အီလွန်မက်စ်က Open AI ကို ဝယ်ယူရန် ကမ်းလှမ်း
ကမ္ဘာ့ထိပ်တန်း AI (ဉာဏ်ရည်တု) ကုမ္ပဏီဖြစ်သည် Open AI ကို အီလွန်မက်စ်က အမေရိကန်ဒေါ်လာ ၉၇.၅ ဘီလီယံဖြင့်ဝယ်ယူမည်ဟု ကမ်းလှမ်းလိုက်ကြောင်း သိရပါသည်။ ၎င်းက လူသားများ၏ အကျိုးစီးပွားကို နည်းပညာနှင့် အထောက်အကူဖြစ်စေရန် Open AI ကို ဝယ်ယူကာ အဆင့်မြှင့်တင်ကာ တိုးတက်စေရန် လုပ်ဆောင်သွားမည် ဟု ဆိုပါသည်။
Musk က Open AI ဘုတ်အဖွဲ့အား ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး Open AI ကို အကောင်းဆုံး လည်ပတ်နိုင်ရန်အတွက် အမြတ်အစွန်းရရန် လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။ Open AI အမှုဆောင်အရာရှိချုပ် ဆမ်အော်တမန်က မက်စ်၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး မက်စ်ပိုင်ဆိုင်သည့် X ဆိုရှယ်မီဒီယာကို အမေရိကန် ဒေါ်လာ ၉၇ ဘီလီယံဖြင့် ပြန်ဝယ်မည်ဟု ပြန်လည် တုန့်ပြန်လိုက်ပါသည်။
Open AI ကိုတည်ထောင်ရန်အတွက် ၂၀၁၅ ခုနှစ်ဝန်းကျင်တွင် အီလွန်မက်စ်က အော်တမန်နှင့်တွဲ၍ သုတေသနလုပ်ရန် ကန်ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်။ လုပ်ငန်းပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် မက်စ်က အဆိုပါအဖွဲ့မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အမေရိကန်ထုတ် Open AI ကို တရုတ်AI ကုမ္ပဏီများက ယှဉ်ပြိုင်လျက်ရှိပြီး Deep Seek ကဲ့သို့သော AI ကုမ္ပဏီများက ထုတ်လုပ်လိုက်သည့် နည်းပညာများသည် Open AI ထက် များစွာသာလွန်မှု ရှိသည်ဆိုသည်ကို လူအများက လက်ခံလျက်ရှိကြသည်။ သင်္ချာပိုင်းဆိုင်ရာနှင့် ကုဒ်ထုတ်လုပ်မှုပိုင်းဆိုင်ရာများတွင် Open AI က တရုတ် AI များကို လိုက်မမီကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post