ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေး ထိန်းသိမ်းမှုအပေါ် မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြား

News Image

  • ရုရှား-တရုတ် ဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေး ထိန်းသိမ်းမှုအပေါ် မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြား

ကမ္ဘာ့စီးပွားရေးတိုးတက်မှုဗဟိုချက်သည် အာရှ-ပစိဖိတ် ဒေသသို့ ရွေ့လျားနေသည်ကို လွန်ခဲ့သည့် ၂၅ နှစ်တွင် မိမိ ပထမဆုံးအကြိမ် သမ္မတ တာဝန်ထမ်းဆောင်စဉ်ကပင် သတိပြုမိကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို တက်ကြွစွာ တိုးတက်အောင် ဆောင်ရွက်ပြီး ကမ္ဘာ့တည်ငြိမ်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က “Russia-1” ရုပ်သံချန်နယ်၏ မေ ၄ ရက်တွင် ထုတ်လွှင့်သည့် မှတ်တမ်းရုပ်ရှင်တစ်ခု၌ ပြောကြားခဲ့သည်။ 

လက်ရှိအခြေအနေတွင် ရုရှား-တရုတ် ဆက်ဆံရေးသည် နက်ရှိုင်းသည့် မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိကြောင်း ပူတင်က အလေးအနက်ထား ပြောကြားခဲ့သည်။

“ကမ္ဘာတစ်ဝန်း မတည်မငြိမ်ဖြစ်နေမှုက ပြေလျော့လာခြင်းမရှိဘဲ အခြေအနေက ပို၍ ကျယ်ပြန့်သည့်အနေအထား ပေါ်လွင်လာပါသည်။ ရုရှား-တရုတ် နှစ်နိုင်ငံ၏ ယုံကြည်စိတ်ချသော၊ တည်ငြိမ်သောဆက်ဆံရေးက ကမ္ဘာ့တည်ငြိမ်ရေးကို အားဖြည့်ပေးပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

ကိုးကား - ဆင်ဟွာ

Photo: NBC News