မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် V- Day အခမ်းအနား တက်ရောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) ၏ နှစ် ၈၀ ပြည့် အခမ်းအနားတက်ရောက်ရန် ရုရှားသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရပိုင်သတင်းဌာန MRTV က မေလ ၅ ရက်က သတင်းထုတ်ပြန်ထားကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ဖော်ပြထားပါသည်။
“မော်စကိုရှိရင်ပြင်နီ၌ ပြုလုပ်မည့် V- Day စစ်ရေးပြပွဲတွင် မြန်မာနိုင်ငံမှ စစ်ရေးပြအဖွဲ့ တစ်ဖွဲ့က ရုရှားတပ်များနှင့်အတူ ပူးပေါင်းချီတက်ရန် သဘောတူညီမှုရရှိခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနားသို့ မြန်မာအကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ရန် မိမိ ဖိတ်ကြားထားပါကြောင်း” ရုရှားသမ္မတဗလာဒီမာပူတင်က မတ်လအတွင်း မြန်မာဝန်ကြီးချုပ်၏ မော်စကိုခရီးစဉ်၌ တရားဝင် ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃