ရုရှားနှင့်တရုတ်တို့ကြား ဆက်ဆံရေးက မဟာဗျူဟာမြောက်ဆက်ဆံရေးဖြစ်ဟု ပူတင်ပြော

News Image

  • ရုရှားနှင့်တရုတ်တို့ကြား ဆက်ဆံရေးက မဟာဗျူဟာမြောက်ဆက်ဆံရေးဖြစ်ဟု ပူတင်ပြော

မော်စကို၊ သံတမန်ဆက်ဆံရေး

ရုရှားနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးသည် လက်ရှိတွင် မဟာဗျူဟာမြောက်ဆက်ဆံရေးတစ်ရပ်ဖြစ်ကြောင်း   ရုရှားသမ္မတ ဗလာဒီမာပူတင်က မေလ ၄ ရက်တွင် ပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာမငြိမ်မသက်ဖြစ်ပွားနေစဉ်အတွင်း   ရုရှားနှင့်တရုတ်နိုင်ငံတို့သည်      ကမ္ဘာ့တည်ငြိမ်ရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း သမ္မတပူတင်က ပြောကြားခဲ့ကြောင်း ရုရှားရုပ်သံတစ်ခုဖြစ်သည့် Rossiya ကဖော်ပြသည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းများဖြစ်ပြီး နှစ်နိုင်ငံစလုံး၏ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အဓိကအချက်ဖြစ်သည့်ဆက်ဆံရေးကောင်းမွန်မှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။    ထို့ပြင် ကမ္ဘာပေါ်တွင် မငြိမ်မသက်မှုများ ပိုမိုတိုးတက်လာနေစဉ် အတွင်း နှစ်နိုင်ငံစလုံးကြားရှိ ဆက်ဆံရေးကောင်းမွန်ခြင်းသည်  ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးအတွက်    ထိရောက်စွာ အထောက်အကူပြုလျက်ရှိကြောင်း ပူတင်၏ပြောကြားချက်ကိုကိုးကား၍ ရုပ်သံကဖော်ပြသည်။

ထို့ပြင် လာမည့် ၂၅ နှစ်တွင် ဂျီ-၇ နိုင်ငံ၏ ကမ္ဘာ့စီးပွားရေးတွင်   ပါဝင်မှုနှုန်းသည် ဆက်လက်ကျဆင်းလာသောကြောင့် ယင်းနိုင်ငံများ၏ ကမ္ဘာ့အရေးကိစ္စများတွင် ပါဝင်နိုင်သည့် အလားအလာမှာလည်း ကျဆင်းလာနိုင်ပြီး ရုရှားနှင့် တရုတ်နိုင်ငံတို့ပါဝင်သည့် BRICS နိုင်ငံများ၏ အခန်းကဏ္ဍမှာ  ပိုမိုကြီးထွားလာနိုင်ကြောင်း ပူတင်ကဆက်လက်ပြောကြားသည်။

Ref: Iz

Source: https://myawady.net.mm/