မေလအတွင်း ဆော်ဒီ၌ ပူတင်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟု ထရမ့်ပြောကြား

News Image

  • မေလအတွင်း ဆော်ဒီ၌ ပူတင်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟု ထရမ့်ပြောကြား

မေလလယ်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဖွယ်ရှိကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောကြားလိုက်ပါသည်။ 

ဆော်ဒီအာရေဗျ၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ မေ ၁၃ ရက်မှ ၁၆ ရက်အထိ သွားရောက်မည့် အရှေ့အလယ်ပိုင်း ခရီးစဉ်အပြီးတွင် ရုရှားခေါင်းဆောင်နှင့် တွေ့ဆုံနိုင်ကြောင်း ထရမ့်က ယခင်ကလည်း ပြောပြဖူးပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃