သမ္မတထရမ့်၏ အရှေ့အလယ်ပိုင်း အထူးသံတမန် လာမည့်အပတ်တွင် အစ္စရေးနှင့် ဆော်ဒီအာရေးဘီးယား သို့ လည်ပတ်မည်
သမ္မတထရမ့်၏ အရှေ့အလယ်ပိုင်း အထူးသံတမန် Steve Witkoff သည် လာမည့်အပတ်တွင် ဆော်ဒီအာရေးဘီးယားသို့ ဦးစွာသွားရောက်လည်ပတ်ပြီးနောက် အစ္စရေးသို့ ဆက်တိုက်သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း အစ္စရေးသတင်းဌာနက ဖော်ပြထားပါသည်။
အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်၏ ပထမအဆင့်အဖြစ် အစ္စရေးနှင့် ဟားမက်စ်နှစ်ဖက်အကြား သုံ့ပန်းလဲလှယ်မှုကို ဇန်နဝါရီ ၁၉ ရက်နေ့တွင် လုပ်ဆောင်ပြီးနောက် နှစ်ဖက်နိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယအဆင့်၏သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်မှုရှိ၊ မရှိကို အထူးသံတမန်က စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြထားပါသည်။
ကိုးကား -Aljazerra
MM-News-Category