သတင်းများ

တရုတ်နှင့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ တယ်လီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ ဇန်နဝါရီ ၂၄ ရက်နေ့တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြ ပါသည်။

တရုတ်နှင့်အမေရိကန် အစိုးရများအနေဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းကာ တည်ငြိမ်ခိုင်မာပြီး ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေးကို တွန်းအားပေးသင့်သည်ဟု Wang က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါသည်။

ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော တရုတ်အစိုးရ၏ သဘောထားကို Wang က ရှင်းပြခဲ့ပြီး အဆိုပါ ပြဿနာကို သတိထားကိုင်တွယ်ရန် အမေရိကန်ပြည်ထောင်စုကို တောင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

အင်အားကြီးနိုင်ငံကြီးများအနေဖြင့် မိမိတို့၏ နိုင်ငံတကာဆိုင်ရာ တာဝန်ဝတ္တရားများကိုထမ်းဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်သင့်သည်ဟု Wang က ပြောကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါမှတ်ချက်သည် “အမေရိကသည် ပထမဦးစားပေး” ဟူသော သဘောထားကို ကိုင်စွဲထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရသစ်ကို ဆက်လက်သတိထားစောင့်ကြည့်နေကြောင်းပြသရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။

Rubio က တရုတ်အစိုးရနှင့် ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြောဆိုရန် ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း တရုတ်ဘက်ကဆိုပါသည်။

Rubio သည် တရုတ်နိုင်ငံအားဆန့်ကျင်သည့် သဘောထားတင်းမာသူအဖြစ် လူသိများပြီး တရုတ်အစိုးရက Rubio အပေါ် နိုင်ငံတွင်းဝင်ရောက်မှုတားမြစ်သည့် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ထားခဲ့ကြောင်း သိရပါသည်။

ထရမ့်ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နှစ်နိုင်ငံအဆင့်မြင့်အရာရှိများသည် သင့်လျော်သည့်နည်းလမ်းများဖြင့် နှစ်နိုင်ငံဆက်ဆံမှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောခဲ့ကြောင်းသိရှိရသည်။

Wang နှင့် ဆွေးနွေးမှုအတွင်း Rubio က ထရမ့် အစိုးရအနေဖြင့် အမေရိကန်၏ အကျိုးစီးပွားတိုးတက်စေပြီး အမေရိကန်ပြည်သူများကို ပထမဦးစားပေးဖြစ်စေမည့် အမေရိကန်-တရုတ် ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါသည်။

Rubio က အာရှပစိဖိတ်ဒေသအတွင်းရှိ အမေရိကန်၏ မဟာမိတ်များအတွက် အမေရိကန်၏ ကတိကဝတ်များကို အလေးပေးပြောကြားခဲ့ပြီး ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်၌ တရုတ်၏ နိုင်ထက်စီးနင်းလုပ်ရပ်များအပေါ်  လွန်စွာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနကပြောပါသည်။

ကိုးကား-NHK World

ယူကရိန်းပဋိပက္ခအလွန် ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ရန် ထရမ့် ဆန္ဒမရှိ

လက်ရှိဖြစ်ပွားနေသော ယူကရိန်း၏ ပဋိပက္ခများ ပြေလည်မှုများရရှိပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရန် ထရမ့်၏ အစိုးရအဖွဲ့က စိတ်ဝင်စားမှုမရှိကြောင်း Bloomberg က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။

ထရမ့်၏ အစိုးရအဖွဲ့သည် နိုင်ငံပြန်လည်တည်ဆောက်ရေးတွင် တိုက်ရိုက်ပါဝင်ရန် ရည်မှန်းထားခြင်းမရှိကြောင်းနှင့် ယင်းတာဝန်ကို ပုဂ္ဂလိကကဏ္ဍမှ ကိုင်တွယ်မည်ဟု အကြီးတန်းသံတမန်တစ်ဦး၏ ပြောဆိုမှုကိုကိုးကား၍ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပဋိပက္ခစတင်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ ကိယက်ဗ်သို့ စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် အသုံးပြုခဲ့ပြီး ဖြစ်စဉ်အလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ထပ်မံပံ့ပိုးမည်ဟုချမှတ်ခဲ့သည့် ဂျိုးဘိုင်ဒင် ဦးဆောင်သော အစိုးရအဖွဲ့၏ မူဝါဒများနှင့် ဆန့်ကျင်လျက်ရှိနေသည်။

ယူကရိန်း၏ စီးပွားရေး လက်ထောက်ဝန်ကြီး Aleksey Sobolev က ရင်းနှီးမြှုပ်နှံသူများအတွက် မဟာဗျူဟာနှင့်ဘဏ္ဍာရေး အကျိုးကျေးဇူးနှစ်မျိုးလုံးကို ဆောင်ကြဉ်းရန် ရည်ရွယ်သည့် ဒေါ်လာ ဘီလီယံ ၅၀၀ တန်ဖိုးရှိသည့် ပြန်လည်တည်ဆောက်ရေးပဏာမအစီအစဉ်ကို အကြမ်းဖျင်း ဖော်ပြခဲ့သည်။

ထရမ့် ဦးဆောင်သောအမေရိကန်အစိုးရအဖွဲ့က ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ် အဆိုပြုချက်တွင် လက်ရှိရှေ့တန်းတစ်လျှောက် အပစ်အခတ်ရပ်စဲရေးနှင့် ဥရောပတပ်များက လုံခြုံရေးစောင့်ကြည့်နေသည့် ၁၃၀၀ ကီလိုမီတာ (မိုင် ၈၀၀) စစ်မဲ့ဇုန် ထူထောင်ရေး တို့ပါဝင်နိုင်သည်။ ထို့အပြင် ယူကရိန်းသည် ၎င်း၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များကို အနည်းဆုံး အနှစ် ၂၀ ရွှေ့ဆိုင်းရန် သဘောတူညီခဲ့ကြောင်းသိရသည်။

ရုရှားကလည်း ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေးအတွက် ထုတ်ပြန်လာမည့် ထရမ့်၏ ညှိနှိုင်းရေးသဘောတူညီချက်များအပေါ် သုံးသပ်၍ စဉ်းစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-RT

အမေရိကန်မှ ပြည်နှင်ဒဏ်ခံရသူများ တင်ဆောင်လာသည့် လေယာဉ် မက္ကဆီကို ဆင်းသက်ခွင့်မပြု

ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်မှ ပြည်နှင်ဒဏ်ခံရသူများ တင်ဆောင်လာသည့် စစ်လေယာဉ်ကို ၎င်း၏ ပိုင်နက်အတွင်းဆင်းသက်ခွင့်ကို မက္ကဆီကိုက ငြင်းဆန်ခဲ့သည်ဟု Reuter သတင်းဌာနက ဇန်နဝါရီ ၂၄ ရက်နေ့တွင်ဖော်ပြခဲ့သည်။

ထရမ့်က အမေရိကန်တောင်ပိုင်းနယ်စပ်ဒေသများတွင် အရေးပေါ်အခြေအနေကြေညာကာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

မက္ကဆီကိုမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်လာသည့် အမေရိကန်စစ်ဘက်လေယာဉ် C 17 ကို မက္ကဆီကိုမှ ဆင်းသက်ခွင့်မပြုခဲ့ခြင်းဖြစ်သည်။

ထိုနေ့တွင်ပင် ဂွာတီမာလာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၈၀ ခန့်ကိုလည်း ပြန်လည်ပို့ဆောင်ခဲ့သည်။

မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက လေယာဉ်ဆင်းသက်ခွင့်မပြုခြင်းနှင့် ပတ်သက်၍ သီးခြားထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ၎င်းတို့နိုင်ငံသည် အမေရိကန်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး ရွှေ့ပြောင်းနေထိုင်သူ ကိစ္စရပ်များအပါအဝင် အခြားကျယ်ပြန့်သောကိစ္စရပ်များကိုလည်း အချုပ်အခြာအာဏာကို လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ နေရပ်ပြန်လာမည့် မက္ကဆီကိုနိုင်ငံသားများကို အမြဲကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားပါသည်။

ထရမ့်က မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းများကို အကြမ်းဖက်အဖွဲ့များအဖြစ်ကြေညာခဲ့ပြီး မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲခဲ့ကာ မက္ကဆီကို သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဟုလည်း ပြောဆိုထားသည်။

ကုလသမဂ္ဂအဖွဲ့အား ဂျူးဆန့်ကျင်ရေးအဖွဲ့အစည်းအဖြစ် အမေရိကန်သံတမန်စွပ်စွဲ

ဝါရှင်တန်   ဇန်နဝါရီ ၂၃

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန်အဖြစ် အမေရိကန်သမ္မတ‌ ဒေါ်နယ်ထရမ့် အဆိုပြုထားသည့် အီလစ်စတီဖာနစ်ခ်သည် အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင်ယှဉ်တွဲနေထိုင်မှုဆိုင်ရာ ဖြေရှင်းချက်အပေါ် ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ကို ဂျူးဆန့်ကျင်ရေးအဖွဲ့အစည်းအဖြစ် စွပ်စွဲခဲ့ကြောင်း သိရသည်။

အီလစ်စတီဖာနစ်ခ်သည် ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသည့် အထက်လွှတ်တော်အစည်းအဝေးတွင် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်။

အလေးပေးပြောကြား

ကုလသမဂ္ဂအဖွဲ့အား ဂျူးဆန့်ကျင်သည့်အဖွဲ့အစည်းအဖြစ် အီလစ်စတီဖာနစ်ခ်က အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး ၎င်း၏ အစ္စရေးလိုလားသော ရပ်တည်ချက်ကို အလေးပေးပြောကြားခဲ့သည်။

အစ္စရေးသည် အနောက်ဘက်ကမ်းတစ်ခုလုံးအတွက် သမ္မာကျမ်းစာဆိုင်ရာအခွင့်အရေးအရ ပိုင်ဆိုင်ခွင့်ရှိသည်ဟု လက်ယာယိမ်းအစ္စရေးနိုင်ငံရေးသမားများ၏ တောင်းဆိုချက်ကို ထောက်ခံကြောင်း အီလစ်စတီဖာနစ်ခ်က ပြောကြားသည်။

အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်တို့ပါဝင်သော အနာဂတ်ပါလက်စတိုင်းနိုင်ငံနှင့်အတူ ပေါင်းစည်းနေထိုင်မည့် အစ္စရေး-ပါလက်စတိုင်း နှစ်ပြည်ထောင် ယှဉ်တွဲနေထိုင်မှု ဖြေရှင်းချက်နှင့်ပတ်သက်ပြီး အီလစ်စတီဖာနစ်ခ်က သဘောထားကွဲလွဲလျက်ရှိသည်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးရရှိရန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်အပါအဝင် အမေရိကန် အုပ်ချုပ်ရေးအဖွဲ့ အများအပြားက ၎င်းအမြင်ကို ဆုပ်ကိုင်လျက်ရှိသည်။

အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့အား ငွေကြေးထောက်ပံ့မှုအများဆုံးပေးသည့် နိုင်ငံဖြစ်သည်။

လက်ရှိတွင် “အမေရိကန်သည်သာ ပထမ” မူဝါဒနှင့်အညီ အမေရိကန်နိုင်ငံနှင့် သဘောထားမတူညီသည့် အဖွဲ့အစည်းအား ငွေကြေးထောက်ပံ့ပေးမှုအပေါ် ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

Source: ကြေးမုံသတင်းစာ

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို ယူကရိန်း စစ်မြေပြင်သို့ ထပ်မံစေလွှတ်ရန် ပြင်ဆင်နေကြောင်း တောင်ကိုရီးယားပြောကြား

မြောက်ကိုရီးယားစစ်သားများ ယူကရိန်းစစ်မြေပြင်တွင် အသေအပျောက်များနေသည်ဟု သတင်းထွက်ပေါ် နေသော်လည်း ထပ်မံစေလွှတ်ရန် ပြင်ဆင်နေကြောင်း တောင်ကိုရီးယားစစ်ဘက်အရာရှိများက ပြောကြားလိုက်ပါသည်။ 

FOX News နှင့် အင်တာဗျူးတစ်ခုတွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို “စမတ်ကျသည့် လူကလေး” ဟု ခေါ်ဝေါ်လိုက်ကာ မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်လာရန် ကြိုးစားသွားမည်ဟုပြောကြားလိုက်ခြင်းကလည်း မြောက်ကိုရီးယားကရုရှားကို ဆက်လက်ထောက်ပံ့ပေးမည့်ကိစ္စမှာ ပိုမို ခိုင်မာလာကြောင်းသုံးသပ်ထားကြသည်။ 

ရုရှားသို့ မြောက်ကိုရီးယားက ယူကရိန်းစစ်မြေပြင်သို့ တပ်ဖွဲ့ဝင် ၁၁,၀၀၀ ခန့်ကို စေလွှတ်လိုက်ပြီး ၄ လ အကြာ ဇန်နဝါရီ ၂၄ရက်နေ့က တောင်ကိုရီးယားက ထုတ်ပြန်လိုက်သည့် ကြေညာချက်တစ်ခုတွင် မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲသို့ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ရန် ပြင်ဆင်နေကြောင်း ဖော်ပြထား ပါသည်။ 

ကိုးကား-The Guardian

CIA ဒါရိုက်တာအသစ် အမေရိကန်အထက်လွှတ်တော် အတည်ပြု

အမေရိကန် အထက်လွှတ်တော်က ဇန်နဝါရီ ၂၃ ရက် တွင် CIA ၏ ဒါရိုက်တာအဖြစ် သမ္မတ Donald Trump ၏ အမည်စာရင်းတင်သွင်းခံရသူ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း John Ratcliffe ကို ထောက်ခံအတည်ပြုခဲ့ကြသည်။

ဒီမိုကရက်ပါတီမှ ၂၀ ဦးနှင့် တစ်သီးပုဂ္ဂလ ၁ ဦးတို့ကလည်း ရီပတ်ပလီကင်ပါတီမှ အမည်စာရင်းတင်သွင်းမှုကို ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၇၄ မဲ၊ ကန့်ကွက်မဲ ၂၅ မဲဖြင့် Ratcliffe ကို CIA ဒါရိုက်တာအဖြစ် အတည်ပြုခဲ့ကြသည်။

ရီပတ်ဗလီကင်အများစုကြီးစိုးသည့် အထက်လွှတ်တော်သည် အမျိုးသားလုံခြုံရေးအဖွဲ့မှစတင်ကာ အုပ်ချုပ်ရေးပိုင်းအတွက် အဓိကရာထူးနေရာများတွင် ထရမ့် အမည်စာရင်းတင်သွင်းသူများကို အတည်ပြုပေးလျက်ရှိသည်။

ရီပတ်ဗလီကင်အမတ်ဟောင်း Marco Rubio အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် ခန့်အပ်ခဲ့သည်။

အမေရိကန်နိုင်ငံ၌ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်အပေါ် ပြည့်နယ်အချို့က တရားစွဲဆို

ဝါရှင်တန်   ဇန်နဝါရီ ၂၃

အမေရိကန်ပြည်ထောင်စုရှိ ဒီမိုကရက်တစ်ဦးဆောင်သော ပြည်နယ် ၂၂ ခုနှင့် အခြားပြည်နယ်များသည် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းရန် သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်အပေါ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံအတွင်း မွေးဖွားသူတိုင်းသည် ၎င်းတို့၏ မိဘများ မည်သည့်နိုင်ငံသားဖြစ်စေ အမေရိကန်နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

လက်မှတ်ရေးထိုး

သို့သော် ၎င်းတို့၏ မိခင်များသည် နိုင်ငံအတွင်း တရားမဝင် သို့မဟုတ် ခေတ္တနေထိုင်သူများဖြစ်ပါက ၎င်းတို့၏ ဖခင်များသည် အမေရိကန်နိုင်ငံသား သို့မဟုတ် တရားဝင်အမြဲတမ်းနေထိုင်သူများ မဟုတ်ပါက အမေရိကန်နိုင်ငံ၌ မွေးဖွားသော ကလေးများအား အလိုအလျောက် နိုင်ငံသားအဖြစ် ခံယူခွင့်မပြုသည့် အမိန့်တစ်ရမ်ကို ထရမ့်က ဇန်နဝါရီ ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတထရမ့်သည် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး တရားရုံးချုပ်မှ အမိန့်စာတစ်ရပ်ထုတ်ပြန်ရန် တောင်းခံခဲ့ကြောင်း ဒီမိုကရက်တစ်ဦးဆောင်သော ပြည်နယ် ၂၂ ခု အပါအဝင် ကိုလံဘီယာခရိုင်နှင့် ဆန်ဖရန်စစ္စကိုမြို့တို့က ပြောကြားသည်။

နယူးဂျာစီပြည်နယ် ရှေ့နေချုပ် မတ်သရူးပလတ်ကင်က အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားသူအားလုံးသည် အမေရိကန်၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိသူများဖြစ်ပြီး အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဆိုပါဥပဒေဆိုင်ရာ ၁၄ ကြိမ်မြောက် ပြင်ဆင်ချက်နှင့် နောက်ဆက်တွဲ တရားရုံးချုပ်၏ စီရင်ထုံးများကို ကိုးကားပြီး ပြောကြားသည်။

ထို့ပြင် အမေရိကန်သမ္မတများတွင် လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ဖက်သတ်ပြန်ရေးနိုင်သည့် အခွင့်အာဏာမရှိကြောင်း မတ်သရူးပလတ်ကင်က ပြောကြားသည်။ 

အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်နိမိတ်ကို ဖြတ်ကျော်လာသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ချက်ချင်းနှင်ထုတ်ရန် ထရမ့် ညွှန်ကြား

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တောင်ပိုင်းနယ်နိမိတ်မှတစ်ဆင့် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို ယာယီရပ်တန့်ရန် အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီလ ၂၂ ရက်တွင် သမ္မတအမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်တွင်းလုံခြုံရေးဌာန၊ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အား အမေရိကန် တောင်ပိုင်းနယ်နိမိတ်ကို ဖြတ်ကျော်လာသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ချက်ချင်းနှင်ထုတ်ရန်၊ နေရပ် ပြန်ပို့ရန်နှင့် ဖယ်ရှားရန် လိုအပ်သည့် လှုပ်ရှားမှုအားလုံး လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

သမ္မတအခွင့်အာဏာကို အသုံးပြုခြင်းဖြင့် ထရမ့်က လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များကို တစ်ဆင့်တိုး ကန့်သတ်ခဲ့ကြောင်း၊ ဤပြဋ္ဌာန်းချက်များသည် မူလက တောင်ပိုင်းနယ်နိမိတ်မှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ဝင်ရောက်သော မည်သည့်တရားမဝင် နိုင်ငံခြားသားများကိုမဆို ဥပမာ ခိုလှုံခွင့် လျှောက်ထားခြင်းသည် အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့်ပြုထားနိုင်ခြေရှိကြောင်း သမ္မတအမိန့်ကြေညာချက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် ထရမ့်သည် အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်သို့ အမေရိကန်စစ်သည် ၁,၅၀၀ ဦး ထပ်တိုးစေလွှတ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း အိမ်ဖြူတော် သတင်းဌာနပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ကပြောကြားခဲ့သည်။ ထရမ့်သည် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင် သမ္မတအမိန့်ကြေညာချက်လက်မှတ်ရေးထိုးကာ တောင်ပိုင်းနယ်နိမိတ်ကို အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး လူပုဂ္ဂိုလ်နှင့်အရင်းအမြစ်ဖြန့်ကျက်မှုကို အားဖြည့်ရန်၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကာအရံများ ထပ်တိုးရန် စသည့် အစီအမံများဆောင်ရွက်ကာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအားလုံး နိုင်ငံအတွင်းသို့ ဝင်ရောက်မှုကို တားဆီးရန် ညွှန်ကြားခဲ့သည်။ ထိုနေ့တွင်ပင် ၎င်းက အခြားသမ္မတအမိန့် ကြေညာချက်တစ်ရပ်လက်မှတ်ရေးထိုးကာ “တရားဥပဒေ၏ တရားဝင်ခွင့်ပြုသည့် အကြီးဆုံးအတိုင်းအတာအတွင်း” ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ဥပဒေကို ချိုးဖောက်မှုသံသယဖြင့် ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို ၎င်းတို့ ပြည်နှင်ခံရသည်အထိ ထိန်းသိမ်းထားပြီး ပြည်ထောင်စုဥပဒေကိုချိုးဖောက်ပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်သော သို့မဟုတ် သောင်တင်နေသော နိုင်ငံခြားသားအားလုံးကို အမြန်ဆုံးနှင်ထုတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ 

ကိုးကား-ဆင်ဟွာ

သမ္မတထရမ့်၏ အရှေ့အလယ်ပိုင်း အထူးသံတမန် လာမည့်အပတ်တွင် အစ္စရေးနှင့် ဆော်ဒီအာရေးဘီးယား သို့ လည်ပတ်မည်

သမ္မတထရမ့်၏ အရှေ့အလယ်ပိုင်း အထူးသံတမန် Steve Witkoff သည် လာမည့်အပတ်တွင် ဆော်ဒီအာရေးဘီးယားသို့ ဦးစွာသွားရောက်လည်ပတ်ပြီးနောက် အစ္စရေးသို့ ဆက်တိုက်သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း အစ္စရေးသတင်းဌာနက ဖော်ပြထားပါသည်။

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်၏ ပထမအဆင့်အဖြစ် အစ္စရေးနှင့် ဟားမက်စ်နှစ်ဖက်အကြား သုံ့ပန်းလဲလှယ်မှုကို ဇန်နဝါရီ ၁၉ ရက်နေ့တွင် လုပ်ဆောင်ပြီးနောက် နှစ်ဖက်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယအဆင့်၏သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်မှုရှိ၊ မရှိကို အထူးသံတမန်က စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြထားပါသည်။ 

ကိုးကား -Aljazerra

ရုရှားက အမေရိကန်နှင့် လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်လိုကြောင်းပြော

မော်စကိုက အမေရိကန်နှင့် လက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲများကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လည် စတင်လိုကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇန်နဝါရီ ၂၄ ရက်တွင် ပြောဆိုခဲ့ပါသည်။

အမေရိကန်သည် မော်စကိုနှင့် ဆွေးနွေးမှုများကို တစ်ဖက်သတ်ရပ်ဆိုင်းခဲ့ခြင်းသည် လက်နက်ထိန်းချုပ်မှုဆိုင်ရာမူဝါဒများအတွက် သိသာစွာအားနည်းစေခဲ့ပြီး ထိုအချင်းအရာကို ရုရှားကပြုမူခဲ့ခြင်းမဟုတ်ဘဲ အမေရိကန်ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးနှင့် ၎င်းတို့နိုင်ငံများ၏ အကျိုးစီးပွားများအတွက် စေ့စပ်ညှိနှိုင်းခြင်းလုပ်ငန်းစဉ်များကို တတ်နိုင်သမျှအမြန်ဆုံးပြန်လည်စတင်ရန် စိတ်အား ထက်သန်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပြီး လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအရ နျူကလီးယားလက်နက်များကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသင့်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါသည်။

ဇန်နဝါရီ ၂၃ ရက်နေ့က Devos ၌ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်နယ်ထရမ့်က ရုရှား၊ တရုတ်တို့နှင့် တွေ့ဆုံဆွေးနွေးရန်မျှော်လင့်ကြောင်း ပြောဆိုခဲ့ပြီးနောက် Peskov က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် အမေရိကန်တို့သည် ၎င်းတို့၏ တပ်ဖြန့်ချထားသော မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများကို လျှော့ချရန်သဘောတူညီမှုဖြစ်သည့် New START ဟုခေါ်သော လက်နက်ထိန်းချုပ်ရေးစာချုပ်တွင် ယခင်က သဘောတူညီထားခဲ့သော်လည်း ယူကရိန်းအတွက် ဝါရှင်တန်၏ စစ်ရေးပံ့ပိုးမှုကြောင့် မော်စကိုက ၎င်း၏ ပါဝင်မှုကို ၂၀၂၃ ခုနှစ်တွင် ဆိုင်းငံ့ထားခဲ့သည်။ ရုရှား သည် စာချုပ်ပါကန့်သတ်ချက်များကို ဆက်လက် လိုက်နာသွားမည်ဟု ပြောကြားခဲ့ပြီး သမ္မတပူတင်က နျူလက်နက်အသုံးပြုမှုသည် နောက်ဆုံးနည်းလမ်းဖြစ်ကြောင်း အကြိမ်ကြိမ် အလေးပေး ပြောကြားခဲ့သည်။ 