သတင်းများ

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု မော်စကို လွန်စွာစိတ်ပူ

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုမြင့်တက်လာမှုကို မော်စကိုက လွန်စွာ စိတ်ပူနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ထုတ်ဖော်ပြောကြားလိုက်ပါသည်။

ရုရှားနိုင်ငံသည် အကြမ်းဖက်မှုပုံစံအားလုံးကို ကန့်ကွက်ပြီး အပြတ်အသတ် ရှုတ်ချပါကြောင်း၊ ၎င်းကို ထိရောက်စွာတိုက်ဖျက်ရန် တစ်ကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း သံတမန်က ပြောကြားခဲ့ပါသည်။

“ဒေသတွင်းအခြေအနေပိုမိုဆိုးရွားမလာစေရန် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် သည်းခံစိတ်ထားရှိရန် တိုက်တွန်းလိုပါသည်” ဟု သူမက ပြောကြားခဲ့သည်။ “၁၉၇၂ ဆင်းမလာ သဘောတူညီချက်နှင့် ၁၉၉၉ လာဟို ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ နယူးဒေလီနှင့် အစ္စလာမာဘတ်ကြား ယခု အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါသည်” ဟု သူမက ပြောကြားခဲ့သည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

တရုတ်က CIA ၏ “နိုင်ငံရေးသွေးဆောင်မှု” ကို ပြင်းပြင်းထန်ထန် ရှုတ်ချ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက CIA မှ တရုတ်နိုင်ငံသားများနှင့် အစိုးရဝန်ထမ်းများကို ရည်ရွယ်သည့် စည်းရုံးရေးဗီဒီယိုများ ထုတ်ဝေခြင်းအား “နိုင်ငံရေးသွေးဆောင်မှု” အဖြစ် စွပ်စွဲခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က အမေရိကန်သည် “နှစ်ပေါင်းများစွာ အခြားနိုင်ငံများ၏ လျှို့ဝှက်ချက်များကို ခိုးယူရန်၊ ၎င်းတို့၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ရန် နှင့် အစိုးရများကို ဖြုတ်ချရန် အဓမ္မနည်းလမ်းများ အသုံးပြုခဲ့သည်” ဟု ပြောကြားခဲ့သည်။

လင်ကျန့်က အမေရိကန်၏ အဆိုပါလုပ်ရပ်များသည် “နိုင်ငံတကာဥပဒေနှင့် အခြေခံအပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးစံနှုန်းများကို ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ဆိုသည်။

“အမေရိကန်သည် တရုတ်နိုင်ငံအား မကောင်းသောနည်းလမ်းဖြင့် နာမည်ဖျက်ရုံသာမက၊ တရုတ်နိုင်ငံသားများနှင့် အစိုးရဝန်ထမ်းများကိုပါ ၎င်းတို့၏ သတင်းပေးသူများအဖြစ် ဖြားယောင်းသွေးဆောင်နေသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် “နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သမျှသော အစီအမံများကို ခိုင်မာစွာ ဆောင်ရွက်သွားမည်” ဟု ကြေညာခဲ့သည်။

CIA သည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံတွင်း စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးမူဝါဒများ သို့မဟုတ် ကာကွယ်ရေးလုပ်ငန်း၊ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေး၊ သိပ္ပံနှင့် အဆင့်မြင့်နည်းပညာကဏ္ဍများတွင် အလုပ်လုပ်ကိုင်နေသူများထံမှ လျှို့ဝှက်သတင်းအချက်အလက် များ ရယူရန် ဗီဒီယိုများထုတ်ဝေခဲ့သည်။

အဆိုပါဗီဒီယိုများတွင် CIA က သတင်းပေးသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံစွာကာကွယ်ပေးမည် ဟု ကတိပြုကာ၊ ဘေးကင်းစွာ ဆက်သွယ်နည်းများကို လမ်းညွှန်ပေးထားသည်။

ယင်းဖြစ်ရပ်သည် US-China ဆက်ဆံရေး၏ တင်းမာမှုကို ပိုမို မြင့်တက်စေနိုင်ပြီး နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပဋိပက္ခကို ပိုမိုအားကောင်းစေနိုင်သည်။

အချို့သော နိုင်ငံများက တရုတ်၏ စွပ်စွဲချက်များကို ထောက်ခံခဲ့ကြပြီး အချို့က အဆိုပါကိစ္စတွင် ဘက်လိုက်မှုမရှိဘဲ ဆက်လက် စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

V-Day အခမ်းအနား အိန္ဒိယ ကိုယ်စားပြု ကာကွယ်ရေးဝန်ကြီး တက်ရောက်မည်

မေလ ၉ ရက် မော်စကိုတွင် ပြုလုပ်မည့် V-Day အခမ်းအနားသို့ အိန္ဒိယ နိုင်ငံကိုယ်စားပြု ကာကွယ်ရေးဝန်ကြီး Sanjay Seth က တက်ရောက်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ စစ်သံမှူး Sergey Kharchanko က မေလ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

နယူးဒေလီရှိ ရုရှားဟောက်စ်တွင် ပြုလုပ်သော အောင်ပွဲသံချပ်ကာယန္တရားများ (Weapons of Victory) ခေါ် ရုရှားလက်နက်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ကျင်းပသော ဆွေးနွေးပွဲတွင် ၎င်းက အိန္ဒိယ ကိုယ်စားပြုသူအမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါသည်။

Photo: RBC_Ukraine

ဂျာမနီဝန်ကြီးချုပ်အဖြစ် Friedrich Merz အရွေးချယ်ခံရ

မေ ၆ ရက်တွင် ကျင်းပသော ဂျာမနီဝန်ကြီးချုပ်ရာထူးသစ်အတွက် ဘန်ဒက်စတက်လွှတ်တော်က ဒုတိယအကြိမ်မြောက် မဲခွဲတင်သွင်းကြရာ၌ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Friedrich Merz သည် ထောက်ခံမဲ ၃၂၅ မဲ ရရှိကာ ဂျာမနီဝန်ကြီးချုပ်ရာထူးကို အရွေးချယ်ခံလိုက်ပါသည်။

ဂျာမနီလွှတ်တော်၏တရားဝင်ဝက်ဘ်ဆိုက်မှ ယင်းနေ့တိုက်ရိုက် ထုတ်လွှင့်ကြေညာချက်အရ Friedrich Merz သည် သတ်မှတ်ထားသော အများစုမဲ ၃၁၆ မဲထက် ကျော်လွန်၍ ၃၂၅ မဲရရှိခဲ့ပြီး ဆန့်ကျင်မဲ ၂၈၉ မဲနှင့် ကြားနေမဲ ၁ မဲဖြင့် ဂျာမနီဝန်ကြီးချုပ်နေရာအတွက် အနိုင်ရသွားပါသည်။

Vance နှင့် Rubio သည် ၎င်း၏နေရာဆက်ခံနိုင်ကြောင်း ထရမ့် ပြောကြား

ဒုတိယသမ္မတ JD Vance နှင့် နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့သည် ၎င်း၏ သမ္မတရာထူးဆက်ခံသူများ ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါသည်။ 

“အဆိုပါကိစ္စကို ယခုပြောရန် စောလွန်းသေးသော်လည်း မိမိတွင် ဒုတိယ သမ္မတရှိပါသည်။ JD Vance က အလွန်အလုပ်လုပ်နိုင်ပါသည်၊ Marco Rubio လည်း အလွန်တော်ပါသည်” ဟု ထရမ့်က NBC News နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ရီပတ်ပလီကန်ပါတီတွင် လူတော် အများအပြားရှိကြောင်း၊ ၎င်းအနက် ပါတီကို ဦးဆောင်နိုင်သူက သမ္မတရာထူးအတွက် ဝင်ပြိုင်နိုင်ကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။ အစောပိုင်းက ထရမ့်က ၎င်းအနေဖြင့်နောက်တစ်ကြိမ် ရွေးကောက်ခံရန် ရည်ရွယ်ချက်မရှိကြောင်း၊ ၂၀၂၈ ခုနှစ် တွင် တစ်စုံတစ်ဦးကို အာဏာလွှဲပြောင်းပေးမည်၊ အကောင်းဆုံးမှာ ကြီးကျယ်သည့် ရီပတ်ပလီကန်တစ်ဦးဖြစ်စေချင်ပါသည်” ဟု ပြောကြားခဲ့ဖူး ပါသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် V- Day အခမ်းအနား တက်ရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ (Victory Day) ၏ နှစ် ၈၀ ပြည့် အခမ်းအနားတက်ရောက်ရန် ရုရှားသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရပိုင်သတင်းဌာန MRTV က မေလ ၅ ရက်က သတင်းထုတ်ပြန်ထားကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ဖော်ပြထားပါသည်။

“မော်စကိုရှိရင်ပြင်နီ၌ ပြုလုပ်မည့် V- Day စစ်ရေးပြပွဲတွင် မြန်မာနိုင်ငံမှ စစ်ရေးပြအဖွဲ့ တစ်ဖွဲ့က ရုရှားတပ်များနှင့်အတူ ပူးပေါင်းချီတက်ရန် သဘောတူညီမှုရရှိခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနားသို့ မြန်မာအကြီးအကဲနိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ရန် မိမိ ဖိတ်ကြားထားပါကြောင်း” ရုရှားသမ္မတဗလာဒီမာပူတင်က မတ်လအတွင်း မြန်မာဝန်ကြီးချုပ်၏ မော်စကိုခရီးစဉ်၌ တရားဝင် ပြောကြားထားပါသည်။

ရုရှားသမ္မတပူတင်နှင့် ဆော်ဒီအာရေဗျနိုင်ငံ၌တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ထရမ့်ပြော

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မေလလယ်ပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း      ထရမ့်ကပြောကြားသည်။

ယူကရိန်းအရေးကိုဖြေရှင်းနိုင်ရေးအတွက် အမေရိကန်နှင့် ရုရှားတို့အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ မကြာမီသွားရောက်ရမည်ဖြစ်ကြောင်း၊ သို့သော် သမ္မတပူတင်နှင့်တွေ့ဆုံနိုင်မည်ဟုတ်၊မဟုတ်ကို အတိအကျမသိရသေးကြောင်း ထရမ့်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယူကရိန်းအရေးကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်နှင့် ရုရှားသမ္မတတို့ကြား    တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ ပူတင်နှင့်ထရမ့်တို့ကြား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများကို မတ်လ ၁၈ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က အစောပိုင်းတွင်ပြောကြားထားသည်။

ထရမ့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ပြီးနောက် သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိသည်ဟုပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ တွေ့ဆုံခြင်းမရှိသေးကြောင်းသိရသည်။

Ref: RT,TNA

Source: https://myawady.net.mm/

ယူကရိန်းတောင်းဆိုမှုကို လျစ်လျူရှု၍ ဘရာဇီးသမ္မတ Lula da Silva မော်စကိုသို့ တိုက်ရိုက်သွားမည်

ဘရာဇီးသမ္မတ Luiz Inacio Lula da Silva သည် မေလ ၉ ရက် မော်စကိုတွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့၏ ၈၀ နှစ်မြောက် အခမ်းအနားတက်ရောက်ရန် ရုရှားသို့မဝင်မီ ယူကရိန်းအစိုးရ၏ ကိယက်သို့ ဦးစွာ လာရောက်ရန် တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ကြောင်း Metropoles သတင်းစာ၏ အရင်းအမြစ်များအရ သိရပါသည်။ 

ထိုအခြေအနေအရ ယူကရိန်းသည် ဘရာဇီးနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချရန် ရွေးချယ်စရာများကို စတင်စဉ်းစားနေပြီဖြစ်ကြောင်း Metropoles ၏ ဖော်ပြချက်အရ သိရပါသည်။

ရုရှားခရီးစဉ်အတွင်း ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က ငြိမ်းချမ်းရေးသံတမန်အဖြစ် ဆောင်ရွက်ကာ ပဋိပက္ခဖြေရှင်းရေး စကားဝိုင်းစတင်ရန် ရည်ရွယ်ထားခဲ့ကြောင်း အစောပိုင်းက ဘရာဇီးသမ္မတ၏ အကြံပေးချုပ် Celso Amorim က Lula da Silva က ပြောကြားထားပါသည်။

ကိုးကား- TASS

Photo: iz.ru

ဂျာမနီဝန်ကြီးချုပ်သစ်အတွက် Friedrich Merz အရွေးချယ်ခံမည်

ဂျာမနီဝန်ကြီးချုပ်ရာထူးအတွက် ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂ (CDU) ခေါင်းဆောင် Friedrich Merz အား ဘန်ဒက်စတက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကြမည်ဖြစ်ပါသည်။ 

ဂျာမနီတွင် အစိုးရခေါင်းဆောင်ရာထူးဖြစ်သည့် ဝန်ကြီးချုပ်နေရာကို သမ္မတ အဆိုပြုချက်အပေါ် အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များက ကြိုတင်တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ လျှို့ဝှက်မဲဖြင့် ရွေးချယ် တင်မြှောက် ကြရပါသည်။ ပုံမှန်အားဖြင့် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသည့် ပါတီမှ ကိုယ်စားလှယ်ကို ရွေးချယ်လေ့ရှိပါသည်။ ယခုမဲအများဆုံး ရရှိ သည့် ပါတီမှာ Friedrich Merz ၏ CDU ဖြစ်နေပါသည်။

လွှတ်တော်ရွေးကောက်ပွဲပြီးနောက် ၁၀ ပတ်အကြာတွင် ဂျာမနီ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) နှင့် CDU/CSU ၏ ကွန်ဆာဗေးတစ်အဖွဲ့တို့သည် ညွန့်ပေါင်းအစိုးရသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး Friedrich Merz အား ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ရန် လမ်းစဖွင့်ပေးခဲ့ကြပါသည်။ အစိုးရခေါင်းဆောင်ဖြစ်လာရန် Friedrich Merz သည် လွှတ်တော်ကိုယ်စားလှယ် ၆၃၀ ဦးအနက် ၃၁၆ ဦး၏ ထောက်ခံမဲရရှိရန် လိုအပ်ပါသည်။

မေ ၉ V- Day အခမ်းအနား လာအိုသမ္မတ တက်ရောက်မည်

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ လာအိုသမ္မတ Thongloun Sisoulith သည် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပမည့် V- Day နှစ် ၈၀ ပြည့်အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံ မော်စကိုသို့ မေလ ၈ မှ ၁၀ ရက်အထိ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။