သတင်းများ

ဂရင်းလန်းကို ရက် ၁၀၀ အတွင်း ဝယ်ယူရန် ဒေါ်နယ်ထရမ့် ကြိုးစားလာနိုင်ကြောင်း ကျွမ်းကျင်သူ ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတသက်တမ်းရက် ၁၀၀ အတွင်း ဂရင်းလန်းကို ဝယ်ယူရန် စတင်လုပ်ဆောင်လာနိုင်ဖွယ်ရှိပြီး အောင်မြင်ပါက ထိုလုပ်ငန်းစဉ်ကို တစ်ခါတည်း လုပ်ဆောင်မည်မဟုတ်ဘဲ နောက်ပိုင်းတွင် ရေရှည်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိန့်ပီတာစ်ဘာ့ဂ်မြို့ရှိ အာတိတ်ရေးရာကော်မတီ၏ ပြည်သူ့ကောင်စီဒုတိယဥက္ကဋ္ဌနှင့် စီးပွားရေးပညာရှင် ဒေါက်တာ အလက်ဆီဖာဒေးဗ်က TASS သတင်းဌာနကို ပြောကြားလိုက်ပါသည်။

အမေရိကန်သမ္မတများသည် ပထမ ရက် ၁၀၀ အတွင်း ၎င်းတို့၏ အားထုတ်မှုကို အစွမ်းကုန်ပြသကြသည့် ယှဉ်ပြိုင်မှုတစ်ခုရှိပါကြောင်း၊ လက်ရှိဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်း အစကာလသည် ၎င်းအတွက်အစွမ်းကုန် လုပ်ဆောင်ပြသည့် အချိန်ကာလရောက်ရှိနေသည်ကို အားလုံး မျက်မြင်ပင် ဖြစ်ကြောင်း ၊ ဂရင်းလန်းသည် ထရမ့်၏ ဦးစားပေးကိစ္စတွင် ပါဝင်နေကြောင်း ၎င်းက ပြောကြားထားပါသည်။ 

ကိုးကား-TASS

ယူကရိန်းဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်ရန် ရုရှားနှင့် အမေရိကန် သဘောတူညီခဲ့

ရုရှားနှင့် အမေရိကန် ထိပ်တန်းသံတမန်များသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့အကြား ထိပ်သီး အစည်းအဝေးကျင်းပရန်နှင့် ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ရေး လမ်းခင်းပေးနိုင်ရန်အတွက် သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က ဦးဆောင်ပြီး ပူတင်၏ အကြီးတန်းနိုင်ငံခြားရေးမူဝါဒ အကြံပေးဖြစ်သူ ယူရီ ဥရှာကော့ဗ်လည်း ပါဝင်သည်။ ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (RDIF) ၏ CEO ကီရီလ် ဒီမီထရီယက်ဗ်ကလည်း ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။ အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ်နှင့် အရှေ့အလယ်ပိုင်းအတွက် အထူးကိုယ်စားလှယ် စတီဗ်ဝစ်ကော့ဖ်တို့က ကိုယ်စားပြုခဲ့သည်။

ယူကရိန်းနှင့် ဥရောပသမဂ္ဂတို့သည် အဆိုပါအစည်းအဝေးတွင် ပါဝင်ခြင်းမရှိဘဲ၊ ယူကရိန်းဘက်မှ ၎င်းတို့ပါဝင်ခြင်းမရှိပါက ဆွေးနွေးပွဲ၏ ရလဒ်များကို အသိအမှတ်မပြုကြောင်း သတင်းစကားပေးပို့ခဲ့သည်။

ကိုးကား-RT

အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုများကို စွန့်လွှတ်သင့်သည်ဟု မြောက်ကိုရီးယားအစိုးရပြော

အမေရိကန်နိုင်ငံသည် ၎င်း၏ပြည်မကြီး လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိခဲ့မည်ဆိုပါက စစ်ရေးခြိမ်းခြောက်မှုများကို စွန့်လွှတ်သင့်သည်ဟု မြောက်ကိုရီးယားအစိုးရက ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦး၏ ပြောကြားချက်များကို ကိုးကားပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA ယခုကဲ့သို့ ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။

အမေရိကန်ပြည်မကြီးသို့ ရောက်ရှိနိုင်စွမ်းရှိသည့် မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုခဲ့သော အမေရိကန်မြောက်ပိုင်းကွပ်ကဲမှုဌာနချုပ် အကြီးအကဲ၏ ပြောဆိုချက်များကို ကိုးကားပြီး မြောက်ကိုရီးယားအစိုးရဘက်က ယခုကဲ့သို့ ထုတ်ပြန် ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။

ထို့အပြင် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်း၊ ကိုရီးယားကျွန်းဆွယ်သို့ နျူကလီးယားရေငုပ်သင်္ဘောစေလွှတ်ခြင်း ကဲ့သို့သော ထိပ်တိုက်ရင်ဆိုင်မှုများကိုဖြစ်ပေါ်လာစေနိုင်သည့် အပြုအမူများကို လုပ်ဆောင်နေသည်မှာ အမေရိကန်ဖြစ်သည်ဟု အစီရင်ခံစာ၌ ရေးသားဖော်ပြထားပါသည်။

ထို့အတွက် ကိုယ်ပိုင်ကာကွယ်မှုစွမ်းအားကို မြှင့်တင့်ခြင်းသည် မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာပိုင်အခွင့်အရေးတစ်ခု ဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ ရေးသားဖော်ပြထားပါသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် လိုလားနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယား အစိုးရ၏ ယခုကဲ့သို့ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ကိုးကား-NP News

ယူကရိန်းရှိ မြေရှားသတ္တု ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် ထရမ့်က ဆန္ဒရှိနေပြီး ၎င်းတို့အား ကာကွယ်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ဖွယ်ရှိဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းနိုင်ငံအတွင်းရှိ မြေရှားသတ္တု အားလုံး၏ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ရန် ဆန္ဒရှိနေပြီး    အဆိုပါအရင်းအမြစ်များအား  ကာကွယ်စောင့်ရှောက်ရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံ အတွင်း၌   တပ်ဖြန့်နိုင်ဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိ များ၏ ပြောဆိုချက်ကိုကိုးကား၍ NBC သတင်းဌာနက ဖော်ပြသည်။

ယူကရိန်းပဋိပက္ခဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်မှစ၍ အမေရိကန်က ယူကရိန်းနိုင်ငံ သို့ပေးအပ်ခဲ့သည့် ဒေါ်လာ ၃၀၀ ဘီလီယံ တန်ဖိုးရှိ အကူအညီများအတွက် အမေရိကန်ပြည်ထောင်စုသို့ မြေရှားသတ္တုများ ပြန်လည်ပေးအပ်ရန်  သမ္မတထရမ့်က တောင်းဆိုပြီးနောက်  NBC  သတင်းဌာန၏ ဖော်ပြချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထရမ့်၏တောင်းဆိုချက်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ယူကရိန်းအစိုးရထံသို့ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပေးအပ်ခဲ့သည်။ မီဒီယာ များ၏ ဖော်ပြချက်များအရ ထရမ့်သည် ယူကရိန်းနိုင်ငံရှိ မြေရှားသတ္တုအားလုံး၏  ၅၀ ရာခိုင်နှုန်းကို အလိုရှိနေကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းတို့ကြား  ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးပြီးနောက်ပိုင်းတွင် အမေရိကန်၏ အဆိုပြုချက်ကို ယူကရိန်းက သဘောတူခဲ့ မည်ဆိုပါက ထရမ့်အစိုးရက အမေရိကန် တပ်ဖွဲ့ဝင်များအား ယူကရိန်းရှိ မြေရှား သတ္တုများအား  ကာကွယ်ရန်အတွက် တပ်ဖြန့်ရန်ဆန္ဒရှိနေသည်ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိလေးဦးက ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်၏ မြေရှားသတ္တု ရယူလိုသည့်  အဆိုပြုချက်ကို ယူကရိန်းအစိုးရက ငြင်းဆိုထားသည်။

Source: Myawady Web Portal

နှစ်ဖက် စွမ်းအင်အဆောက်အအုံများ မတိုက်ခိုက်ကြရန် အမေရိကန် တောင်းဆို

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယားဒ်မြို့သို့ ရောက်ရှိနေသော ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့ဖ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် အမေရိကန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုအပြီး သတင်းစာ ရှင်းလင်းပွဲ တွင် ရုရှားနှင့်ယူကရိန်း၏ စွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်ခြင်းမှ ရပ်စဲရန် သဘောတူညီချက်တစ်ခု အမေရိကန်ဘက်မှ အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

မိမိတို့(ရုရှား)အနေဖြင့် ပြည်သူများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် မည်သည့်အဆောက်အအုံ၊ စနစ်များကိုမျှ ခြိမ်းခြောက်ဖူးခြင်း မရှိကြောင်း၊ ယူကရိန်းစစ်တပ်ကို တိုက်ရိုက်ထောက်ပံ့ပေးနေသည့်နေရာများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ၎င်းက တုံ့ပြန်ပြောကြားထားပါသည်။

ရုရှား-အမေရိကန် သံတမန်တိုးမြှင့်ရန် ဆော်ဒီ၌ သဘောတူ

ရုရှားနှင့်အမေရိကန်တို့၏ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုကြောင်း၊ မော်စကိုနှင့် ဝါရှင်တန်တို့ရှိ သံရုံးများ၏ ဝန်ထမ်းအင်အားကို ယခင်ကထက် ပိုမို တိုးမြှင့်လိုကြောင်း ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့၌ ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး အစည်းအဝေးတွင်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက  ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျေးလာဗရော့ဖ်ကို ပြောကြားလိုက်ပါသည်။ 

ယူကရိန်းပဋိပက္ခဖြေရှင်းနိုင်ရေး သဘောတူညီချက်ရရှိရန် လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရေး မော်စကိုနှင့်ဝါရှင်တန်အကြား သံတမန်များ ပိုမိုခန့်အပ်တာဝန်ပေးရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံမြို့တော်များတွင် သံအမတ်ကြီးများ အပြန်အလှန် အမြန်ဆုံး ခန့်အပ်ရန် သဘောတူညီခဲ့ကြသည်။ 

ကိုးကား- TASS

Photo: CBS News

အီရန်နျူကလီယားကိစ္စ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းဖြင့် ဖြေရှင်းနိုင်ကြောင်းနှင့် ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန်အသင့်ရှိကြောင်း ကရင်မလင်ပြောကြား

အီရန်နျူကလီးယားပြဿနာကို အားလုံးညီညွတ်မှုရှိက သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒမ်မီထရီပက်စ်ကော့ဖ် က ပြောကြားလိုက်ပါသည်။ 

ဖေဖော်ဝါရီ ၁၂ ရက်က ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ ဖုန်းဆက်သွယ်ပြောကြားကြရာ၌ အီရန်နျူကလီးယားအစီအစဉ်ကို ဆွေးနွေးခဲ့ကြသော်လည်း ၎င်းမှာ အဓိကအကြောင်းအရာမဟုတ်ကြောင်း ရုရှား-အမေရိကန် ဆက်ဆံရေးကို အဓိကထား ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။

ရုရှားနိုင်ငံသည် အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန်အသင့်ရှိကြောင်းနှင့် အမေရိကန်-ရုရှား ဆွေးနွေးပွဲများသည် မော်စကို-တီဟီရန် နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်မည်မဟုတ်ကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များသည် ရီယာ့ဒ်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယူကရိန်း ပဋိပက္ခစေ့စပ် ညှိနှိုင်းဖြေရှင်းရေးအတွက် ကြိုတင်ပြင်ဆင်ရေး ပူတင် နှင့် ထရမ့်အကြား တွေ့ဆုံရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်ရေး ဆွေးနွေးမည်ဖြစ်သည်။ ထိုဆွေးနွေးပွဲတွင် ရုရှားနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့ဗ်နှင့် ကရင်မလင်၏ အကြံပေးပုဂ္ဂိုလ် ယူရီ ဥရှာကော့ဗ် တို့က ကိုယ်စားပြုပါဝင်မည်ဖြစ်ပြီး အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ သမ္မတ ဒေါ်နယ် ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ်နှင့် အရှေ့ အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ် တို့က ကိုယ်စားပြုပါဝင်မည်ဖြစ်သည်။

ကိုးကား- ကရင်မလင် ၊ Tass

Photo: Armenia News

တရုတ်နှင့် ကွတ်ခ်ကျွန်းစု အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် သဘောတူလက်မှတ်ရေးထိုး

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကွတ်ခ်ကျွန်းစု အစိုးရတို့အကြား ပြီးခဲ့သည့် အပတ်တွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး က ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

ကွတ်ခ်ကျွန်းစုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုဖြစ်ပြီး ကွတ်ခ် ကျွန်းစုနှင့် နယူးဇီလန်နိုင်ငံသည် မူလကပင် ဖွဲ့စည်းပုံအခြေခံဥပဒေချင်း ဆက်နွှယ်မှုရှိပါသည်။ ကွတ်ခ်ကျွန်းစုသည် နယူးဇီလန်နိုင်ငံ၏ နယ်ပယ်အစိတ်အပိုင်းတွင် တည်ရှိသော ကျွန်းစု ဖြစ်ပါသည်။ 

ကွတ်ခ်ကျွန်းစုနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် ကွတ်ခ်ကျွန်းစုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေချင်း ဆက်နွှယ်မှုရှိသည့်အနောက်အုပ်စု၊ အမေရိကန်နိုင်ငံ၏ မိတ်ဖက်လည်းဖြစ်သည့် နယူးဇီလန် နိုင်ငံသည် တရုတ်က တောင်ပစိဖိတ်သမုဒ္ဒရာတွင် နေရာယူကြီးစိုးလာမည်ကို စိုးရိမ်ဟန် ပြခဲ့ပါသည်။ 

ထိုလုပ်ငန်းစီမံချက်တွင် နှစ်နိုင်ငံအကြား စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ရေးသားထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Guo က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ 

ကိုးကား -China Daily

Photo: 1news

အမေရိကန်လက်နက်များ ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့လိုပါက ဝယ်ယူနိုင်သည်ဟု ထရမ့်ပြော

ရုရှားကိုတိုက်ခိုက်ရန် အမေရိကန်နိုင်ငံလုပ် လက်နက်များကိုဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့လိုပါက ဝယ်ယူနိုင်သည်ဟူသော ခွင့်ပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးပြီး ခွင့်ပြုလိုက်ပြီး ယူကရိန်း၏ စွပ်စွဲချက်တစ်ခုဖြစ်သည့် ရုရှားက နေတိုးကို စစ်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ပြောဆိုချက်ကို ပယ်ချလိုက်ပါသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယူကရိန်းသမ္မတ ဇီလန်စကီးက အီးယူ ခေါင်းဆောင်များနှင့်အတူ ဝါရှင်တန်အစိုးရသစ်၏ နိုင်ငံရေးရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါသည်။ ဆော်ဒီအာရေဗီးယား၌ တွေ့ဆုံကြမည့် ထရမ့်နှင့် ပူတင် ဆွေးနွေးပွဲသည် ယူကရိန်း အပါအဝင် ဥရောပနိုင်ငံများ၏ အကျိုးစီးပွားဖြစ်လာနိုင်စရာ မရှိနိုင်သည့်အတွက် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆန့်ကျင်ကြမည်ဆိုကာ ဥရောပတွင် ငြင်းခုံမှုများ ဖြစ်နေကြသည်။ ဇီလန်စကီးက ၎င်း၏ရပ်တည်ချက်ကို မပြောင်းလဲနိုင်ကြောင်း ဆိုထားပါသည်။ 

ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းတွင် ဖလော်ရီဒါ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဥရောပနိုင်ငံများအား ယူကရိန်း အတွက် အမေရိကန်လက်နက်များ ဝယ်ယူခွင့်ပြု/မပြု မေးခွန်းအပေါ် ထရမ့်က ဝယ်ယူခွင့်ပြုမည်ဟု ဖြေကြားခဲ့ပါသည်။ သို့သော် ဇီလန်စကီးနှင့် အီးယူခေါင်းဆောင်များ တင်ပြထားသည့် ရုရှားက နေတိုးကို စစ်ရေးအရ ခြိမ်းခြောက်မှုပြုနေသည်ဆိုသည့် တင်ပြချက်အား မယုံကြည်ကြောင်း ပြောသွားပါသည်။ 

မြူးနစ်လုံခြုံရေးညီလာခံမတိုင်မီ အင်တာဗျူးတစ်ခု၌ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရုရှားက မလိုက်နာပါက စစ်ရေး အရအရေးယူမည်ဟု ပြောဆိုခဲ့ခြင်းကို ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတ ထရမ့်နှင့် ဒုသမ္မတ၏ တာဝန်ရှိသူများက ငြင်းဆိုကာ သတင်းအမှားဖော်ပြသည်ဟု စွပ်စွဲခဲ့ပါသည်။ 

ကိုးကား-Myanmar National Post

ဇီလန်စကီးအား လူထုထောက်ခံမှု အနိမ့်ဆုံး ၄% သာ ရှိကြောင်းကို ထရမ့်က ပြောကြား

ဗလာဒီမာ ဇီလန်စကီးအား လူထုထောက်ခံမှု အနိမ့်ဆုံး (၄% သာ) ရှိကြောင်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းတွင် ရွေးကောက်ပွဲကျင်းပရန် လိုအပ်ကြောင်းကိုလည်း ထောက်ခံခဲ့ပြီး၊ ယူကရိန်းတွင် ရွေးကောက်ပွဲပြုလုပ်ရေးကိစ္စသည် ရုရှား၏ တောင်းဆိုမှုမဟုတ်ဘဲ “နိုင်ငံများစွာ၏ စိုးရိမ်မှု” ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ 

ကိုးကား - TASS