကို ပမာဏအများအပြား ထုတ်လုပ်ဖို့နဲ့လက်တွေ့ အသုံးပြုဖို့အတွက် အသင့်ဖြစ်နေပြီလို့ ကုမ္ပဏီ ကပြောထားပါတယ်။
VarEVolt ဘက်ထရီက လက်ရှိအချိန်အထိကမ္ဘာပေါ်မှာ သိပ်သည်းဆအများဆုံး ဘက်ထရီဖြစ်သလို အလေးချိန် ၁ ကီလိုဂရမ်ကို လျှပ်စစ်စွမ်းအင် ၆ ကီလို ဝပ်အထိ ထုတ်ပေးနိုင်တာကြောင့် EV တစ်စီးကဘယ် အချိန်မဆို တောင်းဆိုလာနိုင်တဲ့ စွမ်းအင်ပမာဏကို ထုတ်ပေးနိုင်စွမ်းရှိပါတယ်။
အဲဒီဘက်ထရီက စွမ်းအင်သိုလှောင်နိုင်မှုပမာဏ များပြားပေမယ့် သူ့ကိုအားသွင်းရမယ့် ကြာမြင့်ချိန်ကတော့ သိုလှောင်နိုင်မယ့် စွမ်းအင်ပမာဏနဲ့ မလိုက်အောင်ကိုပဲ အလွန်မြန်ဆန်လှပါတယ်။ ဘယ်လောက် ထိအောင်လည်းဆိုရင် ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး ကားတစ်မျိုးဖြစ်တဲ့ Porsche Taycan လိုကားမျိုးက ဘက်ထရီအား အပြည့်သွင်းဖို့ ၁၂ မိနစ်ကြာမြင့်ချိန်မှာ VarEVolt ကတော့ ၁၈ စက္ကန့်ပဲကြာမယ်လို့ ဆိုထားပါတယ်။
ဒီလိုစွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီကိုထုတ် လုပ်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းက သိပ်မထူးဆန်းပါဘူး။ RML ကုမ္ပဏီအနေနဲ့ သူတို့အတွက် လိုအပ်တဲ့ ဘက်ထရီအမျိုးအစားကို တခြားကုမ္ပဏီတွေက မထုတ်ပေးနိုင်တဲ့အတွက် သူတို့ကိုယ်တိုင် တီထွင်ထုတ်လုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားသည် ရေချစဉ် မတော်တစ်ဆမှုကြောင့် ပျက်စီးခဲ့သော စစ်သင်္ဘာအသစ်တစ်စီးကို ရုရှားနယ်စပ်အနီးရှိ ဆိပ်ကမ်းသို့ ရွှေ့ပြောင်း ခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် မော်စကိုမှ သင်္ဘောပြင်ဆင်ရေးတွင် ပါဝင်နိုင်ကြောင်း ဆန်းစစ်သူများက သုံးသပ်ထားသည်။ Maxar Technologies မှ တနင်္ဂနွေနေ့ (ဇွန် ၈) က ရိုက်ကူးထားသော ဂြိုလ်တုဓာတ်ပုံများအရ တန်ချိန် ၅၀၀၀ ရှိသည့် အမည်မသတ်မှတ်ရသေးသော အဆိုပါ ဖျက် သင်္ဘောကို ရုရှားနှင့် နယ်နိမိတ်ထိစပ်နေသော မြောက်ကိုရီးယား၏ Rason အထူးစီးပွားရေးဇုန်အတွင်းရှိ Rajin ဆိပ်ကမ်းရှိ သင်္ဘောကျင်း တွင် တွေ့ရှိရသည်။

ကိုရီးယားကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေးအင်စတီကျုတွင် ပြင်ပပူးပေါင်းဆောင်ရွက်ရေးဒါရိုက်တာနှင့် အကြီးတန်းသုတေသီ Yu Jihoon က အဆိုပါသင်္ဘောကျင်းသည် Chongjin မြို့ရှိ သင်္ဘောကျင်း ကဲ့သို့ ကြီးမားသော သင်္ဘောတည်ဆောက်ရေးစင်တာ မဟုတ်သော်လည်းအသေးစား ပြုပြင်ထိန်းသိမ်းမှုများအတွက် လုပ်ဆောင်ရာ သင်္ဘောကျင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းသည် ရုရှားနှင့် နီးကပ်စွာတည်ရှိပြီး “မြောက်ကိုရီးယား၏ မော်စကိုနှင့် စီးပွားရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်း စေရန် အားထုတ်မှုများအတွက် အဓိကအချက်တစ်ခု” ဖြစ်သည်ဟု Yu က ဆိုသည်။
အမေရိကန်စစ်တက္ကသိုလ် West Point မှ Modern War Institute ၏ ၂၀၂၄ အစီရင်ခံစာတွင် Rason စီးပွားရေးဇုန်ကို မြောက်ကိုရီးယား-ရုရှား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောနေရာတစ်ခုဖြစ်ပြီး ယူကရိန်း တွင် အသုံးပြုရန် မြောက်ကိုရီးယားမှ ရုရှားသို့ လက်နက်တင်ပို့မှုများနှင့် ဆက်စပ်နေသည်ဟု ဖော်ပြထားသည်။
ယင်းဖျက်သင်္ဘောသည် မေလ ၂၁ ရက်နေ့က စတင်ရေချစဉ် ပျက်စီး ခဲ့ပြီး သင်္ဘော၏နောက်ပိုင်းသည် ရေထဲသို့ နစ်မြုပ်သွားသော်လည်း ရှေ့ပိုင်းသည် ကုန်းပေါ်တွင် ကျန်နေခဲ့ပြီးနောက် ဘေးစောင်း ဖြစ်သွား ခဲ့သည်။ ရေချပွဲတွင် တက်ရောက်ခဲ့သော မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ဇွန်လကုန်တွင် ကျင်းပမည့် Workers' Party အစည်းအဝေးမတိုင်မီ အဆိုပါဖျက်သင်္ဘောကို ပြင်ဆင်ရန် အမိန့်ပေး ခဲ့ပြီး ၎င်းကို အမျိုးသားဂုဏ်သိက္ခာတစ်ရပ်အဖြစ် ရည်ညွှန်းခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများက Rajin ရှိ သင်္ဘောကျင်းတွင် ပြုပြင်မှုများ ၇ ရက်မှ ၁၀ ရက်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ဖော်ပြခဲ့ပြီး Kim ၏ သတ်မှတ်ချိန်ကာလနှင့် ညီညွတ်မှု ရှိကြောင်း ဖော်ပြခဲ့သည်။
တောင်ကိုရီးယား အငြိမ်းစားရေတပ် ဗိုလ်ချုပ်ကြီး Kim Duk-ki က CNN သို့ ပြုပြင်ရန်အချိန်သည် သင်္ဘော၏ပျက်စီးမှုအပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။၎င်းက သင်္ဘော၏ ရှေ့ပိုင်းတွင် တပ်ဆင်ထားသော sonar နှင့် ရေစူးတိုင်းထွာရေးစနစ်များ ပျက်စီးနိုင်ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် sonar စနစ်များအတွက် နည်းပညာ အားနည်းသည် ဟု ယူဆရပြီး ၎င်းတို့အား တရုတ် သို့မဟုတ် ရုရှားမှ တင်သွင်းခဲ့ဖွယ် ရှိကြောင်း Kim က ဆိုသည်။
Multilateral Sanctions Monitoring Team ၏ အဆိုအရ မြောက် ကိုရီးယားသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဒုံးကျည်များ၊ ဒုံးပျံများ အပါအဝင် လက်နက်ခဲယမ်းများစွာကို ရုရှားသို့ ပို့ဆောင်ခဲ့သည်ဟု ယူဆ ရသည်။ အပြန်အလှန်အားဖြင့် ရုရှားသည် မြောက်ကိုရီးယားအားလေကြောင်းရန်ကာကွယ်ရေးပစ္စည်းများ၊ မြေပြင်မှဝေဟင်ပစ် ကာကွယ်ရေး ဒုံးကျည်များ၊ အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်များနှင့် ချက်လုပ်ပြီး ရေနံထွက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်ဟု စောင့်ကြည့်အဖွဲ့က ပြီးခဲ့သည့်လက ဖော်ပြခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးသော ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းသည် ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် (၂၇.၁) ရာခိုင်နှုန်းရှိခဲ့ရာမှ၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် (၅.၃) ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အသစ်တွင် ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံတွင် နေ့စဉ်အမေရိကန် (၃) ဒေါ်လာသာ ဝင်ငွေရှိသည့် ဆင်းရဲမွဲတေသူ စုစုပေါင်း (၃၄၄.၄၇) သန်းရှိခဲ့ရာမှ (၇၅.၂၄) သန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ (၂၀၂၁ PPP အရ)

ဥတာပရာဒက်၊ မဟာရာရှ်တရာ၊ ဘီဟာ၊ အနောက်ဘင်ဂေါနှင့် မဒ္ဒရာ ပရာဒက်စသည့် ပြည်နယ်ငါးခုသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဆင်းရဲ မွဲတေမှု အမြင့်မားဆုံးဖြစ်ပြီး ၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆင်းရဲမွဲတွေမှု ရာခိုင်နှုန်းလျော့ကျလာခဲ့ရာ အချိုးအစားအားဖြင့် သုံးပုံနှစ်ပုံ ပါဝင် ပါသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ အဆိုပါကာလအတွင်း အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးသော ဆင်းရဲမွဲတေမှုသည် ကျေးလက်ဒေသတွင် (၁၈.၄) ရာခိုင်နှုန်းမှ (၂.၈) ရာခိုင်နှုန်းသို့ လျော့ကျခဲ့ပြီး၊ မြို့ပြများတွင် (၁၀.၇) ရာခိုင်နှုန်းမှ (၁.၁) ရာခိုင်နှုန်းသို့ လျော့ကျခဲ့သည်ဟု ဆိုပါသည်။
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ
ကိုးကား - First Post

ရာသီဥတုပြောင်းလဲမှုကြောင့် ဗြိတိန်နိုင်ငံတွင် ယခုလအတွင်း အပူလှိုင်းဖြတ်သန်းနိုင်ပြီး နိုင်ငံအတွင်းရှိ အချို့ဒေသများတွင် အပူချိန်မှာ ၃၂ ဒီဂရီအထိမြင့်တက် လာနိုင်ကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

အပူချိန်မြင့်တက်မှုကို နိုင်ငံအတွင်းရှိ ဒေသအများအပြားက ခံစားရနိုင်ပြီး စကော့တလန်နှင့် ဝေးလ်ဒေသများတွင် အပူချိန်သည် ၂၈ ဒီဂရီသို့ ရောက်ရှိလာနိုင်ပြီး အင်္ဂလန်နိုင်ငံတောင်ပိုင်းတွင်မူ ဇွန်လ ၂၁ရက်၌ အပူချိန်သည် ၃၂ ဒီဂရီသို့ ရောက်ရှိလာနိုင်သည်။ အင်္ဂလန်နိုင်ငံ ဗဟိုတောင်ပိုင်းရှိ ဒေသများတွင်မူ များသောအားဖြင့် အပူချိန် ၃၀ ဒီဂရီ သို့မဟုတ် ၃၁ ဒီဂရီအထိ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသအဖွဲ့က ထုတ်ပြန်ထားသည်။
ဗြိတိန်နိုင်ငံအတွင်း၌ ယခုလကုန်ပိုင်းအထိ အပူချိန်မှာ သာမန်ထက် ပိုမိုမြင့်တက်လာမည်ဟု အင်္ဂလန် မိုးလေဝသဌာနက ထုတ်ပြန်ထားပြီး နိုင်ငံတောင်ပိုင်းတွင် မိုးခြိမ်းမှုများ ဖြစ်ပွားလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဗြိတိန်နိုင်ငံသည် ရာသီဥတုအေးမြသည့် နိုင်ငံဖြစ်သော်လည်း ရာသီဥတု ပြောင်းလဲမှုကြောင့် အပူလှိုင်း ဖြတ်သန်းမှုကို ခံရဖွယ်ရှိသည်။