ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ယူကရိန်း၏ EU အဖွဲ့ ဝင်ရောက်နိုင်ရေးဆွေးနွေးပွဲများကို ၂၀၂၅ ခုနှစ်တွင် အရှိန်အဟုန်မြှင့် စတင်သင့်ကြောင်း ဗုဒ္ဓဟူးနေ့ (မေလ ၇ ရက်) တွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ခြေလှမ်းသည် မော်စကို၏ ဖိအားများကို ယူကရိန်းအနေဖြင့် ပိုမိုခိုင်မာစွာရင်ဆိုင်နိုင်မည့်အပြင် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်စေရန်လမ်းဖွင့်ပေးနိုင်မည်ဟု သူမ က ဆိုသည်။

ယူကရိန်းသည် EU တွင် အမြန်ဆုံးပူးပေါင်းလိုသော်လည်း ဟန်ဂေရီ အပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့က အကျင့်ပျက်ခြစားမှု၊ လူမျိုးစုလူနည်းစုများအပေါ် ပြုမူဆက်ဆံမှု၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ယှဉ်ပြိုင်မှုနှင့် စီးပွားရေးပြိုင်ဆိုင်မှုများအပေါ် စိုးရိမ်ပူပန်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆလိုဗက်ကီးယား၊ ပြင်သစ်နှင့် ဂျာမနီတို့ကလည်း ယူကရိန်းအနေဖြင့် EU ၏ ပြုပြင်ရေးစံချိန်များကို ဦးစွာဖြည့်ဆည်းရန်လိုအပ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
မေလ ၇ ရက်တွင် “ဥရောပနေ့” အခမ်းအနား၌ ပြောကြားရာတွင် သူမ က “ယူကရိန်းအား ပူတင်၏ ခြိမ်းခြောက်မှုများကိုခုခံနိုင်ရန် ဥရောပက ကူညီရမည်” ဟု အတိအလင်းဆိုခဲ့ပြီး ယူကရိန်း၏ ကာကွယ်ရေးအား အထောက်အပံ့ပေးရန်၊ ရုရှားလောင်စာဆီအပေါ် မှီခိုမှုကို အပြီးအပိုင် ဖြတ်တောက်ရန်နှင့် ယူကရိန်း၏ EU အဖွဲ့ဝင်ရောက်နိုင်ရေး ဆောင်ရွက်မှုကို အရှိန်မြှင့်ရန်တို့ကို အလေးပေးဖော်ပြခဲ့သည်။
ထို့အပြင် “ဘရပ်ဆဲလ်သည် ယူကရိန်းနှင့်ပူးပေါင်း၍ ပထမဆုံး အစုအဖွဲ့ ဆွေးနွေးပွဲကို ဖွင့်လှစ်ရန်နှင့် ၂၀၂၅ ခုနှစ်အတွင်း အစုအဖွဲ့များအားလုံး ပါဝင်နိုင်ရန်ကြိုးပမ်းနေသည်” ဟု ၎င်းကထပ်မံဖြည့်စွက်ခဲ့သည်။
ယူကရိန်း၏ EU အဖွဲ့ဝင်ရောက်မှုနှင့်ပတ်သက်၍ ရုရှားသည် NATO အဖွဲ့ဝင်မှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်သော်လည်း EU သို့ စီးပွားရေးအရ ပေါင်းစည်းမှုကိုမူ အတိုင်းအတာတစ်ခုအထိ လက်ခံထားသည်။ ရုရှား သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ် က “ယူကရိန်းတွင် အချုပ်အခြာအာဏာဆိုင်ရာ အခွင့်အရေးရှိသည်” ဟု ပြောဆိုခဲ့သော်လည်း ၎င်းသည် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ကဲ့သို့ မဖြစ်စေရန် သတိပေးခဲ့သည်။
ပက်စကော့ဗ်က “EU သည် ယူကရိန်းအား စစ်ပွဲကို ဆက်လက်တိုက်ခိုက်ရန် အားပေးခြင်းဖြင့် ပဋိပက္ခကို ရှည်လျားစေနေ” ဟု စွပ်စွဲခဲ့သည်။ ထို့အပြင် “EU သည် ရုရှားအား ၎င်း၏ အဓိကရန်သူအဖြစ် အဆက်မပြတ်ပုံဖော်ကာ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို နှောင့်ယှက်နေသည်” ဟု ဝေဖန်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ ကလည်း “EU သည် အလွန် လျင်မြန်စွာဖြင့် စစ်ရေးအဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲလာနေ” ဟု ဆိုခဲ့ပြီး “ယခုအခါ EU နှင့် NATO အကြား ကွာခြားမှု အလွန်နည်းပါးသွားပြီ” ဟု ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့နှစ်ဦးက သတင်းထောက်များနှင့်အတူ တွေ့ဆုံရာတွင် “ကနေဒါကိုသိမ်းပိုက်ခြင်း ၊ စည်းကြပ်ခွန်” စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ယဉ်ကျေးစွာ အပြန်အလှန် အချေအတင်ပြောဆိုခဲ့ကြသည်။

အကယ်၍ ကနေဒါနိုင်ငံက အမေရိကန်နိုင်ငံ၏ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာပါက ယင်းမှာ “သာယာ လှပသော အိမ်ထောင်ရေး” တစ်ခုဖြစ်လိမ့်မည်ဟု ထရမ့်က သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် မာ့ခ်ကာနီက “ကနေဒါက ဘယ်တော့မှ ရောင်းကုန်ပစ္စည်းမဟုတ်” ဟူ၍ ချက်ချင်းတုံ့ပြန်ခဲ့ပြီး ထရမ့်က “ဘယ်တော့မှ ဆိုသည့်စကားကို ဘယ်တော့မှ မပြောနှင့်” ဟု ပြန်ပြောခဲ့သည်။
စည်းကြပ်ခွန်ကိစ္စရပ်နှင့်စပ်လျဉ်း၍ မာ့ခ်ကာနီက “ကနေဒါသည် အမေရိကန်နိုင်ငံ၏ အကြီးဆုံး ဖောက်သည် ဖြစ်ကြောင်း” ထရမ့်အား သတိပေးခဲ့ရာ ထရမ့်ကမူ အမေရိကန်အနေဖြင့် “ကနေဒါ၏ မော်တော်ကား၊ သံမဏိကို မလိုအပ်ကြောင်း၊ “ကနေဒါကို ထောက်ပံ့ငွေပေးစရာ အကြောင်းမရှိ” ကြောင်း၊ ထို့အပြင် ကနေဒါ ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ကင်းလွတ်ခွင့်ပြုမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
မာ့ခ်ကာနီဦးဆောင်သော လစ်ဘရယ်ပါတီက ဧပြီ ၂၈ ရက်တွင် ကနေဒါ အောက်လွှတ်တော် ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့ပြီး မာ့ခ်ကာနီက ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ “အမေရိကန်က မိမိတို့၏ မြေနေရာ၊ အရင်းအမြစ်၊ ရေအရင်းအမြစ်သာမက မိမိတို့၏ နိုင်ငံကိုပါ လိုချင်တပ်မက်ဖြစ်နေသည်”၊ ထရမ့်က “မိမိတို့ကို ဖြိုလှဲရန်၊ အမေရိကန်က မိမိတို့ကို သိမ်းပိုက်ရန် ကြိုးစားနေသည်။ သို့သော် ဒါက မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပါ” ဟူ၍ မာ့ခ်ကာနီက အောင်ပွဲခံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ထရမ့်က “ကနေဒါကို သိမ်းပိုက်မည့်” စိတ်ကူးကို လူသိရှင်ကြား အကြိမ်ကြိမ်အဆိုပြုခဲ့ပြီး “စီးပွားရေး အင်အား” ဖြင့် အဆိုပါ ရည်မှန်းချက်ကို ဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထရမ့်၏ ယင်းအဆိုမှာ “အတည်” ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိ၏စကားကို ကိုးကား၍ အမေရိကန် မီဒီယာက သတင်းဖော်ပြ ခဲ့သည်။ “အမေရိကန်က ကနေဒါကို နှစ်စဉ် ကန်ဒေါ်လာ ၂၀၀ ဘီလီယံ၊ ထို့အပြင် အခမဲ့ စစ်ရေး ကာကွယ် ပေးမှုနှင့် အခြားသော အထောက်အပံ့များ မည်သည့်အတွက်ကြောင့် ထောက်ပံ့ရသနည်း။ ၎င်းတို့၏ မော်တော်ကားလည်း မိမိတို့အနေဖြင့် မလိုပါ။ စွမ်းအင်အရင်းအမြစ်လည်း မလိုပါ။ သစ်သားလည်း မလိုပါ။ ဘာမှမလိုအပ်ပါ” “၎င်းတို့အနေဖြင့် မိမိတို့၏အကူအညီမပါလျှင် ဘာမှ မတတ်နိုင်ပါ” ဟူ၍ ထရမ့်က မာ့ခ်ကာနီ ခရီးစဉ်မရောက်ရှိသေးခင် ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
မှီငြမ်း ။ Xinhua

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စုတွင် ဘာသာစကားစံနှုန်းကို ပြောင်းလဲရန် ကြေညာပြီးနောက် တစ်ဆက်တည်းမှာပင် ပါရှန်ပင်လယ်ကွေ့ (Persian Gulf) အား အာရေဘီယံ ပင်လယ်ကွေ့ (Arabian Gulf) အဖြစ် အမည်ပြောင်းရန် အဆိုပြုထားကြောင်း အစိုးရ သတင်းရင်းမြစ်များက အေပီသတင်းဌာနသို့ ပြောကြားထားပါသည်။
၎င်းတို့အဆိုအရ Trump သည် လာမည့် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက် လည်ပတ်စဉ်တွင် အဆိုပါ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် စီစဉ်ထားပါသည်။ အာရပ်နိုင်ငံများကလည်း ထိုအမည်ပြောင်းခြင်းကို တွန်းအားပေးလျက်ရှိပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပထဝီဝင်အမည်ကို ပြောင်းလဲရန်ကြိုးပမ်းခဲ့သည်မှာ ယခုအခါ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလနှောင်းပိုင်းတွင် မက္ကဆီကို ပင်လယ်ကွေ့အား အမေရိကန်ပင်လယ်ကွေ့ဟု အမည်ပြောင်းလဲရန်အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပထဝီဝင်အမည်များ ပြောင်းလဲခြင်းမှာ မည်သည့်နိုင်ငံ၏ အခွင့်အာဏာတွင် မပါဝင်ကြောင်း ကုလသမဂ္ဂက နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကိုးကား-TASS
Photo: NDTV
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဥရောပပါလီမန်အမတ် မက်ဇ်မား (Max Marx) နှင့် အန်ဒရီယာ ဂျိုးဇီ (Andreas Josef) တို့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ လာမည့်ရက်များအတွင်း သွားရောက်မည်ဖြစ်ပြီး ၎င်းတို့၏ခရီးစဉ်သည် EU အာဏာပိုင်များ၏ ကန့်ကွက်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။
EU သည် ရုရှားနှင့် တရားဝင်အဆက်အသွယ်လျှော့ချထားပြီး၊ အထူးသဖြင့် ယူကရိန်းစစ်ပွဲကြောင့် သံတမန်ရေးအရဆက်ဆံမှုများ အားနည်းနေသည်။
သို့သော် အဆိုပါဂျာမန်အမတ်များက “ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများလိုအပ်သည်” ဟု ယူဆကာ ရုရှားနှင့် တိုက်ရိုက်ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘရပ်ဆဲလ်က ထိုကဲ့သို့သော ခရီးစဉ်များကို မထောက်ခံသော်လည်း ၎င်းတို့သည် ဥရောပ၏ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းမရှိဟု ဆိုသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါခရီးစဉ်ကို “အပြုသဘောဆောင်သော လှုပ်ရှားမှု” အဖြစ် ကြိုဆိုခဲ့ပြီး “နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများလိုအပ်သည်” ဟု ပြောကြားခဲ့သည်။
မော်စကိုတွင် ၎င်းတို့သည် ရုရှားအစိုးရနှင့် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး၊ ယူကရိန်းပဋိပက္ခနှင့် ဥရောပ-ရုရှား ဆက်ဆံရေး အပေါ်အမြင်များကို ဖလှယ်မည်ဖြစ်သည်။
အချို့သော EU အမတ်များက “ရုရှားနှင့် ဆက်ဆံခြင်းသည် ဥရောပ၏ ညီညွတ်မှုကို အားနည်းစေသည်” ဟု ဝေဖန်ခဲ့သည်။
သို့သော် မတ်စ်မား နှင့် ဂျိုးဇီတို့က “စစ်ပွဲကိုအဆုံးသတ်ရန် ဆွေးနွေးမှုများလိုအပ်ပြီး ရုရှားနှင့် ဆက်သွယ်မှုမရှိပါက အဖြေရှာရန်ခက်ခဲမည်” ဟု ပြန်လည်ချေပခဲ့သည်။

လက်ရှိဖြစ်ပွားနေသော အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ရန် ကြားဝင်ဖျန်ဖြေသူ မလိုအပ်နိုင်ကြောင်း ရုရှားဆီနိတ်တာ တစ်ဦးက TASS သို့ ပြောကြားလိုက်ပါသည်။

စစ်ကို ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် သံတမန်ရေးရာကြိုးပမ်းမှုများဖြင့် အဆုံးသတ်ကြလိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း၊ နှစ်ဖက်စလုံးသည် သဘောတူညီမှုရရှိရန် မျှော်လင့်ထားပါကြောင်း၊ အကယ်၍ နိုင်ငံတကာက ကြားဝင်ဖျန်ဖြေမှု လိုအပ်ပါက ထိုအရာအတွက် လုပ်ဆောင်နိုင်သူများ ရှိလိမ့်မည်ဖြစ်ပါကြောင်း၊ သို့သော် ထိုသို့ လိုအပ်လိမ့်မည်လည်း မထင်ပါကြောင်း ရုရှားဖက်ဒရေးရှင်းကောင်စီ၏ အပြည်ပြည်ဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) Andrey Denisov က ပြောကြားလိုက်ခြင်းဖြစ်ပါသည်။
“နှစ်နိုင်ငံအကြား ပဋိပက္ခ ဆက်လက်မကျယ်ပြန့်လာစေရန် မိမိတို့ မျှော်လင့်ပါကြောင်း၊ နှစ်ဖက်စလုံးသည် အခြေအနေကို ပိုမိုမပြင်းထန်လာစေရေး ရှောင်ရှားနိုင်ကြရန် ဉာဏ်ပညာရှိစွာ ဆောင်ရွက်နိုင်မည်” ဟု ယုံကြည်ပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၈ ရက်ကို ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာချက်ကို မေလ ၇ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်သော ယင်းကြေညာချက်၌ မဟာမိတ်တို့၏ အမျိုးသားရေးဆိုရှယ်လစ်ဝါဒနှင့် ဖက်ဆစ်ဝါဒအပေါ် အောင်ပွဲကို မိမိ အသိအမှတ်ပြုလိုက်ပါကြောင်း၊ အမေရိကန်သည် အဆိုပါစစ်ပွဲအတွင်း လူ ၂၅၀,၀၀၀ ခန့် ဆုံးရှုံးခဲ့ရပါကြောင်း ၊ အမေရိကန်စစ်သားများ၏ စွန့်လွှတ် အနစ်နာခံမှုမရှိပါက ထိုစစ်ပွဲကို အောင်မြင်နိုင်ခဲ့မည် မဟုတ်ပါကြောင်း၊ ယနေ့ကမ္ဘာမှာလည်း လုံးဝကွဲပြားနေမည်ဖြစ်ကြောင်း၊ မိမိတိုင်းပြည်၊ လွတ်လပ်ရေးနှင့် အနောက်တိုင်းယဉ်ကျေးမှု ရပ်တည်ရေးအတွက် အသက် ပေးလှူခဲ့သူအားလုံးကို မိမိဂုဏ်ပြုမိပါကြောင်း ဖြည့်စွက်ဖော်ပြထားပါသည်။
ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် မေ ၂ ရက်က ၎င်း၏ Truth Social တွင် ပထမကမ္ဘာစစ်အောင်ပွဲနေ့ကို နိုဝင်ဘာ ၁၁ ရက်ကိုလည်းကောင်း၊ ဒုတိယကမ္ဘာစစ်၏ အောင်ပွဲနေ့ကို မေ ၈ ရက်ကိုလည်းကောင်း သတ်မှတ်မည် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ဖူးပါသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ် အောင်ပွဲအတွက် အမေရိကန်သည် အခြားနိုင်ငံများထက် ပိုမိုပါဝင်ခဲ့ ရကြောင်း ၎င်းက ထပ်လောင်းဖော်ပြထားပါသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က “အမေရိကန်သည် ၎င်း၏ပါဝင်မှုကို အလွန်အမင်း ကြီးကျယ်အောင် ပြောနေသည်ဟု တုန့်ပြန်ပြောကြားလိုက်ပြီး လက်ရှိတွင် အမေရိကန် ပြည်သူများနှင့် အစိုးရတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သမိုင်းကြောင်းအမှန်ကို မသိရှိကြပါ” ဟု ဖြည့်စွက်ပြောကြားထားပါသည်။
ကိုးကား- TASS
Photo: Hindustan Times

ဆိုဗီယက်ပြည်သူတို့၏ အားထုတ်မှုနှင့် ရဲရင့်မှုတို့သည် နာဇီဝါဒမှ ဥရောပနှင့် တစ်ကမ္ဘာလုံးကို ကယ်တင်ရာတွင် အထောက်အကူပြုခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ Nicolas Maduro က ရုရှားသမ္မတ Vladimir Putin နှင့် မေ ၇ တွင် ကျင်းပသော ဆွေးနွေးပွဲတွင် ပြောကြားလိုက်ပါသည်။

“ကြီးမြတ်သော အမိမြေကို ကာကွယ်သည့်စစ်ပွဲ (Great Patriotic War) ၏အောင်ပွဲအထိမ်းအမှတ် နှစ် ၈၀ ပြည့်နှင့်စပ်လျဉ်း၍ ဗင်နီဇွဲလား ပြည်သူတို့၌ရှိသော ချီးကျူးဂုဏ်ပြုမှုခံစားချက်ကို သင့်ထံအပ်နှင်းလိုပါသည်၊ တပ်နီတော် (Red Army) အောင်ပွဲ၏ ကြီးမြတ်သောအောင်ပွဲနှင့် ဆိုဗီယက်ပြည်သူတို့၏ စွန့်လွှတ်အနစ်နာခံမှုတို့သည် ဥရောပနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်နိုင်ခဲ့ပါသည်” ဟု ၎င်းက ပြောကြားထားပါသည်။
Maduro က ဆိုဗီယက်ပြည်ထောင်စု ပြည်သူတို့သည် စစ်ပွဲအဆုံးသတ်ရန် အလွန်ကြီးမားသော စွန့်လွှတ်မှုများ ပြုလုပ်ခဲ့ရသည်ဟု ဆက်လက် ပြောကြားခဲ့သည်။
ထိုသို့မပြောကြားမီက ဗင်နီဇွဲလားခေါင်းဆောင်က နာဇီဂျာမနီ၏ ကျူးကျော်စစ်ကို တားဆီးခဲ့သော ဆိုဗီယက်ပြည်ထောင်စုအား ဥရောပက ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ကြိုတင်ပြောကြားခဲ့ပါသည်။
Maduro သည် မေလ ၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် မြို့တော်မော်စကိုသို့ ရောက်ရှိခဲ့ပါသည်။ ယခုခရီးစဉ်မှာ ၎င်း၏ ရုရှားသို့ (၈) ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါသည်။ ရုရှားသမ္မတ Vladimir Putin နှင့် ဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် မျှော်မှန်းထားပါသည်။
ကိုးကား- TASS
Photo: China Daily HK

နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်အရ တရုတ်နိုင်ငံနှင့် ဥရောပ ပါလီမန်တို့သည် အပြန်အလှန်ကူးလူးဖလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို တစ်ပြိုင်နက်တည်း ဘက်စုံရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း တရုတ် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းမှုများအား ဖြေကြားရာတွင် မိတ်ဆက် ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်များတွင် တရုတ်-ဥရောပ ဥပဒေပြု အဖွဲ့အစည်းများအကြား ကူးလူးဖလှယ်ရေးသည် လူအများသိပြီးသားဖြစ်သော အကြောင်းရင်း များကြောင့် အခက်အခဲတစ်ချို့နှင့် ကြုံတွေ့ခဲ့ရကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် တရုတ်-ဥရောပ ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေးသည် လွန်စွာအရေးပါသည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း၊ သို့ဖြစ်၍ နှစ်ဖက်ညှိနှိုင်း သဘော တူညီချက်အရ တရုတ်နိုင်ငံနှင့် ဥရောပပါလီမန်တို့သည် အပြန်အလှန် ကူးလူးဖလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို တစ်ပြိုင်နက်တည်း ဘက်စုံရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း လျင်က ပြောကြားခဲ့သည်။
“တရုတ်-ဥရောပ ဥပဒေပြုအဖွဲ့အစည်းတွေအကြား ကူးလူးဖလှယ်ရေး ဘက်စုံ ပြန်လည်ကောင်းမွန်လာခြင်းနှင့်အတူ နှစ်ဖက်ကူးလူးဖလှယ်မှုနှင့် အပြန် အလှန်နားလည်မှု ပိုမိုနက်ရှိုင်းလာမည်၊ ထိုအချက်များသည် တရုတ်-ဥရောပ ဆက်ဆံရေး စဉ်ဆက်မပြတ်ကောင်းမွန်ရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စွမ်းအားအသစ်များ ဖြည့်တင်းသွားမည်ဖြစ်သည်ဟု မိမိ ယုံကြည်ပြီး မျှော်လင့်ပါသည်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
ကိုးကား- Xinhua

ရုရှားနိုင်ငံ၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲအဖြစ် နှစ်(၈၀)ပတ်လည် အထိမ်းအမှတ်ပွဲအတွက် နိုင်ငံတကာမှ ခေါင်းဆောင်များ ရုရှားသို့ တဖွဲဖွဲရောက်ရှိနေကြသည်။
ထိုအထဲတွင်ကျူးဘားခေါင်းဆောင်လည်းပါဝင်သဖြင့် ယခင် ၁၉၆၃ မေလ က ဖီဒယ်ကတ်စထရို နှင့် သူ၏အဖော်များသည် Piskarevskoye Memorial Cemetery တွင် လွမ်းသူ့ပန်းခွေချကြပုံနှင့်ယခု ၂၀၂၅ မေလတွင် ကျူးဘားသမ္မတ Miguel Diaz-Canel Bermudez နှင့် ၎င်း၏အဖွဲ့ဝင်များ လွမ်းသူ့ပန်းခွေချကြပုံတို့ကိုယှဥ်တွဲပြထားသည်။

နှစ် ၈၀ ပွဲ သို့တက်ရောက်ကြမည့်နိုင်ငံ့ ခေါင်းဆောင်များစာရင်းကိုလည်း RT က ထုတ်ပြန်ထားသည်။ အာရှမှ တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ လာအို တို့လည်း ပါဝင်သည်။ နိုင်ငံ ၂၉ နိုင်ငံစာရင်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
အက်ခါဇဖီးယား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ ဘရာဇီးဘာကီနာဖာဆို၊ ဗန်နီဇွဲလား၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မွန်ဂိုးလီးယား၊ တရုတ်၊ ကျူးဘား၊ ပါလက်စတိုင်း၊ ဆာရပ်စကာသမတနိုင်ငံ၊ ဆာဗီးယား၊ ဆလိုဗက်ကီးယား၊ တာဂျစ်ကစ်စတန်၊ တတ်မန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ မြန်မာ၊ ဂီနီယာဘစ်ဆိုး၊ ဘောစ်နီးယားဟာဇီဂိုးဗီးနား၊ ဇင်ဘာဘွေ၊ ပါပူးဝါးနူးဂီနီ၊ ကွန်ဂို၊ အီဂျစ်၊ လာအို၊ အီသီယိုးပီးယား၊ တောင်အော့ဆက်တီးယားတို့ဖြစ်သည်။
Source: Popular Myanmar

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ၎င်းအနေဖြင့် နှစ်နိုင်ငံအစိုးရအတွက် စေ့စပ် ညှိနှိုင်းမှုများပံ့ပိုးပေးကာ ငြိမ်းချမ်းရေးမြှင့်တင်သွားလိုကြောင်း မေ ၅ ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန် လက်ရှိ အခြေအနေတင်းမာမှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန်အကြား အခြေအနေတင်းမာမှုများသည် နှစ်ပေါင်းများစွာတွင် “အမြင့်ဆုံး” သို့ ရောက်ရှိနေကြောင်း၊ ထို့အပေါ် ၎င်းအနေဖြင့် နက်နက်ရှိုင်းရှိုင်း ကြေကွဲရကြောင်း ဂူတာရက်စ်က ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဧပြီ ၂၂ ရက်က အိန္ဒိယ ထိန်းချုပ်သည့် ကက်ရှ်မီးယား ဒေသတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းက ထပ်မံအပြင်းအထန်ပြစ်တင်ရှုတ်ချခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များအား နှစ်သိမ့်စကားပြောကြားခဲ့သည်။ အရပ်သားများအား ဦးတည်သည့် တိုက်ခိုက်ရေး လှုပ်ရှားမှုသည် လက်ခံ၍မရကြောင်း၊ ယုံကြည်ရပြီး တရားဝင်နည်းလမ်းဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ မုချမသွေ အရေးယူသွားရမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
“စစ်ရေးနည်းလမ်းသည် ဖြေရှင်းသည့်နည်းလမ်းမဟုတ်” ကြောင်း၊ လက်ရှိ ယခုလို အရေးကြီးအချိန်အခါ၌ အရေးကြီးဆုံးမှာ “ထိန်းချုပ်မှုအလွယ်တကူလွတ်သွားနိုင်” သည့် စစ်ရေးထိပ်တိုက် ရင်ဆိုင်မှုကို ရှောင်ကြဉ်ရန်ဖြစ်ကြောင်း ဂူတာရက်စ်က အလေးထားပြောကြားခဲ့သည်။ အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်အနေဖြင့် “အတတ် နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း” ဆောင်ရွက်ကြရန် ၎င်းကတိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် အခြေအနေဖြေလျှော့ခြင်း၊ သံတမန်ရေး တွန်းအားပေးခြင်းနှင့် ငြိမ်းချမ်းရေး အဆိုပြုချက်ကို တစ်ဖန်ပြန်လည်အားထုတ်ခြင်းအား အထောက်အကူဖြစ်စေသည့် မည်သည်ကိုမဆို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် နှစ်နိုင်ငံအစိုးရအတွက် စေ့စပ်ညှိနှိုင်းမှုများ ပံ့ပိုးပေးကာ ငြိမ်းချမ်းရေးမြှင့်တင်သွားလိုကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက်တွင် အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ၌ ခရီးသွားဧည်သည့်များအား ပစ်မှတ်ထားသည့် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရမှုအများအပြား ဖြစ်ပွားခဲ့သည်။ ထို့နောက် အိန္ဒိယနှင့် ပါကစ္စတန်တို့က တင်းမာသည့်အစီအမံများဆောင်ရွက်ခဲ့ရာ အခြေအနေများ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။
ကိုးကား- ဆင်ဟွာ