မက်ဗီဒက်ဗ်က ထရမ့်အား ရုရှားသည် အစ္စရေး (သို့) အီရန်မဟုတ်ဟု ပြောဆို
ရုရှားနိုင်ငံ၏ သမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ဗ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ရုရှားနိုင်ငံသည် အစ္စရေးသို့မဟုတ် အီရန်ကဲ့သို့သော နိုင်ငံမျိုးမဟုတ်ကြောင်း၊ ထရမ့်၏ ခြိမ်းခြောက်မှုတိုင်းသည် နိုင်ငံတကာ ပဋိပက္ခကို တစ်လှမ်းချင်း နီးကပ်လာစေကြောင်း ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ဇူလိုင် ၂၈ ရက်နေ့တွင် ရုရှားအစိုးရအား ပိုမို တင်းကျပ်သည့် နောက်ဆုံးသတ်မှတ်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ ကိယက်ဗ်အစိုးရနှင့် "၁၀ ရက်မှ ၁၂ ရက်အတွင်း" စစ်ပြေငြိမ်းရေး သဘော တူညီမှုရရှိရန် တောင်းဆိုခဲ့သည်။ ယခုလအစောပိုင်းကလည်း ဆောင်းဦး ရာသီတွင် သဘောတူညီမှုမရရှိပါက ရုရှား၏ကုန်သွယ်ဖက်နိုင်ငံများအပေါ်ကျယ်ကျယ်ပြန့်ပြန့် အရေးယူမှုများ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့ ဖူးသည်။
ရုရှား လုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မက်ဗီဒက်ဗ်က ထရမ့်၏ ရုရှားအား ယူကရိန်း ပဋိပက္ခအပေါ် နောက်ဆုံး သတ်မှတ်ချက် ထုတ်ပြန် ခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ပြီး X လူမှုကွန်ရက် ပို့စ်တစ်ခုတွင် "ရုရှားနိုင်ငံသည် အစ္စရေးသို့မဟုတ် အီရန်နိုင်ငံများနှင့် မတူညီကြောင်း နှင့် နောက်ဆုံး သတ်မှတ်ချက် အသစ်တိုင်းသည် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်ပြီး ရုရှားနှင့် အမေရိကန်ကြား ပဋိပက္ခကို ပိုမိုနီးကပ်စေသည့် အဆင့်တစ်ခုပင်ဖြစ်သည်ကို ထရမ့်အနေဖြင့် သတိရသင့်ကြောင်း ရေးသား ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂