သတင်းများ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ-အူဇ်-ဇမန်သည် ကာတာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာဝန်ကြီးတို့နှင့် ဒိုဟာမြို့တွင် တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ-အူဇ်-ဇမန်သည် ကာတာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ဝန်ကြီး မစ္စတာ ရှိုက် ဆာအူးဒ် ဘင် အဗ္ဗဒူရ်ရာမန် ဘင်ဟာဆန် ဘင် အလီ အလ်-သာနီနှင့် ဒိုဟာမြို့တွင် တွေ့ဆုံခဲ့ပါသည်။

ယမန်နေ့ (မေလ ၄ ရက်နေ့) တွင် ဒိုဟာမြို့၌ ကာတာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ဝန်ကြီး မစ္စတာ ရှိုက် ဆာအူးဒ် ဘင် အဗ္ဗဒူရ်ရာမန် ဘင် ဟာဆန် ဘင် အလီ အလ်-သာနီနှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာ-အူဇ်-ဇမန်တို့ တွေ့ဆုံ ခဲ့ကြပါသည်။

ကာတာသတင်းစာ Qatar Tribune ၏ ဖော်ပြချက်အရ၊ အဆိုပါ တွေ့ဆုံမှု တွင် အပြန်အလှန်အကျိုးစီးပွားရှိသောကိစ္စရပ်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းများ ရှာဖွေခြင်း အပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာတာ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျာဆင်ဘင် မိုဟာမက် အလ်မန်နိုင်း အပါအဝင် နှစ်နိုင်ငံမှ အကြီးတန်းအရာရှိများ နှင့် တပ်မှူးများ တက်ရောက်ခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယခုအခါ ကာတာ နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိနေပြီး ၎င်းသည် မေလ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ရောက်ရှိရန် စီစဉ် ထားပါသည်။

ကိုးကား - Qatar Tribune

အီရန် နှင့် Eurotroika ဆွေးနွေးပွဲ ပျက်ပြယ်

မေ ၂ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည့် အီရန်နှင့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ (E3) တို့အကြား ဆွေးနွေးပွဲ ပျက်ပြယ်သွားကြောင်း သိရပါသည်။

အီရန်နှင့် အမေရိကန်အကြား တီဟီရန်၏ နျူကလီးယား အစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုများကို အတည်ပြုချက်မရခြင်းကြောင့် မေ ၃ ရက် (စနေနေ့) တွင် ကျင်းပရန် စီစဉ်ထားသည့် အီရန်နှင့် အမေရိကန် စတုတ္တအကြိမ် ဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ကြောင်း ကြေညာအပြီး အဆိုပါဆွေးနွေးပွဲ ရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရပါသည်။ 

ကိုးကား- The National

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

စင်ကာပူနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ မဲပေးမှုစတင်

စင်ကာပူ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးခြင်းကို မေ ၃ ရက် နံနက် ၈ နာရီတွင် တရားဝင် စတင်ခဲ့သည်။ စင်ကာပူနိုင်ငံ ၁၅ ကြိမ်မြောက် လွှတ်တော်အမတ် ရွေးချယ်ရန်အတွက် မဲဆန္ဒရှင် ၂.၆ သန်းကျော်သည် မဲရုံပေါင်း ၁,၂၄၀ ခုသို့ သွားရောက်၍ မဲပေးလျက်ရှိသည်။ ယခုအကြိမ် လွှတ်တော်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၁၁ ဦးက လွှတ်တော် အမတ်နေရာ ၉၇ ခုကို ယှဉ်ပြိုင်ရယူကြမည်ဖြစ်သည်။ မဲပေးချိန်သည် နံနက် ၈ နာရီမှ ည ၈ နာရီအထိဖြစ်ပြီး ယင်းနောက် မဲများကို ရေတွက်မည်ဖြစ်သည်။ အဆိုပါနေ့ ညပိုင်းတွင် ရွေးကောက်ပွဲ အရာရှိ Han Kok Juan က မဲဆန္ဒနယ် တစ်ခုစီ၏ ရလဒ်များကို ဆက်တိုက် ကြေညာသွားမည်ဖြစ်သည်။

စင်ကာပူ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးခြင်းကို မေ ၃ ရက် နံနက် ၈ နာရီတွင် တရားဝင် စတင်ခဲ့သည်။ စင်ကာပူနိုင်ငံ ၁၅ ကြိမ်မြောက် လွှတ်တော်အမတ် ရွေးချယ်ရန်အတွက် မဲဆန္ဒရှင် ၂.၆ သန်းကျော်သည် မဲရုံပေါင်း ၁,၂၄၀ ခုသို့ သွားရောက်၍ မဲပေးလျက်ရှိသည်။ ယခုအကြိမ် လွှတ်တော်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၁၁ ဦးက လွှတ်တော် အမတ်နေရာ ၉၇ ခုကို ယှဉ်ပြိုင်ရယူကြမည်ဖြစ်သည်။ မဲပေးချိန်သည် နံနက် ၈ နာရီမှ ည ၈ နာရီအထိဖြစ်ပြီး ယင်းနောက် မဲများကို ရေတွက်မည်ဖြစ်သည်။ အဆိုပါနေ့ ညပိုင်းတွင် ရွေးကောက်ပွဲ အရာရှိ Han Kok Juan က မဲဆန္ဒနယ် တစ်ခုစီ၏ ရလဒ်များကို ဆက်တိုက် ကြေညာသွားမည်ဖြစ်သည်။ ယခုအကြိမ် ရွေးကောက်ပွဲသည်စင်ကာပူနိုင်ငံ လက်ရှိဝန်ကြီးချုပ် လောရန့်စ်ဝေါင် ၂၀၂၄ ခုနှစ်တွင် တာဝန် ထမ်းဆောင်ချိန်မှစ၍ ပထမဆုံးအကြိမ် အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီကို ဦးဆောင်ကာ လွှတ်တော်ရွေးကောက်ပွဲ၌ ပါဝင်ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံ လွှတ်တော်သည် လွှတ်တော်တစ်ရပ်တည်းစနစ်ကို ကျင့်သုံးသည်။ လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်များ၏ မဲပေး ရွေးကောက်မှုမှတစ်ဆင့် တင်မြှောက်ကြကာ ရာထူးသက်တမ်းမှာ ၅ နှစ် ဖြစ်ပြီး လွှတ်တော်တွင် အမတ်နေရာအများစုရရှိထားသည့် ပါတီသည် အစိုးရ ဖွဲ့နိုင်သည်။ 

ကိုးကား- Xinhua

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အီရန်နှင့်ပတ်သက်နေသောနိုင်ငံများကို ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အီရန်ရေနံ သို့မဟုတ် ရေနံဓာတုပစ္စည်း‌များကို ဆက်လက်ဝယ်ယူနေသော နိုင်ငံများသည် ဒုတိယအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန် နှင့် အီရန်အကြားဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ဒေါ်နယ်ထရမ့်၏ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်က “အီရန်နှင့် ရေနံကုန်သွယ်မှုများ လုပ်ဆောင်နေသည့် မည်သည့် နိုင်ငံကိုမဆို အမေရိကန်နိုင်ငံနှင့် စီးပွားရေးလုပ်ရန် ခွင့်ပြုမည် မဟုတ်ပါ။ အီရန်ရေနံ သို့မဟုတ် ရေနံဓာတုပစ္စည်းများ ဝယ်ယူမှု အားလုံး ကို ချက်ချင်းရပ်တန့်ရပါမ

အီရန်ရေနံ သို့မဟုတ် ရေနံဓာတုပစ္စည်း‌များကို ဆက်လက်ဝယ်ယူနေသော နိုင်ငံများသည် ဒုတိယအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန် နှင့် အီရန်အကြားဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ဒေါ်နယ်ထရမ့်၏ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်က “အီရန်နှင့် ရေနံကုန်သွယ်မှုများ လုပ်ဆောင်နေသည့် မည်သည့် နိုင်ငံကိုမဆို အမေရိကန်နိုင်ငံနှင့် စီးပွားရေးလုပ်ရန် ခွင့်ပြုမည် မဟုတ်ပါ။ အီရန်ရေနံ သို့မဟုတ် ရေနံဓာတုပစ္စည်းများ ဝယ်ယူမှု အားလုံး ကို ချက်ချင်းရပ်တန့်ရပါမည်” ဟု ပြောဆိုခဲ့ပါသည်။ အီရန်ရေနံနှင့် ရေနံ ဓာတုပစ္စည်းများ တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသော ကုမ္ပဏီ(၇)ခုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့ပြီးနောက် တစ်ရက်အကြာ၌ အဆိုပါထုတ်ပြန် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပိတ်ဆို့ အရေးယူမှုစာရင်း၌ ယူအေအီးနိုင်ငံအခြေစိုက် အဖွဲ့အစည်း(၆)ခုအပြင် တူရကီကုမ္ပဏီတစ်ခုနှင့် အီရန်ကုမ္ပဏီတစ်ခုတို့ ပါဝင်ကြောင်း သိရှိ ရပါသည်။ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှု အသစ်များအပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရပါသည်။

ကိုးကား-NP News

Victory Day အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ဘယ်လာရုစ် အထက်လွှတ်တော် အတည်ပြု

ဘယ်လာရုစ် အမျိုးသားညီလာခံ၏ အထက်လွှတ်တော်ဖြစ်သော ကောင်စီအဖွဲ့သည် Great Patriotic War အောင်ပွဲ၏ ၈၀နှစ်မြောက် အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းအား အတည်ပြုလိုက် ကြပါသည်။ 

ထိုဥပဒေကြမ်းအရ အကျဉ်းသား စုစုပေါင်း ၈,၀၀၀ နီးပါးခန့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဟု မျှော်မှန်းရကြောင်း ပြည်ထဲရေးဝန်ကြီး Ivan Kubrakov က အထက်လွှတ်တော်အမတ်များထံ ဥပဒေကြမ်းကို တင်ပြ ရာတွင် ပြောကြားခဲ့ပါသည်။

ယင်းမတိုင်မီက ဘယ်လာရုစ် အောက်လွှတ်တော်ဖြစ်သော ကိုယ်စားပြု လွှတ်တော်သည် ယင်းဥပဒေကြမ်းအား အတည်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ 

ကိုးကား- TASS

Photo: Belarusian news

ကျူးဘား-တရုတ် ဆက်ဆံရေးက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ ဆို

ကျူးဘားနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ် တာကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲများကို ဖြတ်သန်းခဲ့ပြီး အမြဲတစေ တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက်လာခဲ့ရာ ယခုအချိန်အခါသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ မီဂဲလ် ဒီရပ်စ်-ကနဲလ်က မေ ၂ ရက်တွင် ဟာဗားနားမြို့၌ ပြောကြားခဲ့သည်။

၄၃ ကြိမ်မြောက် ကျူးဘားနိုင်ငံတကာ ခရီးသွားလာရေးပြပွဲ၌ တရုတ်နိုင်ငံဆိုင်ရာ ပြခန်းအား လှည့်လည်ကြည့်ရှုပြီးနောက် ဒီရပ်စ်-ကနဲလ်က ၆၅ နှစ်ကာလတစ်လျှောက် ကျူးဘား-တရုတ် နှစ်နိုင်ငံသည် ကဏ္ဍအသီးသီး၌ နီးကပ်စွာ ဆက်သွယ်ဆွေးနွေးမှုများ ထိန်းသိမ်းထားပြီး နိုင်ငံတကာရေးရာများတွင် အပြန်အလှန် ပံ့ပိုးကူညီကာ နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများစွာကို အကောင် အထည်ဖော်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်သို့ စဉ်ဆက် မပြတ် တွန်းအားပေးခဲ့ကြောင်း ဆင်ဟွာသတင်းထောက်အား ပြောကြား ခဲ့သည်။

ယခုအကြိမ် ပြပွဲ၏ ဂုဏ်ပြုဧည့်သည်တော်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ပြခန်းကို အနုစိတ်ဒီဇိုင်းဖော်ခြင်းဖြင့် ကျူးဘားပြည်သူများထံ တရုတ်နိုင်ငံ၏ ကြွယ်ဝလှသော ခရီးသွားအရင်းအမြစ်နှင့် နက်ရှိုင်းသော ယဉ်ကျေးမှု အမွေအနှစ်များကို ပြသခဲ့သည်။ ဂုဏ်ပြုဧည့်သည်တော်နိုင်ငံအဖြစ် တရုတ်နိုင်ငံ၏ အရေးပါသော ပံ့ပိုးကူညီမှုကို အထူးမှတ်ချက်ပြုကာ တရုတ်နိုင်ငံဆိုင်ရာ ပြခန်းအား “အံ့ဖွယ်ခမ်းနားလှပြီး တရုတ်နိုင်ငံ၏ ရှည်လျားသည့် သမိုင်းကြောင်းနှင့် လင်းလက်တောက်ပသည့် ယဉ်ကျေးမှုများကို သက်ဝင်လှုပ်ရှားစွာ ဖော်ကျူးထားသည်” ဟူ၍ ဒီရပ်စ်-ကနဲလ်က ချီးကျူးပြောကြားသည်။ ကျူးဘားသည် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အောင်မြင်မှုများကို လေးစားပြီး တရုတ်ခရီးသွားဧည့်သည်များ ပိုမို လာရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသော ယနေ့ခေတ်ကမ္ဘာကြီးတွင် တစ်ဖက်သတ် ဝါဒနှင့် ဗိုလ်ကျကြီးစိုးမှု လုပ်ရပ်ဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုကို အစားထိုးရန် ကြိုးပမ်းနေချိန်တွင် တရုတ်နိုင်ငံသည် တန်းတူညီမျှမှု၊ လေးစားမှုရှိသော သဘောထားဖြင့် ကျူးဘားနှင့်အတူ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခဲ့ရာ ယင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း ဒီရပ်စ်-ကနဲလ်က အလေးအနက် ပြောကြားခဲ့သည်။

Victory Day အိန္ဒိယဝန်ကြီးချုပ် တက်ရောက်မည်မဟုတ်

အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် မေလ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့် Victory Day အောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ကြောင်း ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်က ဧပြီ ၃၀ ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားလိုက်ပါသည်။

“အိန္ဒိယခေါင်းဆောင်မလာဖြစ်ပါ။ ယခုအခမ်းအနားကို အိန္ဒိယက အမြင့်ဆုံးအဆင့် ကိုယ်စားမပြုတော့ပါ” ဟု ၎င်းက ပြောကြားထား ပါသည်။

လတ်တလော အိန္ဒိယ- ပါကစ္စတန်အကြား တင်းမာနေမှုကြောင့် ထိုသို့ ဆုံးဖြတ်လိုက်ရပြီး အိန္ဒိယဘက်မှ အခြားအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ကိုသာ ကိုယ်စားစေလွှတ်တော့မည်ဖြစ်သည်ဟု သိရပါသည်။

ကိုးကား- ကရင်မလင်

Photo: Mint

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ရွေးကောက်ပွဲဝင်ရန် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်

တောင်ကိုရီးယားဝန်ကြီးချုပ်နှင့် ယာယီသမ္မတ ဟန်ဒက်ဆူသည် ဇွန်လ ၃ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရာထူးမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာန ဖော်ပြချက် အရ သိရပါသည်။

“မိမိတို့ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ကျော်လွှားရန် မိမိ လုပ်နိုင်သည်များဆောင်ရွက်ရန် ယခုလို ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်” ဟု ဟန်က ယွန်ဟတ်သတင်းဌာနကို ပြောကြားခဲ့ပါသည်။ 

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဟန်အနေဖြင့် မေလ ၄ ရက်နေ့မတိုင်မီ နုတ်ထွက်ရန် လိုအပ်ခဲ့ပါသည်။ 

Mercedes-Benz အလာဘားမားစက်ရုံတွင် ကားထုတ်လုပ်မှု တိုးချဲ့ သွားမည်

Mercedes-Benz ကုမ္ပဏီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကားအကောက်ခွန်များကြောင့် အလာဘားမားပြည်နယ်ရှိ စက်ရုံတွင် အခြေခံအဆင့် ကားမော်ဒယ်အသစ်တစ်မျိုးကို ၂၀၂၇ ခုနှစ်မတိုင်မီ ထုတ်လုပ်သွားမည်ဟု ကြေညာလိုက်ပါသည်။ 

ကုမ္ပဏီသည် Tuscaloosa အနီးရှိ စက်ရုံတွင် ကား၏ အဓိက အစိတ်အပိုင်း (core segment) ကို ထုတ်လုပ်မည်ဖြစ်သော်လည်း အတိအကျ သတင်းများ ဖော်ပြထားခြင်း မရှိသေးပါ။ ယခုစက်ရုံသည် အဓိကအားဖြင့် Mercedes-Benz SUV များ (GLE, GLS) ကို ထုတ်လုပ်လျက်ရှိပါသည်။ 

Mercedes-Benz ၏ မြောက်အမေရိက အမှုဆောင်အရာရှိချုပ် Jason Hoff က “Tuscaloosa တွင် အခြေခံအဆင့်မော်ဒယ်တစ်ခုကို ဒေသတွင်း ထုတ်လုပ်ခြင်းဖြင့် အမေရိကန်ဝယ်ယူသူများနှင့် ပိုမိုနီးစပ်လာပြီး   မြောက်အမေရိကဈေးကွက်ကို ပိုမိုခိုင်မာစေမည်” ဟု ပြောကြားခဲ့ ပါသည်။ 

Mercedes-Benz ၏ ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်း ရောင်းချရန် ဒေသတွင်းထုတ်လုပ်သည့် မဟာဗျူဟာ (local-for-local strategy) ကြောင့် ဟု ဆိုထားသော်လည်း ထရမ့်၏ ကားနှင့် ကားအစိတ်အပိုင်းကို ၂၅ ရာခိုင်နှုန်းအကောက်ခွန်များ မေ ၃ ရက် (စနေနေ့)မှ စတင်မည့်ကိစ္စနှင့် ဆက်စပ်နေသည်ဟု ယူဆရပါသည်။ 

Tuscaloosa စက်ရုံသည် Mercedes-Benz SUV များ၏ ကမ္ဘာ့တင်ပို့မှု ဗဟိုဌာနအဖြစ် ရပ်တည်နေပြီး ကုမ္ပဏီက ထုတ်လုပ်သော SUV များ၏ ၆၀ % ကို တင်ပို့ပေးလျက်ရှိပါသည်။

ကိုးကား- CNBC

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

Han Duck-soo တောင်ကိုရီးယား သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာ

သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစွမ်းကုန် တွန်းအားပေးဆောင်ရွက်သွားမည် ဟု ကတိပြုကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Han Duck-soo က မေ ၂ ရက်တွင် ကြေညာခဲ့သည်။ Han Duck-soo က ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ဆုံးဖြတ်ချက်ကို ယင်းနေ့က လွှတ်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သမ္မတ အဖြစ် အောင်မြင်စွာ ရွေးချယ်ခံရပါက ၎င်းတာဝန်ထမ်းဆောင်သည့် ပထမ နေ့တွင် သမ္မတ တိုက်ရိုက်လက်အောက်ခံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု ပံ့ပိုးရေးအဖွဲ့ကို တည်ထောင်သွားမည် ဖြစ်ကာ အခြေခံဥပဒေပြင်ဆင်မှု အောင်

သမ္မတအသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစွမ်းကုန် တွန်းအားပေးဆောင်ရွက်သွားမည် ဟု ကတိပြုကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Han Duck-soo က မေ ၂ ရက်တွင် ကြေညာခဲ့သည်။ Han Duck-soo က ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ဆုံးဖြတ်ချက်ကို ယင်းနေ့က လွှတ်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သမ္မတ အဖြစ် အောင်မြင်စွာ ရွေးချယ်ခံရပါက ၎င်းတာဝန်ထမ်းဆောင်သည့် ပထမ နေ့တွင် သမ္မတ တိုက်ရိုက်လက်အောက်ခံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှု ပံ့ပိုးရေးအဖွဲ့ကို တည်ထောင်သွားမည် ဖြစ်ကာ အခြေခံဥပဒေပြင်ဆင်မှု အောင်မြင်ရေးကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။ ၎င်း၏သမ္မတသက်တမ်း ပထမနှစ် တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ရေးဆွဲသွားမည်ဖြစ်သလို ဒုတိယနှစ် တွင်မူ အခြေခံဥပဒေပြင်ဆင်ရေး ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး တတိယနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ လွှတ်တော် ရွေးကောက်ပွဲနှင့် သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးနောက် သမ္မတရာထူးမှချက်ချင်း နုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Han Duck-soo သည် မေ ၁ ရက်က ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့ရာ ယာယီသမ္မတနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ဧပြီ ၄ ရက်တွင် တောင်ကိုရီးယား အခြေခံဥပဒေ တရားရုံးက သမ္မတ ယွန်းဆက်ယို၏ စွဲချက်တင်မှု ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်းကြေညာခဲ့ရာ ယွန်းဆက်ယို ရာထူးမှ ချက်ချင်းဖယ်ရှားခံခဲ့ရသည်။ သမ္မတ အသစ် ရွေးကောက်ပွဲကို ဇွန် ၃ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။

ကိုးကား- Xinhua

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂