သတင်းများ

ဆလိုဗက်ဝန်ကြီးချုပ် Fico က USAID ၏ စွက်ဖက်မှုအသေးစိတ် ထုတ်ပြန်ရန် Musk အား တောင်းဆို

ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က US Government Efficiency (DOGE) အကြီးအကဲ Elon Musk အား ၎င်း၏နိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGOs)များနှင့် နိုင်ငံရေး ပရောဂျက်များကို ထောက်ပံ့ရန်အတွက် USAID မှတစ်ဆင့် မီဒီယာများသို့ခွဲဝေပေးခဲ့သည့် အမေရိကန်ထောက်ပံ့ငွေများနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ပေးရန် တရားဝင်တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

DOGE ၏ထုတ်ပြန်ချက်တစ်ခုတွင်ပါရှိသည့် USAID သည် ဆလိုဗက်ကီးယား၏ နိုင်ငံရေးအခင်းအကျင်းတွင် လုံးဝဝင်ရောက်စွက်ဖက်ခဲ့သည်ဟူသော ဖော်ပြချက်နှင့်ပတ်သက်၍ လွန်စွာစိုးရိမ်မိသည်ဟု Fico က Musk ထံသို့ ပေးပို့ခဲ့သည့် စာတစ်စောင်တွင် ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

ကိုးကား-RT

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် အပစ်ခတ်မှုရပ်စဲရန် “မဝေးတော့သည့်အနာဂတ်" တွင်ဖြစ်နိုင်ကြောင်း ယုံကြည်ထားသည်ဟု ပြောကြား

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင် အပစ်ခတ်မှု ရပ်စဲရန် “မဝေးတော့သည့်အနာဂတ်" တွင်ဖြစ်နိုင်ကြောင်း ယုံကြည် ထားသည်ဟု အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော သတင်းဌာနများနှင့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောကြားခဲ့ပါသည်။

ယူကရိန်းအား NATO အဖွဲ့ဝင်အဖြစ် ငြင်းပယ်ရေး ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲ၏ အကြံကို ထောက်ခံကြောင်း သမ္မတက ပြောကြားခဲ့ပါသည်။ 

အမေရိကန်သည် ယူကရိန်းအား ဆက်လက်ကူညီသွားမည် ဖြစ်သော်လည်း ၎င်း၏ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် အာမခံချက်လိုအပ်ပြီးအမေရိကန် ဘဏ္ဍာရေးဝန်ကြီးသည် ယူကရိန်းအစိုးရထံမှ ထိုအာမခံချက် ပါစာရွက်စာတမ်းများ ယူဆောင်လာရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ယူကရိန်းသည် တစ်ချိန်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် လိုအပ်လာမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။

ရုရှားသမ္မတဗလာဒီမာ ပူတင်နှင့် ဖုန်းဖြင့် မကြာခဏ ဆက်သွယ် ဆွေးနွေးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။

ဇီလန်စကီး (ယူကရိန်းသမ္မတ) ပါဝင်ခြင်းမရှိဘဲ ရုရှားနှင့် တိုက်ရိုက် သဘောထားဖလှယ်ရာတွင် အန္တရာယ်မရှိဟု ရှုမြင်ကြောင်း အမေရိကန် သမ္မတ က ပြောကြားခဲ့ပါသည်။ 

ယူကရိန်းအနေဖြင့် ၂၀၁၄ ခုနှစ်မတိုင်မီက နယ်နိမိတ်များကို ပြန်လည်ရရှိရန် အလားအလာနည်းပါးသော်လည်း ၎င်း၏ဆုံးရှုံးထားသော နယ်မြေအချို့ကို ပြန်လည်ရရှိနိုင်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါသည်။ 

ကိုးကား - RIA Novosti

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသည် ယူကရိန်းအား ထောက်ပံ့ရန် ရင်းနှီး မြှုပ်နှံထားသော ငွေကြေးများပြန်လည်ရရှိရေး အာမခံချက်ပါသည့် စာရွက်စာတမ်းကို ယူကရိန်းအစိုးရထံမှ ရယူရန် ယူကရိန်းသို့ သွားရောက်

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးသည် ယူကရိန်းအား ထောက်ပံ့ရန် ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများပြန်လည်ရရှိရေး အာမခံချက်ပါသည့် စာရွက်စာတမ်းကို ယူကရိန်းအစိုးရထံမှ ရယူရန် ယူကရိန်းသို့ သွားရောက်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတက ယူကရိန်းအား အကူအညီဆက်လက် ပေးအပ်သွားမည်ဖြစ်သော်လည်း “မိမိတို့၏ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် အာမခံချက်လိုသည်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကိုးကား - Izvestia

Photo: ABC News

ထရမ့်နှင့် ပူတင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာ

သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တစ်နာရီခွဲခန့်ကြာ ဖုန်းပြောဆိုမှုအပြီး ရုရှား နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည်သွားမည်ဖြစ်ပြီး အမေရိကန်နှင့် ရုရှားတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကို ရှေ့ဆက်တိုးမြှင့်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဖုန်းပြောဆိုမှုတွင် “ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသ၊ စွမ်းအင်နယ်ပယ်၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ ဒေါ်လာ၏အစွမ်းသတ္တိနှင့် အခြားအကြောင်းအရာများ၊ သက်ဆိုင်ရာနိုင်ငံများ၏ အားသာချက်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 “နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ CIA ညွှန်ကြားရေးမှူး John Ratcliffe၊ အမျိုးသား လုံခြုံရေး အကြံပေး Michael Waltz နှင့် သံအမတ်ကြီးနှင့် အထူးသံတမန် Steve Witkoff တို့အား စေ့စပ် ညှိနှိုင်းမှုများကို ဦးဆောင်ရန် တာဝန်ပေးအပ်ထားကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထရမ့်သည် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့်လည်း ရုရှားသမ္မတ ပူတင်နှင့် ပြောဆိုခဲ့သည့် ဆွေးနွေးမှု အသေးစိတ်များကို ဖုန်းပြောဆို၍ မျှဝေခဲ့ကြောင်း သိရှိရပါသည်။ ဇီလန်စကီးနှင့် ဒေါ်နယ်ထရမ့်တို့သည် “ငြိမ်းချမ်းရေးရရှိရန် အခွင့်အလမ်းများ” နှင့် “အဖွဲ့အစည်းအဆင့်တွင် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေမှုအကြောင်း” ဆွေးနွေးခဲ့ကြပါသည်။ 

ယူကရိန်းသည် စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး က ပြောကြားထားမှုရှိသော်လည်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားသည် ၎င်း၏နယ်မြေများကို လဲလှယ်ခြင်းဆိုင်ရာကိစ္စရပ်များကို မည်သည့်အခါမျှ ဆွေးနွေးခဲ့ခြင်းမရှိသကဲ့သို့ ဆွေးနွေးမည်လည်း မဟုတ်ကြောင်း ပြောကြားထားမှုများ ရှိကြောင်းလည်း သိရှိရပါသည်။ 

ကိုးကား - NYT ၊ sky news၊ RIA Novosti၊ Sputnik Int

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်သည်ဟု CBS သတင်းဌာနက ဖော်ပြထားပါသည်။

“ယူကရိန်းပဋိပက္ခအဆုံးသတ်လိုသည့် သမ္မတပူတင်၏ ဆန္ဒနှင့်ပတ်သက်၍ ကြီးမားသောယုံကြည်မှုဖြင့် ပြောဆိုနိုင်ကြောင်းအမေရိကန် သမ္မတက မှတ်ချက်ပြုခဲ့သည်” ဟု တီဗီချန်နယ်က အလေးပေးပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုအချိန်အထိ အစည်းအဝေးကို တိကျစွာ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့အပြင် ဆော်ဒီအာရေဗျနိုင်ငံ၏ ထီးနန်းအမွေဆက်ခံသူ မဟာမက်ဘင်ဆာလမန်အား-ဆော်ဒ်သည်လည်း ဤအစည်းအဝေးတွင် ပါဝင်နိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသူ) မပါဝင်ဘဲ ရုရှားနှင့် တိုက်ရိုက်သံတမန်ဆက်သွယ်မှုပြုလုပ်ရာတွင် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မမြင်ကြောင်း ထပ်လောင်းရှင်းပြခဲ့ပါသည်။ 

ထို့အပြင် အမေရိကန်သမ္မတက ယူကရိန်းသို့သွားရောက်ရန် ကတိပြုထားခြင်း မရှိကြောင်း အတိအလင်းဖော်ပြခဲ့ပါသည်။

ယူကရိန်းနိုင်ငံ အစိတ်အပိုင်းအများစုသည် ရုရှားနှင့် ပြန်လည် ပေါင်းစည်းလိုကြောင်းကို လက်ရှိ စစ်ပွဲမြေပြင်အနေအထားက ထင်ရှားစွာ ပြသနေ

ယူကရိန်းနိုင်ငံ အစိတ်အပိုင်းအများစုသည် ရုရှားနှင့် ပြန်လည်ပေါင်းစည်းလိုကြောင်းကို လက်ရှိ စစ်ပွဲမြေပြင်အနေအထားက ထင်ရှားစွာ ပြသနေပြီဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့် ပြောကြားသကဲ့သို့ အမှန်တကယ် မြေပြင်တွင် ဖြစ်နေကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဖေဖော်ဝါရီ၁၁ ရက်တွင် ပြောကြားလိုက်ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသည် တစ်ချိန်ချိန်တွင် ရုရှားဖြစ်လာနိုင်ကြောင်း ပြောကြားလိုက်ပြီးနောက် မကြာမီ ကရင်မလင် က ထုတ်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ကိုးကား- ကရင်မလင်

ဖမ်းဆီးခံထားရသူများကို ပြန်မလွှတ်လျှင် ဟားမက်စ်နှင့်ရရှိထားသည့် အပစ်ခတ်ရပ်စဲရေးအဆုံးသတ်မည်ဟု အစ္စရေးဝန်ကြီးချုပ်သတိပေး

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ အနေဖြင့် ပြန်လွှတ်ပေးရန် ကျန်ရှိနေသူများကို ဖေဖော်ဝါရီ ၁၅ ရက် အထိ ပြန်မလွှတ်ပေးပါက အပစ်ခတ်ရပ်စဲရေးပျက်စီးသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့သည် အမေရိကန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူများကို အပြန်အလှန်ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်းသိရသည်။ 

ပြီးခဲ့သောသီတင်းပတ်သုံးပတ်အတွင်း ဟားမက်စ်အဖွဲ့က ဖမ်းဆီးထား သူ ၂၁ ဦးကိုပြန်လွှတ်ပေးခဲ့ကာ အစ္စရေးအစိုးရကလည်း ဖမ်းဆီးထားသူ ပါလက်စတိုင်း လူမျိုးရာချီ၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက “ဟားမက်စ်အဖွဲ့၏ ကြေညာချက်က သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ပြန်ပေးဆွဲခံရသူများကို ပြန်မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံတိုက်ခိုက် သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နေတန်ရာဟုသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် လုံခြုံရေးအဖွဲ့အစည်းများနှင့် လေးနာရီကြာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဟားမက်စ်အဖွဲ့ကို သတိပေးခဲ့ခြင်းဖြစ်သည်။ ဟားမက်စ်အဖွဲ့က အစ္စရေးသည် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို ကန့်သတ်ခဲ့သလို နေရပ်စွန့်ခွာသူများကိုပြန်ရန် တားဆီးခြင်းများရှိနေကြောင်း လွန်ခဲ့သောရက်ပိုင်းက သတင်း ထုတ်ပြန်ထားသည်။

ကိုးကား-NP News

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဗြိတိန်နှင့် အိုင်ယာလန်သို့ ခရီးစဉ်သွားရောက်၍ အစည်းအဝေးများ တက်ရောက်မည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy၊ အိုင်ယာလန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး၊ ကုန်သွယ်ရေးဝန်ကြီး Simon Harris၊ မြူးနစ်လုံခြုံရေးအစည်းအဝေး ဥက္ကဋ္ဌ Dr.

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy၊ အိုင်ယာလန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး၊ ကုန်သွယ်ရေးဝန်ကြီး Simon Harris၊ မြူးနစ်လုံခြုံရေးအစည်းအဝေး ဥက္ကဋ္ဌ Dr. Christoph Heusgen တို့၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်အတွင်း ဗြိတိန်သို့ ခရီးစဉ်သွားရောက်ကာ ဗြိတိန်နှင့်အတူ ၁၀ ကြိမ်မြောက် တရုတ်-ဗြိတိန် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း၊ အိုင်ယာလန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားရောက်ခြင်း၊ ဂျာမနီနိုင်ငံသို့ သွားရောက်ကာ ၆၁ ကြိမ်မြောက် မြူးနစ်လုံခြုံရေးအစည်းအဝေး တက်ရောက်၍ “တရုတ်သီးသန့်အစည်းအဝေး” တွင် မိန့်ခွန်းပြောကြားသွားမည်ဖြစ်ရာ အစည်းအဝေးခေါင်းစဉ်နှင့် ပေါင်းစပ်၍ အဓိကနိုင်ငံတကာ အရေးကိစ္စများတွင် တရုတ်နိုင်ငံ၏သဘောထားကို မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဖေဖော်ဝါရီလ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် “နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism) လက်တွေ့ဖော်ဆောင်၍ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်း” ခေါင်းစဉ်ဖြင့် လုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေးအား ကျင်းပသွားမည်ဖြစ်ရာ ဝမ်ရိသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ သွားရောက်၍ လုံခြုံရေးကောင်စီအစည်းအဝေးအား ကြီးမှူးကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် G20 အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၊ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး Ronald Lamola ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက်အထိ တောင်အာရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် ကျင်းပမည့် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကိုးကား- ဆင်ဟွာ

ယူနက်စကိုတွင် အမေရိကန် ပါဝင်နေမှုကို စိစစ်တင်ပြရန် ထရမ့် ညွှန်ကြား

အမေရိကန်သည် ကုလသမဂ္ဂနှင့်ဆက်စပ်အေဂျင်စီများသို့ ငွေကြေးအမြောက်အမြား ထောက်ပံ့နေရကြောင်း အမေရိကန်အစိုးရ စွမ်းဆောင်မှုမြှင့်တင်ရေးဌာန (DOGE) ကို ဦးဆောင်သော အီလွန်မက်က ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၄ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) နှင့် ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့ (UNRWA) တို့မှ အမေရိကန် နုတ်ထွက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက် ကုလသမဂ္ဂအေဂျင်စီတစ်ခုဖြစ်သည့် ယူနက်စကိုတွင် အမေရိကန် ပါဝင်နေမှုကို ရက်ပေါင်း ၉၀ အတွင်း သုံးသပ်တင်ပြရန် ညွှန်ကြားလိုက်ပါသည်။ 

ကိုးကား-TASS

တစ်ချိန်တွင် ယူကရိန်းသည် ရုရှားအပိုင် အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဒေါ်နယ်ထရမ့် ပြောကြား

တစ်ချိန်တွင် ယူကရိန်းသည် ရုရှားအပိုင်ဖြစ်လာနိုင်သည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပြီး ယူကရိန်းတွင် အမေရိကန် အစိုးရက ရင်းနှီးမြုပ်နှံထားသည့် ငွေကြေးများအတွက် အပြန်အလှန်အားဖြင့် သဘောတူညီချက်ရယူထားလိုကြောင်း ထရမ့်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

“ယူကရိန်းသည် မြေရှားသတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်ယူနိုင်သော အလွန်အဖိုးတန်သည့် မြေနေရာများ ပိုင်ဆိုင်ထားကြောင်း၊ ယူကရိန်းတွင် ဒေါ်လာဘီလီယံ ရာနှင့်ချီ ရင်းနှီးမြှုပ်နှံထားသဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုများ ခိုင်မာမှုရှိစေရန် မိမိတို့အနေဖြင့်  သဘောတူညီချက် ရယူထားလိုကြောင်း၊ အဆိုပါ သဘောတူညီချက်အား ယူကရိန်းဘက်က လက်ခံမည် သို့မဟုတ် ငြင်းပယ်မည်မှာ မသေချာကြောင်း၊ ထို့ပြင် ယူကရိန်းသည် တစ်ချိန်တွင် ရုရှားအပိုင်ဖြစ်လာနိုင်သကဲ့သို့ ဖြစ်မလာနိုင်သည်လည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုငွေ အားလုံးအတွက် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ တန်ဖိုးရှိသည့် မြေရှားသတ္တုများ ပြန်လိုချင်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍လည်း ယူကရိန်း က သဘောတူထားကြောင်း၊ ထိုသို့ဆောင်ရွက်ထားမှသာ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများ အလဟဿ မဖြစ်နိုင်ကြောင်း” ထရမ့်က ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ယခင်ကလို ငွေကြေးအကူအညီ ဆက်လက် ထောက်ပံ့ပေးသွားမည် မဟုတ်ကြောင်းကို ကိယက်ဗ်အား သတိပေးခဲ့ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။

“မိမိအနေဖြင့် သမ္မတရာထူး ပထမသက်တမ်းကာလပြီးပြီးချင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ဆက်လက် အနိုင်ရခဲ့ပါက ယူကရိန်းတွင် ယခုကဲ့သို့ ပဋိပက္ခ ဖြစ်လာမည်မဟုတ်ကြောင်းနှင့် အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံအား ဟားမားစ်လက်နက်ကိုင်စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်ခဲ့သည့်ကိစ္စများလည်း လုံးဝရှိလာမည်မဟုတ်ကြောင်း” ထရမ့် က ထပ်တလဲလဲ ပြောကြားခဲ့ပါသည်။ 