သတင်းများ

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် V- Day အခမ်းအနား တက်ရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) ၏ နှစ် ၈၀ ပြည့် အခမ်းအနားတက်ရောက်ရန် ရုရှားသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရပိုင်သတင်းဌာန MRTV က မေလ ၅ ရက်က သတင်းထုတ်ပြန်ထားကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ဖော်ပြထားပါသည်။

“မော်စကိုရှိရင်ပြင်နီ၌ ပြုလုပ်မည့် V- Day စစ်ရေးပြပွဲတွင် မြန်မာနိုင်ငံမှ စစ်ရေးပြအဖွဲ့ တစ်ဖွဲ့က ရုရှားတပ်များနှင့်အတူ ပူးပေါင်းချီတက်ရန် သဘောတူညီမှုရရှိခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနားသို့ မြန်မာအကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ရန် မိမိ ဖိတ်ကြားထားပါကြောင်း” ရုရှားသမ္မတဗလာဒီမာပူတင်က မတ်လအတွင်း မြန်မာဝန်ကြီးချုပ်၏ မော်စကိုခရီးစဉ်၌ တရားဝင် ပြောကြားထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကာ မော်စကို မြို့တွင် ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်း အမှတ် အခမ်းအနားများကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၄ ရက်၌ ပြောကြားခဲ့သည်။ ပြင်ပပတ်ဝန်းကျင်၌ ရှုပ်ထွေးမှုများရှိနေသည့်တိုင် သမ္မတရှီနှင့် သမ္မတပူတင်တို့အနေဖြင့် သမိုင်းတွင်မည့် အမြော်အမြင်၊ မဟာဗျူဟာအရ အလေးထားမှုတို့ဖြင့် ခေတ်သစ်ကာလ တရုတ်-ရုရှား ဆက်ဆံရေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ မေ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကာ မော်စကို မြို့တွင် ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်း အမှတ် အခမ်းအနားများကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၄ ရက်၌ ပြောကြားခဲ့သည်။ ပြင်ပပတ်ဝန်းကျင်၌ ရှုပ်ထွေးမှုများရှိနေသည့်တိုင် သမ္မတရှီနှင့် သမ္မတပူတင်တို့အနေဖြင့် သမိုင်းတွင်မည့် အမြော်အမြင်၊ မဟာဗျူဟာအရ အလေးထားမှုတို့ဖြင့် ခေတ်သစ်ကာလ တရုတ်-ရုရှား ဆက်ဆံရေး ကို အစဉ်သဖြင့် ဆက်လက်ဖော်ဆောင်ရေး၊ ထာဝရတည်တံ့သော အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်ဖက်စလုံးအတွက် အကျိုးရှိမှု စသော နှစ်နိုင်ငံဆက်ဆံရေးအား အဓိပွာယ်ဖွင့်ဆိုပေးသော ဝိသေသလက္ခဏာများ ထင်ရှားပေါ်လွင်စေရေး အတွက် လမ်းညွှန်မှုပေးခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ မကြာမီ သွားရောက်မည့် နိုင်ငံတော်ခရီးစဉ်အတွင်း သမ္မတရှီအနေဖြင့် အခြေအနေသစ်များအောက်မှ တရုတ်-ရုရှားဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကြီးကိစ္စရပ် အများအပြားနှင့် စပ်လျဉ်း၍ သမ္မတ ပူတင် နှင့် မဟာဗျူဟာမြောက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်း ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောဆိုခဲ့သည်။ “သမ္မတနှစ်ဦးအကြား အရေးပါသည့် ဘုံသဘောတူညီမှုများသည် နှစ်နိုင်ငံကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းရေး၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုအနှစ်သာရ ပိုမိုလေးနက်ခိုင်မာစေရေး၊ နယ်ပယ်အသီးသီးတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးကို ပိုမိုသယ်ပိုးနိုင်ရေး၊ နိုင်ငံတကာအသိုက်အဝန်းအတွက် တည်ငြိမ်မှု၊ အပြုသဘောဆောင်သည့် စွမ်းအားများကို ပိုမိုပံ့ပိုးနိုင်ရေးအတွက် တစ်ဆင့်တိုး လုပ်ဆောင်နိုင်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။ 

ကိုးကား- Xinhua

ရုရှားသည် အနောက်နိုင်ငံများ၏ “ပြည်ဖျက်စစ်ပွဲ” ကို တစ်နိုင်ငံတည်း ရင်ဆိုင်နေဟု ပူတင်ဆို

ရုရှားသည် နိုင်ငံကို ဆန့်ကျင်သည့် “ပြည်ဖျက်စစ်ပွဲ” (existential war) ဆင်နွှဲနေသည့် အနောက် အုပ်စုနှင့် တစ်နိုင်ငံတည်း ရင်ဆိုင်ရပ်တည်နေကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ Rossiya-1  ရုပ်သံလိုင်းမှ တနင်္ဂနွေနေ့(မေ ၄)တွင် ထုတ်လွှင့်ခဲ့သည့် “ကရင်မလင်တွင် ပူတင်၏ သမ္မတ တာဝန် ထမ်းဆောင်မှု ၂၅ နှစ်ပြည့်အထိမ်းအမှတ်” စာတန်းထိုးရုပ်သံတွင် ပူတင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုရုပ်သံသည် ပူတင် ရုရှားသမ္မတအဖြစ် ပထမဆုံးအကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် ၂၀၀၀ ပြည့်နှစ် မေလ ၇ ရက်နေ့မှ

ရုရှားသည် နိုင်ငံကို ဆန့်ကျင်သည့် “ပြည်ဖျက်စစ်ပွဲ” (existential war) ဆင်နွှဲနေသည့် အနောက် အုပ်စုနှင့် တစ်နိုင်ငံတည်း ရင်ဆိုင်ရပ်တည်နေကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ Rossiya-1  ရုပ်သံလိုင်းမှ တနင်္ဂနွေနေ့(မေ ၄)တွင် ထုတ်လွှင့်ခဲ့သည့် “ကရင်မလင်တွင် ပူတင်၏ သမ္မတ တာဝန် ထမ်းဆောင်မှု ၂၅ နှစ်ပြည့်အထိမ်းအမှတ်” စာတန်းထိုးရုပ်သံတွင် ပူတင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုရုပ်သံသည် ပူတင် ရုရှားသမ္မတအဖြစ် ပထမဆုံးအကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် ၂၀၀၀ ပြည့်နှစ် မေလ ၇ ရက်နေ့မှစ၍ နှစ် ၂၅ ပြည့်အထိမ်းအမှတ်အဖြစ် ရိုက်ကူး ထားခြင်းဖြစ်သည်။အဆိုပါရုပ်သံတွင် ပူတင်သည်ဂျာနယ်လစ် ပါဗယ်ဇာရူဘင်နှင့် ယူကရိန်း-ရုရှားစစ်ပွဲ၊ ရုရှား နှင့် အနောက်နိုင်ငံများအကြား ကျယ်ပြန့်သော ပဋိပက္ခများအကြောင်း ဆွေးနွေးခဲ့သည်။

ပူတင်က “ရုရှားသည် အခြေအနေအရ အနောက်နိုင်ငံများ၏ စုပေါင်းတိုက်ခိုက်မှုကို တစ်ဦးတည်း ရင်ဆိုင်နေရသည်။ ထို့ကြောင့် အဆိုပါ အခြေအနေကို လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်” ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “၂၀၀၀ ပြည့်နှစ်အစောပိုင်းကတည်းက အနောက်နိုင်ငံများသည် ရုရှားကို လှည့်စားသည့် နည်းလမ်းများဖြင့် ဆက်ဆံလာခဲ့သည်။ ၎င်းတို့က တစ်ခုပြောပြီး အခြားတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်” ဟု ဝေဖန်ခဲ့သည်။

ပူတင်က ရုရှား၏ ထပ်ခါတလဲလဲ သတိပေးချက်များကို အနောက်နိုင်ငံများက လျစ်လျူရှုခဲ့ခြင်း၊ ရုရှား၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို အပြည့်အဝ အသိအမှတ်မပြုခြင်းတို့ ကြောင့် လက်ရှိအကျပ်အတည်းများ ဖြစ်ပေါ်လာရကြောင်း ရှင်းပြခဲ့သည်။

ဆက်လက်၍ ပူတင် က “ဤအဆင့်မြင့်ယဉ်ကျေးမှုကမ္ဘာ (အနောက်နိုင်ငံများ) က ရုရှားအားနည်း သွားပြီဟု သတ်မှတ်ခဲ့ကြသည်။ ဆိုဗီယက်ယူနီယံဟူသော သမိုင်းဝင်ရုရှားပြိုကွဲသွားပြီး ကျန်ရစ်ခဲ့ သော အစိတ်အပိုင်းများကိုလည်း အပြီးသတ်ဖျက်ဆီးရမည်ဟု ရည်ရွယ်ခဲ့ကြသည်။ ယင်းအနက် အကြီးဆုံးဖြစ်သော ရုရှားဖက်ဒရေးရှင်းကိုလည်း ၄-၅ ပိုင်း ပိုင်းခြားရန် စီစဉ်ခဲ့ကြသည်။ မိမိသည် နိုင်ငံ၏အနာဂတ်အတွက် တာဝန်ရှိသူဖြစ်သည့်အတွက် ထိုသို့မဖြစ်ရလေအောင် စတင်လုပ်ဆောင်ခဲ့သည်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

မော်စကိုသည် ယူကရိန်းပဋိပက္ခကို “အနောက်နိုင်ငံများ၏ ရုရှားဆန့်ကျင်ရေး ကြားခံစစ်ပွဲ” အဖြစ် အစဉ်သတ်မှတ်ခဲ့ပြီး၊ ယူကရိန်းလူမျိုးများကို “အသုံးချခံစစ်သား (cannon fodder)” အဖြစ် အသုံးပြု နေသည်ဟု စွပ်စွဲခဲ့သည်။ ရုရှားအရာရှိများက “အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံများသည် နေတိုး၏ အရှေ့ဥရောပချဲ့ထွင်မှုနှင့် ယူကရိန်းနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို မော်စကို၏ လုံခြုံရေး အရေးကိစ္စများကို လျစ်လျူရှုကာ တမင်တကာ တင်းမာမှုများ မြှင့်တင်ခဲ့သည်” ဟု ပြောဆို ထားသည်။

ပူတင်က “ရုရှားနှင့် အနောက်နိုင်ငံများသည် “ပြည်ဖျက်စစ်ပွဲ (existential war)” တွင် ပိတ်မိနေပြီဖြစ်ကာ၊ အနောက်မှ အများအပြားက ယခုအခါ ထိုအချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလာကြသည်” ဟု အားလုံးသိအောင် ပြောကြားခဲ့သည်။

ထိုပြောကြားချက်များသည် ရုရှား-အနောက် ပဋိပက္ခ၏ ဇစ်မြစ်ကို နက်နက်ရှိုင်းရှိုင်း ထိုးထွင်း သိမြင် စေသည်။ ပူတင်က အနောက်နိုင်ငံများသည် ရုရှားကို နိုင်ငံတော်ပြိုကွဲမှု (state collapse) ဖြစ်စေရန် နှစ်ပေါင်းများစွာ စီစဉ်ခဲ့ကြောင်း၊ သို့သော် မော်စကိုက ယင်းအန္တရာယ်ကို ကြိုတင်ကာကွယ် ခဲ့ကြောင်း ပြတ်သားစွာ အလေးပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က ပါကစ္စတန်နှင့် အိန္ဒိယအကြား တင်းမာမှုများ တိုးမြင့်လာမှုအပေါ် ဆွေးနွေးခဲ့

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (မေ ၄) ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov သည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် ဖုန်းဆက်ပြောကြားစဉ် အစ္စလာမာဘတ်နှင့်နယူးဒေလီတို့ကြား တင်းမာမှုများ မြင့်တက်လာမှုအခြေအနေကို ဆွေးနွေး ခဲ့ကြောင်း ဖော်ပြခဲ့သည်။

လာဗရော့ဗ်က တင်းမာမှုများ လျော့ပါးစေရန် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို မော်စကိုက ပံ့ပိုးလိုသည့်ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။ “ဧပြီ ၂၂ ရက်က ပါဟယ်ဂမ်ဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း ပေါ်ပေါက်လာသည့် အခြေအနေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာတွင် အစ္စလာမာဘတ်နှင့် နယူးဒေလီတို့၏ အပြန်အလှန် အကျိုးစီးပွားရှိပါက ရုရှားဘက်က အကူအညီပေးရန် အဆင်သင့်ရှိကြောင်း” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ ဖုန်းဆက်ဆိုမှုသည်ပါကစ္စတန်ဘက်မှ တောင်းဆိုချက်အရ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စနေနေ့(မေ ၃)က လာဗရော့ဗ်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.Jaishankar နှင့်လည်း ဆက်သွယ်ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ၊ လာဗရော့ဗ်က “နယူးဒေလီနှင့် အစ္စလာမာဘတ်တို့ကြား သဘောထားကွဲလွဲမှုများကို ၁၉၇၂ ဆင်းမလားသဘောတူညီချက်နှင့် ၁၉၉၉ လာဟိုကြေညာစာတမ်းတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နှစ်နိုင်ငံချင်းနိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းရန်” တိုက်တွန်း ခဲ့သည်။ ထိုသဘောတူညီချက်များသည် တောင်အာရှနိုင်ငံနှစ်ခုအကြား အငြင်းပွားမှုများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ယခင်က သဘောတူညီခဲ့သည့် သမိုင်းဝင်မူဘောင်များ ဖြစ်သည်။

ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေး ထိန်းသိမ်းမှုအပေါ် မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြား

ကမ္ဘာ့စီးပွားရေးတိုးတက်မှုဗဟိုချက်သည် အာရှ-ပစိဖိတ် ဒေသသို့ ရွေ့လျားနေသည်ကို လွန်ခဲ့သည့် ၂၅ နှစ်တွင် မိမိ ပထမဆုံးအကြိမ် သမ္မတ တာဝန်ထမ်းဆောင်စဉ်ကပင် သတိပြုမိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို တက်ကြွစွာ တိုးတက်အောင် ဆောင်ရွက်ပြီး ကမ္ဘာ့တည်ငြိမ်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က “Russia-1” ရုပ်သံချန်နယ်၏ မေ ၄ ရက်တွင် ထုတ်လွှင့်သည့် မှတ်တမ်းရုပ်ရှင်တစ်ခု၌ ပြောကြားခဲ့သည်။ 

လက်ရှိအခြေအနေတွင် ရုရှား-တရုတ် ဆက်ဆံရေးသည် နက်ရှိုင်းသည့် မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိကြောင်း ပူတင်က အလေးအနက်ထား ပြောကြားခဲ့သည်။

“ကမ္ဘာတစ်ဝန်း မတည်မငြိမ်ဖြစ်နေမှုက ပြေလျော့လာခြင်းမရှိဘဲ အခြေအနေက ပို၍ ကျယ်ပြန့်သည့်အနေအထား ပေါ်လွင်လာပါသည်။ ရုရှား-တရုတ် နှစ်နိုင်ငံ၏ ယုံကြည်စိတ်ချသော၊ တည်ငြိမ်သောဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေးကို အားဖြည့်ပေးပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

ကိုးကား - ဆင်ဟွာ

Photo: NBC News

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီ သမ္မတ အာဒိုဂန်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြား

တူရကီသမ္မတ အာဒိုဂန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ၎င်းအား အမေရိကန်သမ္မတ က အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရန် ဖိတ်ကြားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ အကြောင်းကို တူရကီ သမ္မတက ၎င်း၏ လူမှုကွန်ယက် X (Twitter) တွင် ရေးသားဖော်ပြခဲ့ပါသည်။

“ယနေ့ (မေ ၅ ရက်) အမေရိကန်သမ္မတ၊ မိမိ၏အလေးစားရဆုံးမိတ်ဆွေ ဒေါ်နယ်ထရမ့်နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ခြင်းသည် အလွန် ထိရောက်မှုရှိပြီး အကြောင်းအရာပြည့်ဝမှုနှင့် စိတ်ရင်းမှန်ရှိမှုတို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။ မိမိသည် အမေရိကန်သမ္မတ၏ အလည်အပတ်ခရီးကို တူရကီနိုင်ငံတွင် မကြာမီအချိန်အတွင်းကြိုဆိုရန်အတွက် အလွန် ဝမ်းမြောက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ၎င်းကလည်း မိမိအားအမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန်ဖိတ်ကြားခဲ့ပါသည်” ဟု တူရကီ သမ္မတ အာဒိုဂန်က ဖော်ပြခဲ့ပါသည်။

တူရကီသမ္မတက အမေရိကန်သမ္မတနှင့် ဖုန်းဆက်ပြီး “ဂါဇာကမ်းမြှောင် ဒေသတွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှု အခြေအနေ၊ ဆီးရီးယားအခြေအနေ၊ ရုရှားနှင့်ယူကရိန်းအကြား စစ်ပွဲအခြေအနေ၊ ကမ္ဘာ့ကုန်သွယ်ရေး၊ အီရန်နှင့်အမေရိကန်အကြား ဆက်လက်လုပ်ဆောင်နေသောဆွေးနွေးမှုများနှင့် အခြားဒေသနှင့်ကမ္ဘာ့ပြဿနာများ” ကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

“ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် စစ်ပွဲများကို ရပ်တန့်ရန် သမ္မတဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုများကို မိမိတန်ဖိုးထား ကြောင်းနှင့် မိမိတို့၏ဒေသတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် အေးချမ်းသာယာမှုကို ဖန်တီးရန် တူရကီသည် လိုအပ်သော ပံ့ပိုးကူညီမှုများကို ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း” ကိုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တူရကီသမ္မတ အာဒိုဂန်နှင့် စကား ပြောဆိုပြီးနောက် ၎င်း၏ လူမှုကွန်ယက် Truth Social တွင် “တူရကီ သမ္မတက ၎င်းအား အနာဂတ်တွင် တူရကီသို့လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ဝါရှင်တန်သို့ လာရောက်ရန် စီစဉ်ထားကြောင်း” အစောပိုင်းတွင် ဖော်ပြခဲ့ပါသည်။

ကိုးကား - Tass

ပါကစ္စတန်ကို တိုက်ခိုက်က အိန္ဒိယ ပြည်နယ် ၇ ခုကို သိမ်းပိုက်သင့်ကြောင်း ယူနွတ်၏ အကြံပေး ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရအကြံပေးချုပ် ယူနွတ်၏ အနီးကပ် အကြံပေး တစ်ဦးဖြစ်သော အငြိမ်းစား စစ်ဗိုလ်ချုပ် (Major General –Retd) ဖြစ်သူ ALMFazlur Rahman က ကက်ရှ်မီးယား ပါဟယ်ဂမ် အကြမ်းဖက်တိုက်ခိုက်မှုအား အကြောင်းပြု၍ အိန္ဒိယက ပါကစ္စတန်ကို တိုက်ခိုက်ပါက ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့် ပူးပေါင်း၍ အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ပြည်နယ် ၇ ခုကို သိမ်းပိုက်သင့်ကြောင်း ၎င်း၏ လူမှု မီဒီယာမှတစ်ဆင့် ဧပြီ ၂၉ ရက်(အင်္ဂါနေ့)က အဆိုပြုရေးသားဖော်ပြခဲ့ ပါသည်။ 

“အိန္ဒိယက ပါကစ္စတန်ကို တိုက်ခိုက်ပါက ဘင်္ဂလားဒေ့ရှ်က အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ် ၇ ခုကို သိမ်းပိုက်သင့်ပါသည်။ အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး တရုတ်နှင့်ပူးပေါင်းကာ စစ်ရေးစီမံချက်များ ဆွေးနွေးရန် လိုအပ်သည်ဟု မိမိ ထင်မြင်မိပါသည်” ဟု Rahman က ဘင်္ဂါလီ ဘာသာ ဖြင့် ရေးသားထားသော ၎င်း၏ ပို့စ်တွင် ဖော်ပြထားပါသည်။

ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရသည် Rahman ကို ၂၀၀၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ရိုင်ဖယ်တပ်ဖွဲ့ ပုန်ကန်မှုအတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်မှု များကို စုံစမ်းစစ်ဆေးရန် အမျိုးသားလွတ်လပ်သော ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂ (သောကြာနေ့)တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ အဆိုပါ အငြိမ်းစား ဗိုလ်ချုပ်၏ ပြောကြားချက်များမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ရပ်တည်ချက် သို့မဟုတ် မူဝါဒများနှင့် ကိုက်ညီမှု မရှိပါကြောင်း ရှင်းလင်းဖော်ပြထားပါသည်။

အဆိုပါဖြစ်စဉ်မတိုင်မီ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက ဘင်္ဂလားဒေ့ရှ် အကြံပေးချုပ် ယူနွတ်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသော မိုင် ၁,၆၀၀ ခန့် ရှိသော အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ပြည်နယ် ၇ ခုသည် ကုန်းတွင်းပိတ် ဒေသများဖြစ်ပြီး ၎င်းတို့နိုင်ငံမှတစ်ဆင့်သာ အိန္ဒိယသမုဒ္ဒရာသို့ သွားရောက် ရာ ထွက်ပေါက်ရှိကြောင်း မှတ်ချက်ပြုဖူးပါသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ ပြုလုပ်သော စီးပွားရေးဖိုရမ်တစ်ခုတွင် အကြံပေး Rahman က ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယသမုဒ္ဒရာ၏ တစ်ခုတည်းသော စောင့်ရှောက်သူဖြစ်ကြောင်း ပြောကြားပြီး တရုတ်နိုင်ငံအား ကမ္ဘာတစ်ဝှမ်း သို့ ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် အသုံးပြုရန် ဖိတ်ခေါ်ခဲ့ပါသည်။

ကိုးကား- Indian Express

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

မေလအတွင်း ဆော်ဒီ၌ ပူတင်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟု ထရမ့်ပြောကြား

မေလလယ်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဖွယ်ရှိကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောကြားလိုက်ပါသည်။ 

ဆော်ဒီအာရေဗျ၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ မေ ၁၃ ရက်မှ ၁၆ ရက်အထိ သွားရောက်မည့် အရှေ့အလယ်ပိုင်း ခရီးစဉ်အပြီးတွင် ရုရှားခေါင်းဆောင်နှင့် တွေ့ဆုံနိုင်ကြောင်း ထရမ့်က ယခင်ကလည်း ပြောပြဖူးပါသည်။

ရုရှားနှင့်တရုတ်တို့ကြား ဆက်ဆံရေးက မဟာဗျူဟာမြောက်ဆက်ဆံရေးဖြစ်ဟု ပူတင်ပြော

မော်စကို၊ သံတမန်ဆက်ဆံရေး

ရုရှားနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးသည် လက်ရှိတွင် မဟာဗျူဟာမြောက်ဆက်ဆံရေးတစ်ရပ်ဖြစ်ကြောင်း   ရုရှားသမ္မတ ဗလာဒီမာပူတင်က မေလ ၄ ရက်တွင် ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာမငြိမ်မသက်ဖြစ်ပွားနေစဉ်အတွင်း   ရုရှားနှင့်တရုတ်နိုင်ငံတို့သည်      ကမ္ဘာ့တည်ငြိမ်ရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း သမ္မတပူတင်က ပြောကြားခဲ့ကြောင်း ရုရှားရုပ်သံတစ်ခုဖြစ်သည့် Rossiya ကဖော်ပြသည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းများဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အဓိကအချက်ဖြစ်သည့်ဆက်ဆံရေးကောင်းမွန်မှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။    ထို့ပြင် ကမ္ဘာပေါ်တွင် မငြိမ်မသက်မှုများ ပိုမိုတိုးတက်လာနေစဉ် အတွင်း နှစ်နိုင်ငံစလုံးကြားရှိ ဆက်ဆံရေးကောင်းမွန်ခြင်းသည်  ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးအတွက်    ထိရောက်စွာ အထောက်အကူပြုလျက်ရှိကြောင်း ပူတင်၏ပြောကြားချက်ကိုကိုးကား၍ ရုပ်သံကဖော်ပြသည်။

ထို့ပြင် လာမည့် ၂၅ နှစ်တွင် ဂျီ-၇ နိုင်ငံ၏ ကမ္ဘာ့စီးပွားရေးတွင်   ပါဝင်မှုနှုန်းသည် ဆက်လက်ကျဆင်းလာသောကြောင့် ယင်းနိုင်ငံများ၏ ကမ္ဘာ့အရေးကိစ္စများတွင် ပါဝင်နိုင်သည့် အလားအလာမှာလည်း ကျဆင်းလာနိုင်ပြီး ရုရှားနှင့် တရုတ်နိုင်ငံတို့ပါဝင်သည့် BRICS နိုင်ငံများ၏ အခန်းကဏ္ဍမှာ  ပိုမိုကြီးထွားလာနိုင်ကြောင်း ပူတင်ကဆက်လက်ပြောကြားသည်။

Ref: Iz

Source: https://myawady.net.mm/

အီးယူက အစ္စရေးကို ထောက်ခံနေခြင်းက သမိုင်းတရားခံ ဖြစ်လာလိမ့်မည် ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဆို

သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဖရန်ဆက်ကာ အယ်လ်ဘားနီးစ်က ဂါဇာတွင် အစ္စရေး၏ “စစ်ရာဇ၀တ်မှုများ” ကို ပံ့ပိုးပေးသည့်အတွက် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်ပိုင်းကို တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့သည်။

စနေနေ့ (မေ ၄) က ထုတ်ဝေသော The Intercept သတင်းဌာနနှင့် အင်တာဗျူးတွင် အယ်လ်ဘာနီးစ်သည် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူ လာဗွန်ဒါလီယန် နှင့် EU ၏ထိပ်တန်းသံတမန် ကာဂျာ ကောလက်စ် တို့ကို ရည်စူးပြီးပြောခဲ့ခြင်း ဖြစ်ပါသည်။

“အီးယူ၏ အမြင့်ဆုံးပုဂ္ဂိုလ်နှစ်ဦးက အစ္စရေးနှင့် ပုံမှန်အတိုင်း ဆက်ဆံမှုများ ဆက်လုပ်နေသည်ဆိုသည့်အချက်က စိတ်ပျက်ဖွယ်ကောင်းလောက် အောင်ပါ” ဟု သူမက ပြောကြားခဲ့သည်။

“သမိုင်းက ၎င်းတို့ကို တရားစီရင်လိမ့်မည်။ ထို့ထက်စောပြီး ၎င်းတို့ကို တရားစီရင်ရမှာပါ။ ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အပြစ်ပေးမှု မညီမျှဘူးဆိုသည်ကိုလည်း ၎င်းတို့ နားလည်ရလိမ့်မည်” ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့အပေါ် အစ္စရေးက ရာဇ၀တ်မှုများ ကျူးလွန်နေခြင်းနှင့်ပတ်သက်ပြီး အယ်လ်ဘန်နီစ်က ဘဏ်များ၊ ပင်စင်ရန်ပုံငွေများ၊ နည်းပညာကုမ္ပဏီများနှင့် တက္ကသိုလ်များပါဝင်သည့် အင်စတီကျူးရှင်းများနှင့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ဖော်ထုတ်သည့် အစီရင်ခံစာတစ်ခုကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

“တရားမ၀င် အလုပ်အကိုင်နှင့် ပတ်သက်ဆက်နွှယ်နေသည့်သူများအားလုံးက အထောက်အပံ့ပေးရာမှာ နိုင်ငံတကာဥပဒေချိုးဖောက်မှုများနှင့် လူ့ အခွင့်အရေးချိုးဖောက်မှုများကို ကူညီပေးနေပြီး ရာဇ၀တ်မှုများအတွက် အများအပြား ပါဝင်နေပါသည်” ဟု အယ်လ်ဘာနီစ်က ပြောကြားခဲ့သည်။ “ထိုကဲ့သို့သော ရာဇ၀တ်မှုများကို ကူညီဆောင်ရွက်ပေးနေသူများ သို့မဟုတ် ထောက်ပံ့ပေးကမ်းနေသူများအတွက် တစ်ဦးချင်းတာဝန် ယူကိုယူရပါလိမ့်မည်” ဟု ပြောသွားပါသည်။

ကိုးကား-Myanmar National Post

Photo: RFI